[Zawgyi]

Apple ဟာ Qualcomm နဲ႔ ျပႆနာေတြျဖစ္ၿပီးတဲ့ေနာက္ အနာဂတ္မွာ 5G Modem ျပႆနာကို အၿပီးသတ္ေျဖရွင္းႏိုင္ဖို႔နည္းလမ္းက ကိုယ္တိုင္ထုတ္လုပ္ျခင္းလို႔ ယုံၾကည္ထားတာပါ။ ဒါေၾကာင့္ အေမရိကန္အေျခစိုက္ကုမၸဏီႀကီးဟာ Intel ရဲ႕ 5G Modem လုပ္ငန္းကိုလည္း ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ Apple ရဲ႕ ကိုယ္ပိုင္ Modem ထုတ္လုပ္မယ့္စီမံကိန္းဟာ ေန႔ခ်င္းညခ်င္း အေကာင္အထည္ေပၚလာမွာ မဟုတ္တဲ့အတြက္ လာမယ့္ႏွစ္အနည္းငယ္အထိေတာ့ အျခားကုမၸဏီေတြကိုပဲ အားကိုးရဦးမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ လာမယ့္ ၂၀၂၀ ထုတ္ iPhone ေတြဟာ Qualcomm နဲ႔ Samsung ဆီက 5G Modem ေတြနဲ႔ပဲ ျဖစ္ပါလိမ့္မယ္။

Intel ရဲ႕ 5G Modem လုပ္ငန္းကို ဝယ္ယူၿပီးၿပီးခ်င္းတုန္းကေတာ့ Apple အေနနဲ႔ ၂၀၂၁ မွာထုတ္မယ့္ iPhone ေတြကို ကိုယ္ပိုင္ 5G Modem ေတြ သုံးႏိုင္လိမ့္မယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ဒါေပမယ့္ အမွန္တကယ္အေကာင္အထည္ေဖာ္ဖို႔ လုပ္ငန္းေဆာင္တာေတြ အမ်ားႀကီးက်န္ေနေသးတာေၾကာင့္ ၂၀၂၁ ထုတ္ iPhone ေတြအတြက္ အခ်ိန္မီထုတ္ႏိုင္ဖို႔ဆိုရင္ အခုထက္ပိုျမန္တဲ့ ေျခလွမ္းကိုလွမ္းမွ ျဖစ္ပါလိမ့္မယ္။

ထုတ္လုပ္မႈနယ္ပယ္ထဲကလာတဲ့သတင္းေတြအရ ဆန္ဒီေယဂိုအေျခစိုက္ Chip ထုတ္လုပ္ေရးကုမၸဏီႀကီးက လာမယ့္ႏွစ္ iPhone ေတြအတြက္ 5G Modem ေတြေထာက္ပံ့ေပးဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Apple ကေတာ့ ေနာက္အက်ဆုံး ၂၀၂၂ မွာ ကိုယ္ပိုင္ Modem ရဖို႔ ပစ္မွတ္ထားလုပ္ေဆာင္ေနတယ္လို႔ အတြင္းသတင္းေတြအရ သိရပါတယ္။

အကယ္၍ ထုတ္လုပ္မႈျဖစ္စဥ္က အခ်ိန္မီၿပီးသြားတယ္ဆိုရင္ေတာင္ စမ္းသပ္ဖို႔ အခ်ိန္ေပးရဦးမွာ ျဖစ္ပါတယ္။ ကမာၻလုံးဆိုင္ရာ စံခ်ိန္စံၫႊန္းနဲ႔ ကိုက္ညီမႈရွိမရွိ၊ FCC ရဲ႕ စံႏႈန္းေတြကိုလိုက္နာမႈရွိမရွိ စတာေတြကို စမ္းသပ္တာ၊ ပိုၿပီးေကာင္းမြန္ေအာင္ အဆင့္ျမႇင့္တင္တာေတြလည္း ျပဳလုပ္ရဦးမွာ ျဖစ္ပါတယ္။ Apple ကေတာ့ သူတို႔ရဲ႕ 5G Modem နဲ႔ SoC ဟာ စြမ္းအင္သုံးစြဲမႈ ေလ်ာ့နည္းေစဖို႔ အလိုရွိေနတယ္လို႔လည္း သိရပါတယ္။

Ref: GSM Arena

[Unicode]

၂၀၂၂ မတိုင်မီ Apple ရဲ့ ကိုယ်ပိုင် 5G Modem တွေကို မြင်တွေ့လာရဖွယ်ရှိ

Apple ဟာ Qualcomm နဲ့ ပြဿနာတွေဖြစ်ပြီးတဲ့နောက် အနာဂတ်မှာ 5G Modem ပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်ဖို့နည်းလမ်းက ကိုယ်တိုင်ထုတ်လုပ်ခြင်းလို့ ယုံကြည်ထားတာပါ။ ဒါကြောင့် အမေရိကန်အခြေစိုက်ကုမ္ပဏီကြီးဟာ Intel ရဲ့ 5G Modem လုပ်ငန်းကိုလည်း ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။


ဒါပေမယ့် Apple ရဲ့ ကိုယ်ပိုင် Modem ထုတ်လုပ်မယ့်စီမံကိန်းဟာ နေ့ချင်းညချင်း အကောင်အထည်ပေါ်လာမှာ မဟုတ်တဲ့အတွက် လာမယ့်နှစ်အနည်းငယ်အထိတော့ အခြားကုမ္ပဏီတွေကိုပဲ အားကိုးရဦးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လာမယ့် ၂၀၂၀ ထုတ် iPhone တွေဟာ Qualcomm နဲ့ Samsung ဆီက 5G Modem တွေနဲ့ပဲ ဖြစ်ပါလိမ့်မယ်။

Intel ရဲ့ 5G Modem လုပ်ငန်းကို ဝယ်ယူပြီးပြီးချင်းတုန်းကတော့ Apple အနေနဲ့ ၂၀၂၁ မှာထုတ်မယ့် iPhone တွေကို ကိုယ်ပိုင် 5G Modem တွေ သုံးနိုင်လိမ့်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် အမှန်တကယ်အကောင်အထည်ဖော်ဖို့ လုပ်ငန်းဆောင်တာတွေ အများကြီးကျန်နေသေးတာကြောင့် ၂၀၂၁ ထုတ် iPhone တွေအတွက် အချိန်မီထုတ်နိုင်ဖို့ဆိုရင် အခုထက်ပိုမြန်တဲ့ ခြေလှမ်းကိုလှမ်းမှ ဖြစ်ပါလိမ့်မယ်။

ထုတ်လုပ်မှုနယ်ပယ်ထဲကလာတဲ့သတင်းတွေအရ ဆန်ဒီယေဂိုအခြေစိုက် Chip ထုတ်လုပ်ရေးကုမ္ပဏီကြီးက လာမယ့်နှစ် iPhone တွေအတွက် 5G Modem တွေထောက်ပံ့ပေးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Apple ကတော့ နောက်အကျဆုံး ၂၀၂၂ မှာ ကိုယ်ပိုင် Modem ရဖို့ ပစ်မှတ်ထားလုပ်ဆောင်နေတယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ်။

အကယ်၍ ထုတ်လုပ်မှုဖြစ်စဉ်က အချိန်မီပြီးသွားတယ်ဆိုရင်တောင် စမ်းသပ်ဖို့ အချိန်ပေးရဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုရှိမရှိ၊ FCC ရဲ့ စံနှုန်းတွေကိုလိုက်နာမှုရှိမရှိ စတာတွေကို စမ်းသပ်တာ၊ ပိုပြီးကောင်းမွန်အောင် အဆင့်မြှင့်တင်တာတွေလည်း ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။ Apple ကတော့ သူတို့ရဲ့ 5G modem နဲ့ SoC ဟာ စွမ်းအင်သုံးစွဲမှု လျော့နည်းစေဖို့ အလိုရှိနေတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena