Zawgyi

Nokia ကေန အခုေနာက္ပိုင္းမိတ္ဆက္တဲ့ စမတ္ဖုန္းေတြက Google ရဲ႕ Android One Program ကို အသုံးျပဳေနတာျဖစ္တဲ့အတြက္ လုံးဝ Stock Android Experience ကို ခံစားႏိုင္တဲ့ စမတ္ဖုန္းေတြလည္း ျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ HMD Global ကေန Nokia စမတ္ဖုန္းေတြအေနနဲ႔ ဘယ္အခ်ိန္မွာ Android 10 ကို Update ျပဳလုပ္ႏိုင္မလဲဆိုတဲ့ Roadmap ကို ထုတ္ျပန္လိုက္ပါၿပီ။

Nokia စမတ္ဖုန္းေတြက ယခင္ထဲက Android Update ကို Google Pixel ဖုန္းေတြၿပီးရင္ အေစာဆုံး Update ရရွိေနတဲ့ စမတ္ဖုန္းေတြအျဖစ္လူသိမ်ားေနၿပီး ျဖစ္သလို ယခုထြက္ရွိလာတဲ့ Roadmap အရလည္း ဒီႏွစ္မကုန္ခင္မွာတင္ Android 10 ကို ဖုန္းေတာ္ေတာ္မ်ားမ်ားအတြက္ Update လုပ္ေပးဖို႔ရွိေနပါတယ္။

ဒီႏွစ္မကုန္ခင္မွာ Android 10 ကို Update လုပ္ႏိုင္မယ့္ဖုန္းေတြကေတာ့ အရင္ဆုံးအေနနဲ႔ Nokia 7.1 ၊ Nokia 8.1 နဲ႔ Nokia 9 PureView စမတ္ဖုန္းေတြအရင္ရရွိမွာျဖစ္ၿပီး ႏွစ္ကုန္ပိုင္းမွာ Nokia 6.1 ၊ Nokia 6.1 Plus နဲ႔ Nokia 7 Plus စမတ္ဖုန္းေတြကို Update ထုတ္ေပးသြားမွာျဖစ္ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ က်န္ရွိေနတဲ့ Nokia 1 Plus ၊ Nokia 5.1 Plus နဲ႔ Nokia 8 Sirocco လိုဖုန္းေတြကိုလည္း လာမယ့္ ၂၀၂၀ ခုႏွစ္ ပထမ ၃ လပတ္မွာ Update လုပ္ေပးမယ့္အျပင္ ထြက္ရွိတာၾကာၿပီျဖစ္တဲ့ Nokia 2.1 ၊ Nokia 3.1 ၊ Nokia 5.1 နဲ႔ Nokia 1 လိုမ်ိဳး Mid Range နဲ႔ Budget ဖုန္းေတြကလည္း ၂၀၂၀ ခုႏွစ္ ဒုတိယ ၃ လပတ္မွာ Update ရရွိမွာပဲျဖစ္ပါတယ္။

Nokia အေနနဲ႔ အခုလိုမ်ိဳး လာမယ့္အခ်ိန္တိုအတြင္းမွာတင္ လက္ရွိေရာင္းခ်ေနတဲ့ စမတ္ဖုန္း ၁၇ မ်ိဳးလုံးအတြက္ Android 10 Update ရရွိမယ့္အခ်ိန္ကို Google က Android Q က Android 10 ျဖစ္လာမယ္လို႔ အတည္ျပဳၿပီးတာနဲ႔ ခ်က္ခ်င္းထုတ္ျပႏိုင္တာက စမတ္ဖုန္းထုတ္လုပ္သူေတြထဲမွာ ေတာ္ေတာ္ေလးကို အထင္ႀကီးဖို႔ေကာင္းေနပါတယ္။ ယခင္ Android 9 Pie Update တုန္းကလည္း HMD Global က ကတိေပးထားခဲ့တဲ့အတိုင္း ေရာင္းခ်ေနသမွ် Nokia ဖုန္းေတြအကုန္လုံးကို အခ်ိန္မွန္ Update ေပးႏိုင္ခဲ့တဲ့အတြက္ အခုအခ်ိန္မွာလည္း Android 10 ကို ေျပာတဲ့အခ်ိန္မွာ Update ရဖို႔က ေသခ်ာသေလာက္ရွိပါတယ္။

ဘာပဲျဖစ္ျဖစ္ Google အေနနဲ႔ Android 10 Stable Update ကို Google Pixel စမတ္ဖုန္းေတြအတြက္ ယခု ၾသဂုတ္လကုန္မွာ တရားဝင္ထုတ္ေပးသြားမွာျဖစ္ၿပီးေတာ့ လက္ရွိအခ်ိန္အထိ Nokia က လြဲၿပီး တျခားေသာ Android စမတ္ဖုန္းထုတ္လုပ္သူေတြက Android 10 ကို Update လုပ္ႏိုင္မယ့္အခ်ိန္ကို ေျပာၾကားထားျခင္းမရွိေသးပါဘူး။ အဲ့ဒါေၾကာင့္ Android Update အေစာဆုံးရတဲ့ထဲမွာ Nokia က ဆရာႀကီးျဖစ္ေနတုန္းပါပဲ။

Ref – Phone Arena

Unicode

Nokia ကနေ အခုနောက်ပိုင်းမိတ်ဆက်တဲ့ စမတ်ဖုန်းတွေက Google ရဲ့ Android One Program ကို အသုံးပြုနေတာဖြစ်တဲ့အတွက် လုံးဝ Stock Android Experience ကို ခံစားနိုင်တဲ့ စမတ်ဖုန်းတွေလည်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ HMD Global ကနေ Nokia စမတ်ဖုန်းတွေအနေနဲ့ ဘယ်အချိန်မှာ Android 10 ကို Update ပြုလုပ်နိုင်မလဲဆိုတဲ့ Roadmap ကို ထုတ်ပြန်လိုက်ပါပြီ။

Nokia စမတ်ဖုန်းတွေက ယခင်ထဲက Android Update ကို Google Pixel ဖုန်းတွေပြီးရင် အစောဆုံး Update ရရှိနေတဲ့ စမတ်ဖုန်းတွေအဖြစ်လူသိများနေပြီး ဖြစ်သလို ယခုထွက်ရှိလာတဲ့ Roadmap အရလည်း ဒီနှစ်မကုန်ခင်မှာတင် Android 10 ကို ဖုန်းတော်တော်များများအတွက် Update လုပ်ပေးဖို့ရှိနေပါတယ်။

ဒီနှစ်မကုန်ခင်မှာ Android 10 ကို Update လုပ်နိုင်မယ့်ဖုန်းတွေကတော့ အရင်ဆုံးအနေနဲ့ Nokia 7.1 ၊ Nokia 8.1 နဲ့ Nokia 9 PureView စမတ်ဖုန်းတွေအရင်ရရှိမှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ Nokia 6.1 ၊ Nokia 6.1 Plus နဲ့ Nokia 7 Plus စမတ်ဖုန်းတွေကို Update ထုတ်ပေးသွားမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ ကျန်ရှိနေတဲ့ Nokia 1 Plus ၊ Nokia 5.1 Plus နဲ့ Nokia 8 Sirocco လိုဖုန်းတွေကိုလည်း လာမယ့် ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်မှာ Update လုပ်ပေးမယ့်အပြင် ထွက်ရှိတာကြာပြီဖြစ်တဲ့ Nokia 2.1 ၊ Nokia 3.1 ၊ Nokia 5.1 နဲ့ Nokia 1 လိုမျိုး Mid Range နဲ့ Budget ဖုန်းတွေကလည်း ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ်မှာ Update ရရှိမှာပဲဖြစ်ပါတယ်။

Nokia အနေနဲ့ အခုလိုမျိုး လာမယ့်အချိန်တိုအတွင်းမှာတင် လက်ရှိရောင်းချနေတဲ့ စမတ်ဖုန်း ၁၇ မျိုးလုံးအတွက် Android 10 Update ရရှိမယ့်အချိန်ကို Google က Android Q က Android 10 ဖြစ်လာမယ်လို့ အတည်ပြုပြီးတာနဲ့ ချက်ချင်းထုတ်ပြနိုင်တာက စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ တော်တော်လေးကို အထင်ကြီးဖို့ကောင်းနေပါတယ်။ ယခင် Android 9 Pie Update တုန်းကလည်း HMD Global က ကတိပေးထားခဲ့တဲ့အတိုင်း ရောင်းချနေသမျှ Nokia ဖုန်းတွေအကုန်လုံးကို အချိန်မှန် Update ပေးနိုင်ခဲ့တဲ့အတွက် အခုအချိန်မှာလည်း Android 10 ကို ပြောတဲ့အချိန်မှာ Update ရဖို့က သေချာသလောက်ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် Google အနေနဲ့ Android 10 Stable Update ကို Google Pixel စမတ်ဖုန်းတွေအတွက် ယခု သြဂုတ်လကုန်မှာ တရားဝင်ထုတ်ပေးသွားမှာဖြစ်ပြီးတော့ လက်ရှိအချိန်အထိ Nokia က လွဲပြီး တခြားသော Android စမတ်ဖုန်းထုတ်လုပ်သူတွေက Android 10 ကို Update လုပ်နိုင်မယ့်အချိန်ကို ပြောကြားထားခြင်းမရှိသေးပါဘူး။ အဲ့ဒါကြောင့် Android Update အစောဆုံးရတဲ့ထဲမှာ Nokia က ဆရာကြီးဖြစ်နေတုန်းပါပဲ။

Ref – Phone Arena