[Zawgyi]

Xiaomi က သူ႔ရဲ႕ အလန္းစား Gaming Smartphone ျဖစ္တဲ့ Black Shark 2 Pro အတြက္ Orange Blast လို႔ နာမည္ေပးထားတဲ့ လိေမၼာ္ေရာင္ကို ဒီလလယ္က ေရာင္းခ်ေပးခဲ့ပါတယ္။ အခုေတာ့ “Flower Violet” or “Streamer Violet” လို႔ နာမည္ေပးထားတဲ့ ခရမ္းေရာင္ကို တရုတ္မွာ ေၾကညာလိုက္ပါတယ္။ လိေမၼာ္ေရာင္နဲ႔ ခရမ္းေရာင္ အျပင္ အရင္က အနက္နဲ႔ အျဖဴေရာင္ေတြ ထုတ္လုပ္ေပးထားပါတယ္။ ခရမ္းေရာင္ကို ႏို၀င္ဘာလ ၁ ရက္ေန႔မွာ စတင္ ေရာင္းေပးေတာ့မွာပါ။အေရာင္ အသစ္ရဲ႕ တျခား Specs ေတြက မူလေမာ္ဒယ္ေတြနဲ႔ တူပါတယ္။ Black Shark 2 Pro မွာ Samsung က ထုတ္ထားတဲ့ ၆.၃၉ လက္မ FHD+ AMOLED Display ပါပါတယ္။ 240Hz Touch Sampling Rate ပါတဲ့အတြက္ ဂိမ္းကစားရင္ ဖလန္းဖလန္းထေနမွာပါ။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါပါတယ္။ စြမ္းေဆာင္ရည္ျမင့္ Snapdragon 855+ ထည့္သြင္းထားပါတယ္။

12GB RAM နဲ႔ 128GB or 256GB UFS 3.0 Storage ေတြ ပါပါတယ္။ UFS 3.0 Storage က ေဒတာေတြ ကူးေျပာင္းရာမွာ ျမန္ဆန္ပါတယ္။ အပူခ်ိန္ ေလွ်ာ့ခ်ေပးတဲ့ Liquid Cooling 3.0 ကို အဆင့္ျမွင့္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုး ထည့္သြင္းထားၿပီး 48MP+12MP Cameras ေတြ ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 20MP Camera ပါလာပါတယ္။  27W Fast-charging ပါတဲ့ 4000mAh Battery ပါပါတယ္။

Xiaomi Black Shark 2 Pro ကို ဇူလိုင္လ ၃၀ က ေၾကညာခဲ့ပါတယ္။ Snapdragon 855 ပါတဲ့ Black Shark 2 ကိုေတာ့ မတ္လမွာ မိတ္ဆက္ခဲ့ပါတယ္။ Black Shark 2 Pro မွာ ပိုေကာင္းတဲ့ Snapdragon 855+ ပါလာပါတယ္။

Ref : gizmochina

[Unicode]

ခရမ်းရောင်ထွက်လာတဲ့ Xiaomi Black Shark 2 Pro

Xiaomi က သူ့ရဲ့ အလန်းစား Gaming Smartphone ဖြစ်တဲ့ Black Shark 2 Pro အတွက် Orange Blast လို့ နာမည်ပေးထားတဲ့ လိမ္မော်ရောင်ကို ဒီလလယ်က ရောင်းချပေးခဲ့ပါတယ်။ အခုတော့ “Flower Violet” or “Streamer Violet” လို့ နာမည်ပေးထားတဲ့ ခရမ်းရောင်ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ လိမ္မော်ရောင်နဲ့ ခရမ်းရောင် အပြင် အရင်က အနက်နဲ့ အဖြူရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။ ခရမ်းရောင်ကို နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင် ရောင်းပေးတော့မှာပါ။

အရောင် အသစ်ရဲ့ တခြား Specs တွေက မူလမော်ဒယ်တွေနဲ့ တူပါတယ်။ Black Shark 2 Pro မှာ Samsung က ထုတ်ထားတဲ့ ၆.၃၉ လက်မ FHD+ AMOLED Display ပါပါတယ်။ 240Hz Touch Sampling Rate ပါတဲ့အတွက် ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ စွမ်းဆောင်ရည်မြင့် Snapdragon 855+ ထည့်သွင်းထားပါတယ်။

12GB RAM နဲ့ 128GB or 256GB UFS 3.0 Storage တွေ ပါပါတယ်။ UFS 3.0 Storage က ဒေတာတွေ ကူးပြောင်းရာမှာ မြန်ဆန်ပါတယ်။ အပူချိန် လျှော့ချပေးတဲ့ Liquid Cooling 3.0 ကို အဆင့်မြှင့်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး 48MP+12MP Cameras တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 20MP Camera ပါလာပါတယ်။ 27W Fast-charging ပါတဲ့ 4000mAh Battery ပါပါတယ်။

Xiaomi Black Shark 2 Pro ကို ဇူလိုင်လ ၃၀ က ကြေညာခဲ့ပါတယ်။ Snapdragon 855 ပါတဲ့ Black Shark 2 ကိုတော့ မတ်လမှာ မိတ်ဆက်ခဲ့ပါတယ်။ Black Shark 2 Pro မှာ ပိုကောင်းတဲ့ Snapdragon 855+ ပါလာပါတယ်။

Ref : gizmochina