[Zawgyi]

Facebook ဟာ သူပိုင္ဆိုင္တဲ့ WhatsApp ကို Facebook နဲ႔ ပိုၿပီး ထိေတြ႕ခ်ိတ္ဆက္ႏိုင္ဖို႔ ေနာက္ထပ္ေျခလွမ္းတစ္ခု လွမ္းလိုက္ျပန္ၿပီျဖစ္ပါတယ္။ အဲဒါကေတာ့ WhatsApp ရဲ႕ Status ကို Facebook Story မွာ မွ်ေဝလို႔ရတဲ့ လုပ္ေဆာင္ခ်က္ပဲ ျဖစ္ပါတယ္။

ဒီလုပ္ေဆာင္ခ်က္ကို ၿပီးခဲ့တဲ့ ဇြန္လကတည္းက စမ္းသပ္ေနခဲ့တာျဖစ္ၿပီး အခုအခါမွာေတာ့ အသုံးျပဳသူအားလုံးဆီကို ထုတ္လႊတ္ေပးေတာ့မယ္လို႔ သိရပါတယ္။ ဒီအေၾကာင္းကိုေတာ့ WhatsApp က တရားဝင္ထုတ္ျပန္ေၾကညာျခင္း မျပဳေသးပါဘူး။ ဒါေပမယ့္ အသုံးျပဳသူအေတာ္မ်ားမ်ားကေတာ့ ဒီလိုလုပ္လို႔ရေနတာကို တြစ္တာမွာ မွ်ေဝထားတာကို ေတြ႕ရပါတယ္။

ဒါ့အျပင္ ဒီစမ္းသပ္မႈကို ရယူႏိုင္ၾကတဲ့ အသုံးျပဳသူေတြကလည္း အနည္းအက်ဥ္းသာ ရွိေသးတာပါ။ ဥပမာအားျဖင့္ အိႏၵိယ႐ုံးခြဲမွာလည္း စမ္းသပ္သုံးစြဲခြင့္ရတဲ့သူေတြရွိေပမယ့္ ဥေရာပ႐ုံးခ်ဳပ္မွာေတာ့ စမ္းသပ္သုံးစြဲႏိုင္ျခင္းမရွိေသးဘူးလို႔ GSM Arena က ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ ဒီစမ္းသပ္မႈဟာ အကန႔္အသတ္နဲ႔ပဲ ျပဳလုပ္တယ္လို႔ ယူဆရပါတယ္။

WhatsApp ဝက္ဘ္ဆိုက္ရဲ႕ FAQ စာမ်က္ႏွာမွာလည္း WhatsApp Status ကို Facebook Story အျဖစ္ ဘယ္လိုပို႔ေဆာင္မွ်ေဝရမလဲဆိုတာကို အေသးစိတ္ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ သိပ္မၾကာခင္အခ်ိန္အတြင္းမွာ ဒီလုပ္ေဆာင္ခ်က္ဟာ ကမာၻတစ္ဝန္းလုံးက အသုံးျပဳသူေတြဆီ ေရာက္ရွိေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena

[Unicode]

WhatsApp ရဲ့ Status ကို Facebook Story မှာ မျှဝေလို့ရတော့မယ်

Facebook ဟာ သူပိုင်ဆိုင်တဲ့ WhatsApp ကို Facebook နဲ့ ပိုပြီး ထိတွေ့ချိတ်ဆက်နိုင်ဖို့ နောက်ထပ်ခြေလှမ်းတစ်ခု လှမ်းလိုက်ပြန်ပြီဖြစ်ပါတယ်။ အဲဒါကတော့ WhatsApp ရဲ့ Status ကို Facebook Story မှာ မျှဝေလို့ရတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို ပြီးခဲ့တဲ့ ဇွန်လကတည်းက စမ်းသပ်နေခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အသုံးပြုသူအားလုံးဆီကို ထုတ်လွှတ်ပေးတော့မယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ WhatsApp က တရားဝင်ထုတ်ပြန်ကြေညာခြင်း မပြုသေးပါဘူး။ ဒါပေမယ့် အသုံးပြုသူအတော်များများကတော့ ဒီလိုလုပ်လို့ရနေတာကို တွစ်တာမှာ မျှဝေထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ဒီစမ်းသပ်မှုကို ရယူနိုင်ကြတဲ့ အသုံးပြုသူတွေကလည်း အနည်းအကျဉ်းသာ ရှိသေးတာပါ။ ဥပမာအားဖြင့် အိန္ဒိယရုံးခွဲမှာလည်း စမ်းသပ်သုံးစွဲခွင့်ရတဲ့သူတွေရှိပေမယ့် ဥရောပရုံးချုပ်မှာတော့ စမ်းသပ်သုံးစွဲနိုင်ခြင်းမရှိသေးဘူးလို့ GSM Arena က ရေးသားဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီစမ်းသပ်မှုဟာ အကန့်အသတ်နဲ့ပဲ ပြုလုပ်တယ်လို့ ယူဆရပါတယ်။

WhatsApp ဝက်ဘ်ဆိုက်ရဲ့ FAQ စာမျက်နှာမှာလည်း WhatsApp Status ကို Facebook Story အဖြစ် ဘယ်လိုပို့ဆောင်မျှဝေရမလဲဆိုတာကို အသေးစိတ်ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါကြောင့် သိပ်မကြာခင်အချိန်အတွင်းမှာ ဒီလုပ်ဆောင်ချက်ဟာ ကမ္ဘာတစ်ဝန်းလုံးက အသုံးပြုသူတွေဆီ ရောက်ရှိတော့မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena