[Zawgyi]

ျပင္သစ္ လူမ်ိဳး Franky Zapata ဟာ Flyboard နဲ႔ အဂၤလိပ္ ေရလက္ၾကားကို ျဖတ္သန္းျပႏိုင္တဲ့ ပထမဆံုး လူသား ျဖစ္လာပါတယ္။ သူဟာ Calais အနီးမွ Sangatte ကေန စတင္ ထြက္ခြာခဲ့ၿပီး Dover မွ St Margaret’s Bay မွာ ခရီးစဥ္ကို အဆံုးသတ္ခဲ့ပါတယ္။ Flyboard မွာ ဂ်က္အင္ဂ်င္ ထည့္သြင္းထားပါတယ္။ ေက်ာပိုးအိတ္မွာ ေလာင္စာဆီ တစ္မ်ိဳးျဖစ္တဲ့ Kerosene ေတြ သိုေလွာင္ထားပါတယ္။ Flyboard နဲ႔ ၂၂ မိုင္ခရီးကို ၂၂ မိနစ္အတြင္းမွာ ပ်ံသန္းႏုိင္ခဲ့ပါတယ္။

Zapata က “ အဲဒီ ယာဥ္ပ်ံကို ၿပီးခဲ့တဲ့ ၃ ႏွစ္က တီထြင္ခဲ့ပါတယ္။ အခုေတာ့ အဂၤလိပ္ ေရလက္ၾကားကို ျဖတ္သန္းႏိုင္ခဲ့ပါၿပီ။ အရမ္းကို မိုက္ပါတယ္။ ဒါဟာ သမိုင္း၀င္ ျဖစ္ရပ္ တစ္ခု ဟုတ္၊ မဟုတ္ကို ကြ်န္ေတာ္ ဆံုးျဖတ္မွာ မဟုတ္ပါဘူး။ အခ်ိန္က ေျပာပါလိမ့္မယ္။ “ လို႔ သတင္းသမားေတြကို ေျပာပါတယ္။ အဲဒီေနာက္မွာ သူ႔ေအာင္ျမင္မႈအတြက္ ၀မ္းသာလြန္းလို႔ မ်က္ရည္ေတြေတာင္ က်ခဲ့ပါတယ္။

သူက အျမန္ဆံုး အေနနဲ႔ တစ္နာရီကို ၁၇၀ ကီလိုမီတာ ( ၁၀၆ မိုင္) အထိ ပ်ံသန္းႏုိင္ခဲ့တယ္လို႔ ေျပာပါတယ္။ ပံ်သန္းေနခ်ိန္မွာ အႀကီးမားဆံုး စိန္ေခၚမႈက ေလာင္စာဆီ ျဖည့္ဖို႔ ေက်ာပိုးအိတ္ကို ေျပာင္းရတဲ့ အခ်ိန္ ျဖစ္ပါတယ္။ အရင္တစ္ေခါက္ ပ်ံသန္းမႈမွာေတာ့ ေလာင္စာဆီ ပါတဲ့ ဒုတိယ ေက်ာပိုးအိတ္ သယ္လာတဲ့ ေမာ္ေတာ္ဘုတ္ မေရာက္လာခင္မွာ သူ ပင္လယ္ထဲ ျပဳတ္က်ခဲ့ပါတယ္။

Zapata ဟာ ၿပီးခဲ့တဲ့ လက ပဲရစ္စ္မွာ က်င္းပခဲ့တဲ့ Bastille Day စစ္ေရးျပ အခမ္းအနားမွာ သူ႔ရဲ႕ Flyboard ကို စီးနင္းျပသခဲ့ပါတယ္။ သူ႔ရဲ႕ Flyboard ကို လူေတြရဲ႕ စိတ္၀င္စားမႈကလည္း ျမင့္တက္လာခဲ့ပါတယ္။ ျပင္သစ္စစ္တပ္က အဲဒီ နည္းပညာကို တိုးတက္ေအာင္ ျပဳလုပ္ဖို႔အတြက္ သူ႔ရဲ႕ ကုမၸဏီ ျဖစ္တဲ့ Z-AIR မွာ ယူရို ၁.၃ သန္း ရင္းႏွီးျမွပ္ႏွံခြင့္ကို မၾကာခင္က သေဘာတူခဲ့ပါတယ္။

Ref : bbc

[Unicode]

Flyboard နဲ့ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်သန်းပြလိုက်တဲ့ ပြင်သစ် လူမျိုး

ပြင်သစ် လူမျိုး Franky Zapata ဟာ Flyboard နဲ့ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်သန်းပြနိုင်တဲ့ ပထမဆုံး လူသား ဖြစ်လာပါတယ်။ သူဟာ Calais အနီးမှ Sangatte ကနေ စတင် ထွက်ခွာခဲ့ပြီး Dover မှ St Margaret’s Bay မှာ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ Flyboard မှာ ဂျက်အင်ဂျင် ထည့်သွင်းထားပါတယ်။ ကျောပိုးအိတ်မှာ လောင်စာဆီ တစ်မျိုးဖြစ်တဲ့ Kerosene တွေ သိုလှောင်ထားပါတယ်။ Flyboard နဲ့ ၂၂ မိုင်ခရီးကို ၂၂ မိနစ်အတွင်းမှာ ပျံသန်းနိုင်ခဲ့ပါတယ်။

Zapata က “ အဲဒီ ယာဉ်ပျံကို ပြီးခဲ့တဲ့ ၃ နှစ်က တီထွင်ခဲ့ပါတယ်။ အခုတော့ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်သန်းနိုင်ခဲ့ပါပြီ။ အရမ်းကို မိုက်ပါတယ်။ ဒါဟာ သမိုင်းဝင် ဖြစ်ရပ် တစ်ခု ဟုတ်၊ မဟုတ်ကို ကျွန်တော် ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ အချိန်က ပြောပါလိမ့်မယ်။ “ လို့ သတင်းသမားတွေကို ပြောပါတယ်။ အဲဒီနောက်မှာ သူ့အောင်မြင်မှုအတွက် ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျခဲ့ပါတယ်။

သူက အမြန်ဆုံး အနေနဲ့ တစ်နာရီကို ၁၇၀ ကီလိုမီတာ ( ၁၀၆ မိုင်) အထိ ပျံသန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ပံျသန်းနေချိန်မှာ အကြီးမားဆုံး စိန်ခေါ်မှုက လောင်စာဆီ ဖြည့်ဖို့ ကျောပိုးအိတ်ကို ပြောင်းရတဲ့ အချိန် ဖြစ်ပါတယ်။ အရင်တစ်ခေါက် ပျံသန်းမှုမှာတော့ လောင်စာဆီ ပါတဲ့ ဒုတိယ ကျောပိုးအိတ် သယ်လာတဲ့ မော်တော်ဘုတ် မရောက်လာခင်မှာ သူ ပင်လယ်ထဲ ပြုတ်ကျခဲ့ပါတယ်။

Zapata ဟာ ပြီးခဲ့တဲ့ လက ပဲရစ်စ်မှာ ကျင်းပခဲ့တဲ့ Bastille Day စစ်ရေးပြ အခမ်းအနားမှာ သူ့ရဲ့ Flyboard ကို စီးနင်းပြသခဲ့ပါတယ်။ သူ့ရဲ့ Flyboard ကို လူတွေရဲ့ စိတ်ဝင်စားမှုကလည်း မြင့်တက်လာခဲ့ပါတယ်။ ပြင်သစ်စစ်တပ်က အဲဒီ နည်းပညာကို တိုးတက်အောင် ပြုလုပ်ဖို့အတွက် သူ့ရဲ့ ကုမ္ပဏီ ဖြစ်တဲ့ Z-AIR မှာ ယူရို ၁.၃ သန်း ရင်းနှီးမြှပ်နှံခွင့်ကို မကြာခင်က သဘောတူခဲ့ပါတယ်။

Ref : bbc