Zawgyi

Qualcomm ကေန Gaming ပုိင္းကို ဦးစားေပးတဲ့ Snapdragon 730G နဲ႔ Snapdragon 855+ Processor ေတြကို ဆက္တုိက္ထုတ္ျပေနခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ MediaTek ရဲ႕ ပထမဆံုး Gaming Processor ကိုပါ ျမင္ေတြ႕ရေတာ့မွာပါ။

အခု MediaTek ကေန မိတ္ဆက္မယ့္ Gaming Processor ကိုေတာ့ Helio G90 လုိ႔ နာမည္ေပးထားျပီး Snapdragon ရဲ႕ Gaming Processor ေတြနဲ႔ တုိက္ရုိက္ယွဥ္ျပိဳင္လာမွာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ MediaTek ကေန ဒီ Helio G90 Processor ကို လာမယ့္ ဇူလုိင္လ ၃၀ ရက္ေန႔မွာ မိတ္ဆက္သြားမယ္ဆုိတာကို အတည္ျပဳလုိက္ျပီျဖစ္ပါတယ္။

MediaTek ရဲ႕ Helio G90 Processor အေၾကာင္းကို အေသးစိတ္မသိရွိရေသးေပမယ့္ လက္ရွိသိထားရတဲ့သတင္းေတြအရ Octa-Core Processor အမ်ိဳးအစားျဖစ္လာမွာျဖစ္ျပီး 12nm Architecture ကို အေျခခံထားမွာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Snapdragon 855+ ထက္ Mid Range Gaming Processor ျဖစ္လာဖုိ႔ ပိုရာခုိင္ႏႈနး္မ်ားေနပါတယ္။

ဒါေပမယ့္ Gaming အတြက္ အေရးၾကီးတဲ့ GPU ပုိင္းမွာေတာ့ အခုအခ်ိန္အထိ ဘာသတင္းမွမသိရွိရေသးပါဘူး။ MediaTek ဟာ ပံုမွန္အားျဖင့္ Mali နဲ႔ PowerVR GPU ေတြကို မွီခုိတတ္တဲ့အတြက္ အဆုိပါ GPU ေတြထဲက တစ္ခုကိုပဲ အသံုးျပဳလာႏုိင္ပါတယ္။

အခု MediaTek ရဲ႕ Helio G90 Gaming Processor သံုးထားတဲ့ဖုန္းေတြကိုေတာ့ လာမယ့္ ၂၀၁၉ ႏွစ္ကုန္ပိုင္းေလာက္မွာ စတင္ျမင္ေတြ႕ရဖုိ႔ရွိေနပါတယ္။

Ref – GSM Arena

Unicode

Qualcomm ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Gaming ပိုင်းကို ဦးစားပေးတဲ့ Snapdragon 730G နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Gaming Phone တွေအတွက် Snapdragon 855+ Processor တွေကို ဆက်တိုက်ထုတ်ပြနေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ MediaTek ရဲ့ ပထမဆုံး Gaming Processor ကိုပါ မြင်တွေ့ရတော့မှာပါ။

အခု MediaTek ကနေ မိတ်ဆက်မယ့် Gaming Processor ကိုတော့ Helio G90 လို့ နာမည်ပေးထားပြီးတော့ Snapdragon ရဲ့ Gaming Processor တွေနဲ့ တိုက်ရိုက်ယှဉ်ပြိုင်လာမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ MediaTek ကနေ ဒီ Helio G90 Processor ကို လာမယ့် ဇူလိုင်လ ၃၀ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုတာကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အခု MediaTek ရဲ့ Helio G90 Processor အကြောင်းကတော့ အသေးစိတ်မသိရှိရသေးပေမယ့် လက်ရှိသိထားရတဲ့သတင်းတွေအရ Octa-Core Processor အမျိုးအစားဖြစ်လာမှာဖြစ်ပြီး 12nm Architecture ကို အခြေခံထားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Snapdragon 855+ ထက် Mid Range Gaming Processor ဖြစ်လာဖို့ ပိုရာခိုင်နှုန်းများနေပါတယ်။

ဒါပေမယ့် Gaming အတွက် အရေးကြီးတဲ့ GPU ပိုင်းမှာတော့ အခုအချိန်အထိ ဘာသတင်းမှမသိရှိရသေးပါဘူး. MediaTek ဟာ ပုံမှန်အားဖြင့် Mali နဲ့ PowerVR GPU တွေကို မှီခိုတတ်တဲ့အတွက် အဆိုပါ GPU တွေထဲက တစ်ခုကိုပဲ အသုံးပြုလာနိုင်ပါတယ်။

အခု MediaTek ရဲ့ Helio G90 Gaming Processor သုံးထားတဲ့ဖုန်းတွေကိုတော့ လာမယ့် ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာ စတင်မြင်တွေ့ရဖို့ရှိနေပါတယ်။

Ref – GSM Arena