Zawgyi

Apple ကေန အခုအခ်ိန္မွာ Intel ရဲ႕ 5G Modem Business အကုန္လံုးနီးပါးကို ေဒၚလာ ၁ ဘီလီယံနဲ႔ အျပီးပုိင္ဝယ္ယူလုိက္ျပီျဖစ္ပါတယ္။ အခုလုိမ်ိဳး ဝယ္ယူလုိက္တဲ့အတြက္ Apple အေနနဲ႔လည္း Intel ရဲ႕ 5G Modem နဲ႔ သက္ဆုိင္တဲ့ဝန္ထမ္းေပါင္း ၂,၂၀၀ ဝန္းက်င္အျပင္ မူပိုင္ခြင့္ေပါင္း ေထာင္နဲ႔ခ်ီျပီး ပုိင္ဆိုင္သြားျပီလည္းျဖစ္ပါတယ္။

ဒါက Apple အတြက္ သူ႔ရဲ႕ iPhone အပါအဝင္ iDevice ေတြမွာ 5G ကိုအသံုးျပဳႏုိင္ဖုိ႔အတြက္ ၾကီးမားတဲ့တြန္းအားတစ္ခုျဖစ္လာျပီးေတာ့ ၾကည့္ရတာ Apple အေနနဲ႔လည္း ဒီလုိမ်ိဳး ကိုယ္ပိုင္ 5G Modem ထုတ္လုပ္ႏုိင္ဖုိ႔ကို အသည္းအသန္ၾကိဳးစားသြားေတာ့မယ့္ပံုစံပါပဲ။

ဘာေၾကာင့္လဲဆုိ၇င္ Reuters ရဲ႕ ေျပာၾကားခ်က္အရ Apple ဟာ လာမယ့္ ၂၀၂၁ ခုႏွစ္မွာ ထြက္ရွိလာမယ့္ Apple Device ေတြမွာ ကိုယ္ပိုင္ Internally ထုတ္လုပ္ထားတဲ့ 5G Modem ေတြကို အသံုးျပဳဖုိ႔အတြက္ ရည္ရြယ္ထားတယ္လုိ႔ သတင္းရရွိထားတာေၾကာင့္ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခုမေသခ်ာတာကေတာ့ ၂၀၂၁ မတုိင္ခင္မွာေရာ 5G Modem ကို စျပီးအသံုးျပဳလာမလားဆိုတာပါ။

လက္ရွိအခ်ိန္မွာဆုိရင္လည္း ေစ်းကြက္ထဲမွာေတာင္ စတင္ေရာင္းခ်ေနျပီျဖစ္တဲ့ Android Flagship ဖုန္းအမ်ားစုမွာ 5G Version ေတြရွိေနၾကျပီျဖစ္ျပီးေတာ့ Qualcomm ကိုယ္တုိင္ကလည္း ဒီႏွစ္မွာတင္ Android ဖုန္းထုတ္လုပ္သူေတြအကုန္လံုးမွာ 5G Version အနည္းဆံုး တစ္ခုစီရွိလာမယ္လုိ႔ ေျပာၾကားထားတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Apple အတြက္ ဒီႏွစ္မွာ ထြက္ရွိလာမယ့္ iPhone 11 Series ေတြက 5G ကို Support မေပးႏုိင္ေသးေတာ့ ေနာက္က်ေနျပီလုိ႔ေတာင္ ေျပာရမွာပါ။

ဒါေပမယ့္လည္း တစ္ခ်ိဳ႕သတင္းေတြအရေတာ့ Apple က ေနာက္ႏွစ္ ၂၀၂၀ မွာမိတ္ဆက္သြားမယ့္ iPhone ေတြထဲက အနည္းဆံုး ၂ မ်ိဳးေလာက္ကိုေတာ့ Qualcomm ရဲ႕ 5G Modem ကို အသံုးျပဳလာမယ္လုိ႔ သိထားရျပီး ေနာက္မွပဲ ကိုယ္ပိုင္ 5G Modem ကိုေျပာင္းသံုးမယ့္ပံုစံပါပဲ။

Ref – Phone Arena

Unicode

Apple ကနေ အခုအချိန်မှာ Intel ရဲ့ 5G Modem Business အကုန်လုံးနီးပါးကို ဒေါ်လာ ၁ ဘီလီယံနဲ့ အပြီးပိုင်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။ အခုလိုမျိုး ဝယ်ယူလိုက်တဲ့အတွက် Apple အနေနဲ့လည်း Intel ရဲ့ 5G Modem နဲ့ သက်ဆိုင်တဲ့ဝန်ထမ်းပေါင်း ၂,၂၀၀ ဝန်းကျင်အပြင် မူပိုင်ခွင့်ပေါင်း ထောင်နဲ့ချီပြီး ပိုင်ဆိုင်သွားပြီလည်းဖြစ်ပါတယ်။

ဒါက Apple အတွက် သူ့ရဲ့ iPhone အပါအဝင် iDevice တွေမှာ 5G ကိုအသုံးပြုနိုင်ဖို့အတွက် ကြီးမားတဲ့တွန်းအားတစ်ခုဖြစ်လာပြီးတော့ ကြည့်ရတာ Apple အနေနဲ့လည်း ဒီလိုမျိုး ကိုယ်ပိုင် 5G Modem ထုတ်လုပ်နိုင်ဖို့ကို အသည်းအသန်ကြိုးစားသွားတော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆို၇င် Reuters ရဲ့ ပြောကြားချက်အရ Apple ဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ထွက်ရှိလာမယ့် Apple Device တွေမှာ ကိုယ်ပိုင် Internally ထုတ်လုပ်ထားတဲ့ 5G Modem တွေကို အသုံးပြုဖို့အတွက် ရည်ရွယ်ထားတယ်လို့ သတင်းရရှိထားတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုမသေချာတာကတော့ ၂၀၂၁ မတိုင်ခင်မှာရော Apple က Qualcomm ဆီက 5G Modem ကိုသုံးပြီး iPhone တွေမှာ ထည့်သွင်းလာမလား၊ ဒါမှမဟုတ် ၂၀၂၁ မှ ကိုယ်ပိုင် 5G Modem ကို စပြီးအသုံးပြုလာမလားဆိုတာပါ။

လက်ရှိအချိန်မှာဆိုရင်လည်း ဈေးကွက်ထဲမှာတောင် စတင်ရောင်းချနေပြီဖြစ်တဲ့ Android Flagship ဖုန်းအများစုမှာ 5G Version တွေရှိနေကြပြီဖြစ်ပြီးတော့ Qualcomm ကိုယ်တိုင်ကလည်း ဒီနှစ်မှာတင် Android ဖုန်းထုတ်လုပ်သူတွေအကုန်လုံးမှာ 5G Version အနည်းဆုံး တစ်ခုစီရှိလာမယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Apple အတွက် ဒီနှစ်မှာ ထွက်ရှိလာမယ့် iPhone 11 Series တွေက 5G ကို Support မပေးနိုင်သေးတော့ နောက်ကျနေပြီလို့တောင် ပြောရမှာပါ။

ဒါပေမယ့်လည်း တစ်ချို့သတင်းတွေအရတော့ Apple က နောက်နှစ် ၂၀၂၀ မှာမိတ်ဆက်သွားမယ့် iPhone တွေထဲက အနည်းဆုံး ၂ မျိုးလောက်ကိုတော့ Qualcomm ရဲ့ 5G Modem ကို အသုံးပြုလာမယ်လို့ သိထားရပြီးတော့ နောက်မှပဲ ကိုယ်ပိုင် 5G Modem ကိုပြောင်းသုံးမယ့်ပုံစံပါပဲ။

Ref – Phone Arena