Zawgyi

မေလးရွားႏုိင္ငံ၊ ကြာလာလမ္ပူၿမိဳ႕မွာ WESG (World Electronic Sports Games) ၿပိဳင္ပြဲႀကီးရဲ႕ SEA Finals (အေရွ႕ေတာင္အာရွ ဖိုင္နယ္ပြဲစဥ္) မ်ားကို က်င္းပေနခဲ့ၿပီး ပုံမွန္ Esports ၿပိဳင္ပြဲေတြလို ကလပ္အသင္းေတြအစား ႏုိင္ငံကုိယ္စားျပဳအသင္းေတြက ဝင္ေရာက္ယွဥ္ၿပိဳင္ရတဲ့ ထူးထူးျခားျခား ၿပိဳင္ပြဲတစ္ခုျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲကို အႏုိင္ရသူေတြဟာ တရုတ္ႏုိင္ငံမွာ ဆက္လက္က်င္းပသြားမယ့္ WESG ၿပိဳင္ပြဲႀကီးကို တုိက္ေရာက္ခြင့္ရမွာျဖစ္ၿပီး တစ္ကမာၻလုံးက Esports ၾကယ္ပြင့္ေတြနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမွာပါ။ ဒါ့ေၾကာင့္ WESG ၿပိဳင္ပြဲဟာ အုိလံပစ္ဖလား ေဘာလုံးၿပိဳင္ပြဲအတြက္ ေဒသအဆင့္ ေျခစစ္ပြဲနဲ႔ အလားသ႑ာန္တူပါတယ္။

WESG S.E.A ပြဲကို ျမန္မာႏုိင္ငံမွာ Dota 2 အသင္း၊ CSGO ေယာက္်ားေလးအသင္း၊ CSGO မိန္းကေလးအသင္းနဲ႔ Starcraft 2 ကိုယ္စားျပဳကစားသမားေတြ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ႏုိင္ငံဆယ္ႏုိင္ငံအတြက္ တစ္အုပ္စုကို ငါးႏုိင္ငံစီ ယွဥ္ၿပိဳင္ေစၿပီး ထိပ္ဆုံးႏွစ္သင္းသာ တက္ေရာက္ခြင့္ရမွာျဖစ္တဲ့အတြက္ CSGO ေယာက္်ားေလးအသင္းနဲ႔ Starcraft 2 အသင္းေတြဟာ တတိယေနရာသာရရွိခဲ့လို႔ ရႈံးထြက္အဆင့္နဲ႔လြဲေခ်ာ္ခဲ့ေပမယ့္ Dota 2 အသင္းကေတာ့ အိမ္ရွင္မေလးနဲ႔ ေဒသတြင္း အင္အားႀကီးၿပိဳင္ဘက္ျဖစ္တဲ့ စင္ကာပူအသင္းေတြကိုပါ အုပ္စုအတြင္းမွာ အႏုိင္ရရွိခဲ့ၿပီး လာအုိအသင္းကို ရႈံးနိမ့္ကာ အုပ္စုဒုတိယနဲ႔ ရႈံးထြက္အဆင့္ကို တက္ေရာက္ခဲ့ပါတယ္။

ယခင္ႏွစ္က WESG တတိယဆုရအသင္းသားေဟာင္းေတြ ျဖစ္တဲ့ Leo, Insane, ShowTi, Raprap, Kenji တုိ႔ ပါဝင္တဲ့ ျမန္မာကိုယ္စားျပဳ Dota 2 အသင္း Team Cyanide ဟာ ဆီမီးဖိုင္နယ္မွာ ေဒသတြင္း အေကာင္းဆုံး Dota 2 အသင္းျဖစ္တဲ့ ဖိလစ္ပိုင္ကုိယ္စားျပဳ TNC နဲ႔ရင္ဆုိင္ခဲ့ရတဲ့အတြက္ ရႈံးနိမ့္ခဲ့ရၿပီး တတိယေနရာလုပြဲကို ဆင္းသက္ခဲ့ရပါတယ္။

တတိယေနရာလုပြဲမွာလည္း အုပ္စုအဆင့္မွာ ရႈံးနိမ့္ခဲ့တဲ့ လာအုိအေျခစိုက္ Aggressive Slayers အသင္းနဲ႔ ျပန္လည္ေတြ႕ဆုံခဲ့ၿပီး ဒီတစ္ခါေတာ့ ပထမတစ္ခါရႈံးနိမ့္မႈကိုသင္ခန္းစာယူၿပီး အေကာင္းဆုံးျပင္ဆင္ႏုိင္ခဲ့တဲ့ ျမန္မာအသင္းက လာအုိအသင္းကို ၂ – ၁ ရလဒ္နဲ႔ အႏုိင္ရရွိကာ တတိယေနရာကို ထိုက္ထိုက္တန္တန္ရရွိခဲ့တာျဖစ္ပါတယ္။

ဒီပြဲရဲ႕ ခ်န္ပီယံေနရာကိုေတာ့ မႏွစ္က WESG ခ်န္ပီယံေဟာင္းျဖစ္တဲ့ TNC ကပဲ ရယူခဲ့သလုိ မႏွစ္က တတိယဆု ရရွိခဲ့တဲ့ ျမန္မာအသင္းဟာ ဒီႏွစ္မွာလည္း တတိယဆုကို ေနာက္တစ္ႀကိမ္ဆြတ္ခူးႏုိင္ခဲ့တဲ့အတြက္ ျမန္မာ Dota 2 ဟာ ေဒသတြင္းမွာေတာ့ အနည္းဆုံး ထိပ္သီးသုံးသင္းစာရင္းဝင္တယ္လို႔ ဆုိႏုိင္ပါတယ္။

တတိယရရွိခဲ့တဲ့ ျမန္မာအသင္း Team Cyanide ဟာ ဆုေၾကးေငြ အေမရိကန္ေဒၚလာ ၂၀၀၀ နဲ႔အတူ တရုတ္ႏုိင္ငံမွာ က်င္းပမယ့္ WESG ၿပိဳင္ပြဲကို ဝင္ေရာက္ခြင့္အတြက္ လက္ရည္စစ္ပြဲေနာက္တစ္ဆင့္ကိုပါ တက္ေရာက္ခြင့္ ရရွိခဲ့ပါတယ္။

ျမန္မာကစားသမားမ်ားႏွင့္ TNC အသင္းသားမ်ား

ဒါဟာ နီးကပ္လာၿပီျဖစ္တဲ့ ဆီးဂိမ္းအတြက္ အေကာင္းဆုံးလက္ရည္စမ္းပြဲတစ္ခုျဖစ္သလို Team Cyanide အဖြဲ႕သားေတြဟာ လာမယ့္ ဖိလစ္ပိုင္ဆီးဂိမ္းမွာ Dota 2 ၿပိဳင္ပြဲအတြက္လည္း ထပ္မံယွဥ္ၿပိဳင္ၾကဦးမယ့္သူေတြ ျဖစ္ပါတယ္။ WESG SEA ခ်န္ပီယံ TNC အသင္းကေတာ့ ပရုိ Dota 2 အသင္းတစ္သင္းျဖစ္တဲ့အတြက္ ဆီးဂိမ္းမွာ ပါဝင္ယွဥ္ၿပိဳင္မွာ မဟုတ္ဘဲ သူတုိ႔ကို WESG Qualifier မွာရႈံးနိမ့္ခဲ့တဲ့ Team Adroit အသင္းသားေတြကသာ ဖိလစ္ပိုင္ကိုယ္စားျပဳအေနနဲ႔ ပါဝင္မွာျဖစ္လုိ႔ ဆီးဂိမ္းမွာ ျမန္မာ Dota 2 အသင္းဟာ အေကာင္းဆုံးရလဒ္ကို ေမွ်ာ္မွန္းခြင့္ရွိတယ္လို႔ ေျပာရင္ မလြန္ပါဘူး။

Unicode

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ WESG (World Electronic Sports Games) ပြိုင်ပွဲကြီးရဲ့ SEA Finals (အရှေ့တောင်အာရှ ဖိုင်နယ်ပွဲစဉ်) များကို ကျင်းပနေခဲ့ပြီး ပုံမှန် Esports ပြိုင်ပွဲတွေလို ကလပ်အသင်းတွေအစား နိုင်ငံကိုယ်စားပြုအသင်းတွေက ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ထူးထူးခြားခြား ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို အနိုင်ရသူတွေဟာ တရုတ်နိုင်ငံမှာ ဆက်လက်ကျင်းပသွားမယ့် WESG ပြိုင်ပွဲကြီးကို တိုက်ရောက်ခွင့်ရမှာဖြစ်ပြီး တစ်ကမ္ဘာလုံးက Esports ကြယ်ပွင့်တွေနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။ ဒါ့ကြောင့် WESG ပြိုင်ပွဲဟာ အိုလံပစ်ဖလား ဘောလုံးပြိုင်ပွဲအတွက် ဒေသအဆင့် ခြေစစ်ပွဲနဲ့ အလားသဏ္ဍာန်တူပါတယ်။

WESG S.E.A ပွဲကို မြန်မာနိုင်ငံမှာ Dota 2 အသင်း၊ CSGO ယောက်ျားလေးအသင်း၊ CSGO မိန်းကလေးအသင်းနဲ့ Starcraft 2 ကိုယ်စားပြုကစားသမားတွေ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နိုင်ငံဆယ်နိုင်ငံအတွက် တစ်အုပ်စုကို ငါးနိုင်ငံစီ ယှဉ်ပြိုင်စေပြီး ထိပ်ဆုံးနှစ်သင်းသာ တက်ရောက်ခွင့်ရမှာဖြစ်တဲ့အတွက် CSGO ယောက်ျားလေးအသင်းနဲ့ Starcraft 2 အသင်းတွေဟာ တတိယနေရာသာရရှိခဲ့လို့ ရှုံးထွက်အဆင့်နဲ့လွဲချော်ခဲ့ပေမယ့် Dota 2 အသင်းကတော့ အိမ်ရှင်မလေးနဲ့ ဒေသတွင်း အင်အားကြီးပြိုင်ဘက်ဖြစ်တဲ့ စင်ကာပူအသင်းတွေကိုပါ အုပ်စုအတွင်းမှာ အနိုင်ရရှိခဲ့ပြီး လာအိုအသင်းကို ရှုံးနိမ့်ကာ အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ယခင်နှစ်က WESG တတိယဆုရအသင်းသားဟောင်းတွေ ဖြစ်တဲ့ Leo, Insane, ShowTi, Raprap, Kenji တို့ ပါဝင်တဲ့ မြန်မာကိုယ်စားပြု Dota 2 အသင်း Team Cyanide ဟာ ဆီမီးဖိုင်နယ်မှာ ဒေသတွင်း အကောင်းဆုံး Dota 2 အသင်းဖြစ်တဲ့ ဖိလစ်ပိုင်ကိုယ်စားပြု TNC နဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက် ရှုံးနိမ့်ခဲ့ရပြီး တတိယနေရာလုပွဲကို ဆင်းသက်ခဲ့ရပါတယ်။

တတိယနေရာလုပွဲမှာလည်း အုပ်စုအဆင့်မှာ ရှုံးနိမ့်ခဲ့တဲ့ လာအိုအခြေစိုက် Aggressive Slayers အသင်းနဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီး ဒီတစ်ခါတော့ ပထမတစ်ခါရှုံးနိမ့်မှုကိုသင်ခန်းစာယူပြီး အကောင်းဆုံးပြင်ဆင်နိုင်ခဲ့တဲ့ မြန်မာအသင်းက လာအိုအသင်းကို ၂ – ၁ ရလဒ်နဲ့ အနိုင်ရရှိကာ တတိယနေရာကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲရဲ့ ချန်ပီယံနေရာကိုတော့ မနှစ်က WESG ချန်ပီယံဟောင်းဖြစ်တဲ့ TNC ကပဲ ရယူခဲ့သလို မနှစ်က တတိယဆု ရရှိခဲ့တဲ့ မြန်မာအသင်းဟာ ဒီနှစ်မှာလည်း တတိယဆုကို နောက်တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် မြန်မာ Dota 2 ဟာ ဒေသတွင်းမှာတော့ အနည်းဆုံး ထိပ်သီးသုံးသင်းစာရင်းဝင်တယ်လို့ ဆိုနိုင်ပါတယ်။

တတိယရရှိခဲ့တဲ့ မြန်မာအသင်း Team Cyanide ဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၀၀၀ နဲ့အတူ တရုတ်နိုင်ငံမှာ ကျင်းပမယ့် WESG ပြိုင်ပွဲကို ဝင်ရောက်ခွင့်အတွက် လက်ရည်စစ်ပွဲနောက်တစ်ဆင့်ကိုပါ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။

မြန်မာကစားသမားများနှင့် TNC အသင်းသားများ

ဒါဟာ နီးကပ်လာပြီဖြစ်တဲ့ ဆီးဂိမ်းအတွက် အကောင်းဆုံးလက်ရည်စမ်းပွဲတစ်ခုဖြစ်သလို Team Cyanide အဖွဲ့သားတွေဟာ လာမယ့် ဖိလစ်ပိုင်ဆီးဂိမ်းမှာ Dota 2 ပြိုင်ပွဲအတွက်လည်း ထပ်မံယှဉ်ပြိုင်ကြဦးမယ့်သူတွေ ဖြစ်ပါတယ်။ WESG SEA ချန်ပီယံ TNC အသင်းကတော့ ပရို Dota 2 အသင်းတစ်သင်းဖြစ်တဲ့အတွက် ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘဲ သူတို့ကို WESG Qualifier မှာရှုံးနိမ့်ခဲ့တဲ့ Team Adroit အသင်းသားတွေကသာ ဖိလစ်ပိုင်ကိုယ်စားပြုအနေနဲ့ ပါဝင်မှာဖြစ်လို့ ဆီးဂိမ်းမှာ မြန်မာ Dota 2 အသင်းဟာ အကောင်းဆုံးရလဒ်ကို မျှော်မှန်းခွင့်ရှိတယ်လို့ ပြောရင် မလွန်ပါဘူး။