[Zawgyi]

Nvidia က Android TV Streaming Box အသစ္ ၂ ခုကို ျပသလိုက္ပါတယ္။ Nvidia Shield TV နဲ႔ Shield TV Pro ျဖစ္ၿပီး Dolby Vision HDR , Content Upscaling နဲ႔ AAA Cloud Gaming အတြက္ GeForce NOW ေတြ ပါလာပါတယ္။ Pro Model မွာ Specs ေတြ ပိုေကာင္းပါတယ္။

Shield TV

Shield TV က အရြယ္ပိုေသးက်စ္လစ္ၿပီး ဆလင္ဒါ ပံုသ႑ာန္ ျဖစ္ပါတယ္။ Tegra X1+ Chipset ပါလာၿပီး အရင္မ်ိဳးဆက္ထက္ စြမ္းရည္ ၂၅ ရာခုိင္ႏႈန္း ပိုေကာင္းလာပါတယ္။ 2GB RAM , 8GB Storage , microSD Slot , Ethernet နဲ႔ HDMI Ports ေတြ ပါပါတယ္။ Dual-band 802.11ac Wi-Fi နဲ႔ Bluetooth 5.0 LE ဆက္သြယ္မႈေတြ ထည့္ထားပါတယ္။ Android 9 Pie အေျချပဳ Android TV OS ေမာင္းနွင္ထားပါတယ္။ Motion Sensing နဲ႔ Voice Control ပါတဲ့ Remote ပါၿပီး ၁၅၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၂၃၀,၀၀၀ ေလာက္ရွိပါတယ္။

Shield TV Pro

Shield TV Pro ဒီဇိုင္းက အရင္ မ်ိဳးဆက္ေတြလို ေသတၱာပံု ျဖစ္ပါတယ္။   Shield TV ရဲ႕ လုပ္ေဆာင္ခ်က္ အားလံုးပါၿပီး Dolby Vision HDR နဲ႔ Content ေတြရဲ႕ အရည္အေသြးကို 4K အထိ ျမွင့္တင္ေပးတဲ့ လုပ္ေဆာင္ခ်က္ေတြ ထည့္ထားပါတယ္။ ဒါေပမယ့္ Specs ေတြက ပိုလန္းၿပီး Port ေတြ အပိုပါပါတယ္။ Tegra X1+ Chipset , 3GB RAM နဲ႔ 16GB Storage ေတြ ထည့္ထားပါတယ္။ USB Type-C Port ၂ ခု၊ HDMI Port နဲ႔ microSD Slot ေတြ ပါပါတယ္။ Remote Control အသစ္ ပါလာေပမယ့္ အရင္ ေမာ္ဒယ္ေတြလို Gaming Controller မပါလာပါဘူး။ ေဒၚလာ ၂၀၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၀၀,၀၀၀ ေလာက္ရွိပါတယ္။

Ref : gsmarena

[Unicode]

4K Upscaling နဲ့ Dolby Vision ပါတဲ့ Nvidia Shield TV နဲ့ Shield TV Pro ကို ကြေညာ

Nvidia က Android TV Streaming Box အသစ် ၂ ခုကို ပြသလိုက်ပါတယ်။ Nvidia Shield TV နဲ့ Shield TV Pro ဖြစ်ပြီး Dolby Vision HDR , Content Upscaling နဲ့ AAA Cloud Gaming အတွက် GeForce NOW တွေ ပါလာပါတယ်။ Pro Model မှာ Specs တွေ ပိုကောင်းပါတယ်။

Shield TV


Shield TV က အရွယ်ပိုသေးကျစ်လစ်ပြီး ဆလင်ဒါ ပုံသဏ္ဍာန် ဖြစ်ပါတယ်။ Tegra X1+ Chipset ပါလာပြီး အရင်မျိုးဆက်ထက် စွမ်းရည် ၂၅ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ 2GB RAM , 8GB Storage , microSD Slot , Ethernet နဲ့ HDMI Ports တွေ ပါပါတယ်။ Dual-band 802.11ac Wi-Fi နဲ့ Bluetooth 5.0 LE ဆက်သွယ်မှုတွေ ထည့်ထားပါတယ်။ Android 9 Pie အခြေပြု Android TV OS မောင်းနှင်ထားပါတယ်။ Motion Sensing နဲ့ Voice Control ပါတဲ့ Remote ပါပြီး ၁၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂၃၀,၀၀၀ လောက်ရှိပါတယ်။

Shield TV Pro


Shield TV Pro ဒီဇိုင်းက အရင် မျိုးဆက်တွေလို သေတ္တာပုံ ဖြစ်ပါတယ်။ Shield TV ရဲ့ လုပ်ဆောင်ချက် အားလုံးပါပြီး Dolby Vision HDR နဲ့ Content တွေရဲ့ အရည်အသွေးကို 4K အထိ မြှင့်တင်ပေးတဲ့ လုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။ ဒါပေမယ့် Specs တွေက ပိုလန်းပြီး Port တွေ အပိုပါပါတယ်။ Tegra X1+ Chipset , 3GB RAM နဲ့ 16GB Storage တွေ ထည့်ထားပါတယ်။ USB Type-C Port ၂ ခု၊ HDMI Port နဲ့ microSD Slot တွေ ပါပါတယ်။ Remote Control အသစ် ပါလာပေမယ့် အရင် မော်ဒယ်တွေလို Gaming Controller မပါလာပါဘူး။ ဒေါ်လာ ၂၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၃၀၀,၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena