Zawgyi
Samsung ကေန Galaxy Note 10 Series စမတ္ဖုန္းေတြကို လာမယ့္ ၾသဂုတ္လ ၇ ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မွာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Galaxy Note 10 Series ဖုန္းေတြထဲက Galaxy Note 10+ ရဲ႕ သတင္းအခ်ိဳ႕ေပါက္ၾကားလာျပီး လံုးဝ Full Screen Experience ကို လုိခ်င္တဲ့သူေတြအၾကိဳက္ျဖစ္လာႏုိင္ပါတယ္။
အခုသတင္းကို နာမည္ၾကီး Leakster တစ္ေယာက္ျဖစ္တဲ့ Ice Universe ကေန Ishan Argawal က ဖန္တီးထားတဲ့ Render ပံုေတြနဲ႔အတူ ေဖာ္ျပခဲ့တာျဖစ္ျပီးေတာ့ Galaxy Note 10+ စမတ္ဖုန္းဟာ Screen-to-Body Ratio 92.5% အထိရွိလာမွာျဖစ္ပါတယ္။
ဒီ Screen-to-Body Ratio ဟာ လက္ရွိထြက္ထားသမွ်စမတ္ဖုန္းေတြထဲမွာ အမ်ားဆံုးျဖစ္လာသလုိ Waterdrop Notch နဲ႔ Huawei P30 Pro ရဲ႕ 88.5% Screen-to-Body Ratio ထက္ေရာ၊ Pop-up Selfie Camera နဲ႔ OnePlus 7 Pro ရဲ႕ 88.4% Screen-to-Body Ratio ထက္ေရာ သိသိသာသာကို မ်ားျပားေနတာျဖစ္ပါတယ္။ Samsung အေနနဲ႔ အခုလုိမ်ိဳး Record-breaking Screen-to-Body Ratio ကိုရရွိေအာင္ Display ရဲ႕ အေပၚဘက္အလယ္မွာ Infinity-O Selfie Camera Hole ကလြဲျပီး က်န္တဲ့ေနရာအကုန္လံုးနီးပါးကို Display ျဖစ္ေနေအာင္ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
ဒီ Galaxy Note 10+ က Screen-to-Body Ratio 92.5% ရွိလာမွာျဖစ္သလုိပဲ ပံုမွန္ Galaxy Note 10 ဖုန္းကလည္း Screen-to-Body Ratio 91% အထိရွိမွာျဖစ္တဲ့အတြက္ ေတာ္ေတာ္ေလးကို အထင္ၾကီးစရာေကာင္းေနျပန္ပါတယ္။
Bezels ေတြရဲ႕ အတုိင္းအတာအရဆုိရင္ Galaxy Note 10+ ဖုန္းရဲ႕ ေဘးေဘာင္ေတြက 1.5mm ၊ အေပၚဘက္ေဘာင္က 2mm နဲ႔ ေအာက္ဖက္ေဘာင္က 3.7mm ပဲရွိေနမွာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဖုန္းအရြယ္အစားအရမ္းမၾကီးဘဲနဲ႔ 6.8″ Quad HD+ AMOLED Display ကို ထည့္သြင္းေပးႏုိင္တာလည္း မဆန္းပါဘူး။
Ref – Phone Arena
Unicode
Samsung ကနေ Galaxy Note 10 Series စမတ်ဖုန်းတွေကို လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အခုမိတ်ဆက်လာမယ့် Galaxy Note 10 Series ဖုန်းတွေထဲက Galaxy Note 10+ ရဲ့ သတင်းအချို့ပေါက်ကြားလာပြီး လုံးဝ Full Screen Experience ကို လိုချင်တဲ့သူတွေအကြိုက်ဖြစ်လာနိုင်ပါတယ်။
အခုသတင်းကို နာမည်ကြီး Leakster တစ်ယောက်ဖြစ်တဲ့ Ice Universe ကနေ Ishan Argawal က ဖန်တီးထားတဲ့ Render ပုံတွေနဲ့အတူ ဖော်ပြခဲ့တာဖြစ်ပြီးတော့ Galaxy Note 10+ စမတ်ဖုန်းဟာ Screen-to-Body Ratio 92.5% အထိရှိလာမှာဖြစ်ပါတယ်။
ဒီ Screen-to-Body Ratio ဟာ လက်ရှိထွက်ထားသမျှစမတ်ဖုန်းတွေထဲမှာ အများဆုံးဖြစ်လာသလို Waterdrop Notch နဲ့ Huawei P30 Pro ရဲ့ 88.5% Screen-to-Body Ratio ထက်ရော၊ Pop-up Selfie Camera နဲ့ OnePlus 7 Pro ရဲ့ 88.4% Screen-to-Body Ratio ထက်ရော သိသိသာသာကို များပြားနေတာဖြစ်ပါတယ်။ Samsung အနေနဲ့ အခုလိုမျိုး Record-breaking Screen-to-Body ကိုရရှိအောင် Display ရဲ့ အပေါ်ဘက်အလယ်မှာ Infinity-O Selfie Camera Hole ကလွဲပြီး ကျန်တဲ့နေရာအကုန်လုံးကို Display ဖြစ်နေအောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီ Galaxy Note 10+ က Screen-to-Body Ratio 92.5% ရှိလာမှာဖြစ်သလိုပဲ ပုံမှန် Galaxy Note 10 ဖုန်းကလည်း Screen-to-Body Ratio 91% အထိရှိမှာဖြစ်တဲ့အတွက် တော်တော်လေးကို အထင်ကြီးစရာကောင်းနေပြန်ပါတယ်။
Bezels တွေရဲ့ အတိုင်းအတာအရဆိုရင် Galaxy Note 10+ ဖုန်းရဲ့ ဘေးဘောင်တွေက 1.5mm ၊ အပေါ်ဘက်ဘောင်က 2mm နဲ့ အောက်ဖက်ဘောင်က 3.7mm ပဲရှိနေမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဖုန်းအရွယ်အစားအရမ်းမကြီးဘဲနဲ့ 6.8″ Quad HD+ AMOLED Display ကို ထည့်သွင်းပေးနိုင်တာလည်း မဆန်းပါဘူး။
Ref – Phone Arena