[Zawgyi]

Galaxy S10 Lite အေၾကာင္းက ၿပီးခဲ့တဲ့ ၂၀၁၈ ႏွစ္ကုန္ပိုင္းေလာက္ကတည္းက အစျပဳခဲ့ေပမယ့္ ေအာက္တိုဘာလဆန္းေလာက္မွာမွ ပိုၿပီးလႈပ္လႈပ္ရွားရွား ျဖစ္ခဲ့တာပါ။ ေအာက္တိုဘာလ ဒုတိယပတ္မွာေတာ့ Galaxy S10 Lite ထုတ္ဖို႔ လမ္းေၾကာင္းေပၚေရာက္ေနၿပီလို႔ သတင္းထြက္ခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ဆက္တိုက္ဆိုသလိုပဲ Samsung Galaxy S10 Lite ဟာ အေရာင္သုံးမ်ိဳးနဲ႔ ထြက္လာမယ္လို႔ သတင္းပ်ံ႕ႏွံ႔ခဲ့ပါတယ္။ S10 Lite နဲ႔ပတ္သက္ၿပီး တရားဝင္သတင္းထြက္တာမ်ိဳး မရွိေသးခ်ိန္မွာ ခိုင္မာတဲ့အခ်က္အလက္ကို ျပႏိုင္တာကေတာ့ Geekbench ကတစ္ဆင့္ေတြ႕ရတဲ့ အခ်က္အလက္ပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ရက္က Geekbench မွာ Samsung device တစ္ခုျဖစ္တဲ့ SM-G770F ေမာ္ဒယ္ကို ေတြ႕ျမင္ခဲ့ၾကရတာပါ။ Single-Core ရမွတ္ 742 ျဖစ္ၿပီး Multi-Core ရမွတ္ကေတာ့ 2604 ျဖစ္တာကို ေတြ႕ရပါတယ္။ Snapdragon 855 နဲ႔ စမ္းသပ္ေမာင္းႏွင္ထားတာကိုလည္း ေတြ႕ရပါတယ္။ RAM ကေတာ့ 8GB ျဖစ္ၿပီး Android 10 ျဖစ္ပါတယ္။

ရမွတ္ေတြအေၾကာင္းေျပာမယ္ဆိုရင္ေတာ့ ပုံမွန္ S10 ရဲ႕ Exynos နဲ႔ Snapdragon ေတြထက္ ပိုမ်ားတဲ့ရမွတ္လို႔ ဆိုရမွာပါ။ ဒီဇိုင္းပိုင္းကေတာ့ အခုထိ တရားဝင္ျမင္ေတြ႕ရျခင္း မရွိေသးပါဘူး။ အရင္က ထြက္ခဲ့တဲ့ ေကာလာဟလေတြကို ျပန္ေကာက္ၿပီးေျပာမယ္ဆိုရင္ေတာ့ Galaxy A91 လိုပုံစံမ်ိဳး ျဖစ္ႏိုင္ပါတယ္။ 6.7-inch Super AMOLED မ်က္ႏွာျပင္ FHD+ resolution နဲ႔ ျဖစ္ႏိုင္ပါတယ္။

ေက်ာဘက္ကင္မရာအေရအတြက္က သုံးလုံးျဖစ္ၿပီး အဓိကကင္မရာက 48MP ျဖစ္မယ္လို႔ သတင္းထြက္ထားပါတယ္။ အေရွ႕ဘက္ Selfie ကင္မရာကေတာ့ 32MP လို႔ ဆိုပါတယ္။ ဘက္ထရီကလည္း 4,500mAh ျဖစ္ၿပီး 45W အျမန္အားသြင္းစနစ္ ပါဝင္မယ္လို႔လည္း ဆိုပါတယ္။ Prism White, Black နဲ႔ Blue ဆိုၿပီး အေရာင္သုံးမ်ိဳး ရွိတယ္လို႔လည္း သတင္းထြက္ထားေပမယ့္ တရားဝင္ထြက္လာခခ်ိန္ကိုပဲ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena

[Unicode]

Samsung Galaxy S10 Lite ကို Geekbench မှာတွေ့ရပြီ

Galaxy S10 Lite အကြောင်းက ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းလောက်ကတည်းက အစပြုခဲ့ပေမယ့် အောက်တိုဘာလဆန်းလောက်မှာမှ ပိုပြီးလှုပ်လှုပ်ရှားရှား ဖြစ်ခဲ့တာပါ။ အောက်တိုဘာလ ဒုတိယပတ်မှာတော့ Galaxy S10 Lite ထုတ်ဖို့ လမ်းကြောင်းပေါ်ရောက်နေပြီလို့ သတင်းထွက်ခဲ့ပါတယ်။

ဒီနောက်မှာတော့ ဆက်တိုက်ဆိုသလိုပဲ Samsung Galaxy S10 Lite ဟာ အရောင်သုံးမျိုးနဲ့ ထွက်လာမယ်လို့ သတင်းပျံ့နှံ့ခဲ့ပါတယ်။ S10 Lite နဲ့ပတ်သက်ပြီး တရားဝင်သတင်းထွက်တာမျိုး မရှိသေးချိန်မှာ ခိုင်မာတဲ့အချက်အလက်ကို ပြနိုင်တာကတော့ Geekbench ကတစ်ဆင့်တွေ့ရတဲ့ အချက်အလက်ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်က Geekbench မှာ Samsung device တစ်ခုဖြစ်တဲ့ SM-G770F မော်ဒယ်ကို တွေ့မြင်ခဲ့ကြရတာပါ။ Single-Core ရမှတ် 742 ဖြစ်ပြီး Multi-Core ရမှတ်ကတော့ 2604 ဖြစ်တာကို တွေ့ရပါတယ်။ Snapdragon 855 နဲ့ စမ်းသပ်မောင်းနှင်ထားတာကိုလည်း တွေ့ရပါတယ်။ RAM ကတော့ 8GB ဖြစ်ပြီး Android 10 ဖြစ်ပါတယ်။

ရမှတ်တွေအကြောင်းပြောမယ်ဆိုရင်တော့ ပုံမှန် S10 ရဲ့ Exynos နဲ့ Snapdragon တွေထက် ပိုများတဲ့ရမှတ်လို့ ဆိုရမှာပါ။ ဒီဇိုင်းပိုင်းကတော့ အခုထိ တရားဝင်မြင်တွေ့ရခြင်း မရှိသေးပါဘူး။ အရင်က ထွက်ခဲ့တဲ့ ကောလာဟလတွေကို ပြန်ကောက်ပြီးပြောမယ်ဆိုရင်တော့ Galaxy A91 လိုပုံစံမျိုး ဖြစ်နိုင်ပါတယ်။ 6.7-inch Super AMOLED မျက်နှာပြင် FHD+ resolution နဲ့ ဖြစ်နိုင်ပါတယ်။

ကျောဘက်ကင်မရာအရေအတွက်က သုံးလုံးဖြစ်ပြီး အဓိကကင်မရာက 48MP ဖြစ်မယ်လို့ သတင်းထွက်ထားပါတယ်။ အရှေ့ဘက် Selfie ကင်မရာကတော့ 32MP လို့ ဆိုပါတယ်။ ဘက်ထရီကလည်း 4,500mAh ဖြစ်ပြီး 45W အမြန်အားသွင်းစနစ် ပါဝင်မယ်လို့လည်း ဆိုပါတယ်။ Prism White, Black နဲ့ Blue ဆိုပြီး အရောင်သုံးမျိုး ရှိတယ်လို့လည်း သတင်းထွက်ထားပေမယ့် တရားဝင်ထွက်လာခချိန်ကိုပဲ စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena