[Zawgyi]
ဇူလိုင္လေနာက္ဆုံးပတ္တုန္းက Facebook ဟာ Instagram ရဲ႕ Post ေတြမွာ Like ဘယ္ေလာက္ရသလဲဆိုတာ မျပသဘဲ ဖုံးကြယ္ထားဖို႔ စမ္းသပ္ခဲ့ပါတယ္။ ဒီ စမ္းသပ္မႈကို ကေနဒါကသုံးစြဲသူအခ်ိဳ႕ စမ္းသပ္အသုံးျပဳခြင့္ရခဲ့သလို ေနာက္ထပ္ ၆ ႏိုင္ငံမွာလည္း ထပ္တိုးၿပီး စမ္းသပ္ခဲ့ပါေသးတယ္။
စက္တင္ဘာလဆန္းမွာေတာ့ Instagram နည္းတူပဲ Facebook မွာလည္း Like ဘယ္ေလာက္ရသလဲဆိုတာကို ဖုံးကြယ္ထားဖို႔ စမ္းသပ္လာဖြယ္ရွိေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ သုံးစြဲသူေတြအေနနဲ႔ Post တင္ရာမွာ Like ဘယ္ေလာက္ ရတယ္ဆိုတာကို အာ႐ုံစိုက္တာထက္ မွ်ေဝလိုက္တဲ့ ဓါတ္ပုံ၊ ဗီဒီယိုက ဘာလဲ ဆိုတာကိုပဲ အာ႐ုံစိုက္ေစလိုတာ ျဖစ္ပါတယ္။
Facebook မွာလည္း Post ရဲ႕ Like ရရွိမႈကို ဖုံးကြယ္ထားမယ္ဆိုတဲ့သတင္းက Reverse engineering ကြၽမ္းက်င္သူ Jane Wong ဆီကပဲ ထြက္လာခဲ့တာ ျဖစ္ပါတယ္။ Jane Wong က Facebook ရဲ႕ Android app မွာ Source code ေျပာင္းလိုက္တာကို ေတြ႕ျမင္ခဲ့ရလို႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ Facebook လည္း Post ရဲ႕ Like ေတြကို ဖုံးကြယ္ဖို႔ စမ္းသပ္ေနၿပီဆိုတာ ေသခ်ာသေလာက္ပါပဲ။
Jane Wong ရဲ႕ အဆိုအရ Facebook ရဲ႕ Like ဖုံးကြယ္မယ့္ Feature အလုပ္လုပ္ပုံ ဟာ Instagram နဲ႔ အတူတူပဲ လို႔ သိရပါတယ္။ Post ကို တင္သူတစ္ေယာက္တည္းကပဲ စုစုေပါင္း Like အေရအတြက္ကို သိႏိုင္ၿပီး အျခားသူေတြကေတာ့ ဒီ Post ကို Like လုပ္ထားတဲ့ Mutual friends ေတြရဲ႕ နာမည္ကိုပဲ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း Comment ေပၚက Like/Reaction count ကေတာ့ ျမင္ေနရဦးမွာျဖစ္တယ္လို႔ Wong က ေျပာပါတယ္။ ဒီလိုျမင္ေတြ႕ေနရဦးမယ္အေၾကာင္းရင္းက ဒီ Feature ဟာ အခုမွ စတင္အေကာင္အထည္ေဖာ္ စမ္းသပ္ေနဆဲ ကာလျဖစ္တာေၾကာင့္လို႔ ဆိုပါတယ္။
Facebook ကလည္း Like အေရအတြက္ကို ဖုံးကြယ္ဖို႔ စဥ္းစားေနေၾကာင္း အတည္ျပဳေျပာဆိုခဲ့ေပမယ့္ ဒီ Feature ကို အသုံးျပဳသူေတြအားလုံး သုံးလို႔ရတဲ့အထိ အေသးစိတ္ကိုေတာ့ ထုတ္ျပန္ေျပာဆိုျခင္း မျပဳေသးဘဲ တိတ္ဆိတ္ေနဦးမယ့္သေဘာမွာ ရွိေနပါတယ္။
Ref: GSM Arena
[Unicode]
Facebook မှာလည်း Post ရဲ့ Like ရရှိမှုအရေအတွက်ကို ဖုံးကွယ်ထားဖို့ စမ်းသပ်နေ
ဇူလိုင်လနောက်ဆုံးပတ်တုန်းက Facebook ဟာ Instagram ရဲ့ Post တွေမှာ Like ဘယ်လောက်ရသလဲဆိုတာ မပြသဘဲ ဖုံးကွယ်ထားဖို့ စမ်းသပ်ခဲ့ပါတယ်။ ဒီ စမ်းသပ်မှုကို ကနေဒါကသုံးစွဲသူအချို့ စမ်းသပ်အသုံးပြုခွင့်ရခဲ့သလို နောက်ထပ် ၆ နိုင်ငံမှာလည်း ထပ်တိုးပြီး စမ်းသပ်ခဲ့ပါသေးတယ်။
စက်တင်ဘာလဆန်းမှာတော့ Instagram နည်းတူပဲ Facebook မှာလည်း Like ဘယ်လောက်ရသလဲဆိုတာကို ဖုံးကွယ်ထားဖို့ စမ်းသပ်လာဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ရည်ရွယ်ချက်ကတော့ သုံးစွဲသူတွေအနေနဲ့ Post တင်ရာမှာ Like ဘယ်လောက် ရတယ်ဆိုတာကို အာရုံစိုက်တာထက် မျှဝေလိုက်တဲ့ ဓါတ်ပုံ၊ ဗီဒီယိုက ဘာလဲ ဆိုတာကိုပဲ အာရုံစိုက်စေလိုတာ ဖြစ်ပါတယ်။
Facebook မှာလည်း Post ရဲ့ Like ရရှိမှုကို ဖုံးကွယ်ထားမယ်ဆိုတဲ့သတင်းက Reverse engineering ကျွမ်းကျင်သူ Jane Wong ဆီကပဲ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ Jane Wong က Facebook ရဲ့ Android app မှာ Source code ပြောင်းလိုက်တာကို တွေ့မြင်ခဲ့ရလို့ ဖြစ်ပါတယ်။ ဒါကြောင့် Facebook လည်း Post ရဲ့ Like တွေကို ဖုံးကွယ်ဖို့ စမ်းသပ်နေပြီဆိုတာ သေချာသလောက်ပါပဲ။
Jane Wong ရဲ့ အဆိုအရ Facebook ရဲ့ Like ဖုံးကွယ်မယ့် Feature အလုပ်လုပ်ပုံ ဟာ Instagram နဲ့ အတူတူပဲ လို့ သိရပါတယ်။ Post ကို တင်သူတစ်ယောက်တည်းကပဲ စုစုပေါင်း Like အရေအတွက်ကို သိနိုင်ပြီး အခြားသူတွေကတော့ ဒီ Post ကို Like လုပ်ထားတဲ့ Mutual friends တွေရဲ့ နာမည်ကိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း Comment ပေါ်က Like/Reaction count ကတော့ မြင်နေရဦးမှာဖြစ်တယ်လို့ Wong က ပြောပါတယ်။ ဒီလိုမြင်တွေ့နေရဦးမယ်အကြောင်းရင်းက ဒီ Feature ဟာ အခုမှ စတင်အကောင်အထည်ဖော် စမ်းသပ်နေဆဲ ကာလဖြစ်တာကြောင့်လို့ ဆိုပါတယ်။
Facebook ကလည်း Like အရေအတွက်ကို ဖုံးကွယ်ဖို့ စဉ်းစားနေကြောင်း အတည်ပြုပြောဆိုခဲ့ပေမယ့် ဒီ Feature ကို အသုံးပြုသူတွေအားလုံး သုံးလို့ရတဲ့အထိ အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုခြင်း မပြုသေးဘဲ တိတ်ဆိတ်နေဦးမယ့်သဘောမှာ ရှိနေပါတယ်။
Ref: GSM Arena