Zawgyi
Xiaomi ဟာ သူတုိ႔ရဲ႕ Mi CC9 Pro စမတ္ဖုန္းကို တရုတ္ႏုိင္ငံတြင္းမွာ မိတ္ဆက္လာၿပီး ဒီဖုန္းဟာ ႏုိင္ငံတကာေစ်းကြက္ကို Mi Note 10 အေနနဲ႔ ထြက္ရွိလာမွာပါ။ Mi Note 10 လို႔အမည္ေပးထားေပမယ့္ ေနာက္ဆုံးထြက္ခဲ့တဲ့ Mi Note စီးရီးက ၂၀၁၇ ခုႏွစ္က Mi Note 3 သာျဖစ္ၿပီး ၾကားထဲမွာ Mi Note အမည္ကို မေတြ႕ခဲ့ရတဲ့ ပရိသတ္ေတြအတြက္ေတာ့ ဒါဟာႀကီးမားတဲ့ ထုတ္ကုန္သစ္မိတ္ဆက္ပြဲျဖစ္လာမွာပါ။
Xiaomi Mi Note 10 ကို ပုိလန္ အပါအဝင္ ႏုိင္ငံတကာေစ်းကြက္အခ်ဳိ႕မွာ ႏုိဝင္ဘာ ၁၄ ရက္ေန႔မွာ မိတ္ဆက္လာမယ္လို႔ ႀကိဳတင္ေၾကညာထားခဲ့ေပမယ့္ ယေန႔မွာေတာ့ Xiaomi ရဲ႕ တရားဝင္တြစ္တာကေန အံ့ၾသစရာ သတင္းတစ္ခုကို ထပ္မံေဖာ္ျပလာခဲ့ပါတယ္။ အဲဒါကေတာ့ Mi Note 10 ကုိ စပိန္ႏုိင္ငံ၊ မက္ဒရစ္ၿမိဳ႕မွာ လာမယ့္ ႏုိဝင္ဘာ ၆ ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မယ္ ဆုိတာပါပဲ။
အဆုိပါ Tweet ထဲမွာေတာ့ ကမာၻ႕ပထမဆုံး 108MP Sensor နဲ႔ Penta-camera (ကင္မရာစုစုေပါင္းငါးလုံး) ပါဝင္တဲ့ စမတ္ဖုန္းလို႔ ဆုိထားတာေၾကာင့္ လက္ရွိ Xiaomi က မိတ္ဆက္ဖို႔ျပင္ဆင္ေနတဲ့ Mi Note 10 ဆုိတာ ေသခ်ာေနပါတယ္။
Mi Note 10 စမတ္ဖုန္းမွာ 6.47” လက္မအရြယ္ Curved OLED Display နဲ႔ပြဲထြက္လာဖို႔ရွိၿပီး Full HD+ Resolution ေထာက္ပံ့ေပးမွာပါ။ အတြင္းမွာ Snapdragon 730G ခ်စ္ပ္ဆက္နဲ႔ 8GB RAM တုိ႔ အသုံးျပဳထားတယ္။ ဘကၳရီက 5,260 mAh ေတာင္ျဖစ္ၿပီး 30W အားအျမန္သြင္းစနစ္နဲ႔ျဖစ္ပါတယ္။
အခုလိုရုတ္တရက္ႀကီးေၾကညာလာခဲ့တာေၾကာင့္ ကမာၻတလႊားက Mi ပရိသတ္ေတြ အံ့ၾသစရာျဖစ္သြားခဲ့ရၿပီး အခ်ိန္ၾကာျမင့္စြာ ေမွ်ာ္လင့္ေနၾကတဲ့ Mi Note ထုတ္ကုန္လုိင္းရဲ႕ အဖြဲ႕ဝင္သစ္ကိုလည္း တစ္ပတ္ေလာက္ေစာၿပီး ျမင္ရေတာ့မွာပါ။
Ref – Gizmo China
Unicode
Xiaomi ဟာ သူတို့ရဲ့ Mi CC9 Pro စမတ်ဖုန်းကို တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်လာပြီး ဒီဖုန်းဟာ နိုင်ငံတကာဈေးကွက်ကို Mi Note 10 အနေနဲ့ ထွက်ရှိလာမှာပါ။ Mi Note 10 လို့အမည်ပေးထားပေမယ့် နောက်ဆုံးထွက်ခဲ့တဲ့ Mi Note စီးရီးက ၂၀၁၇ ခုနှစ်က Mi Note 3 သာဖြစ်ပြီး ကြားထဲမှာ Mi Note အမည်ကို မတွေ့ခဲ့ရတဲ့ ပရိသတ်တွေအတွက်တော့ ဒါဟာကြီးမားတဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲဖြစ်လာမှာပါ။
Xiaomi Mi Note 10 ကို ပိုလန် အပါအဝင် နိုင်ငံတကာဈေးကွက်အချို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ မိတ်ဆက်လာမယ်လို့ ကြိုတင်ကြေညာထားခဲ့ပေမယ့် ယနေ့မှာတော့ Xiaomi ရဲ့ တရားဝင်တွစ်တာကနေ အံ့သြစရာ သတင်းတစ်ခုကို ထပ်မံဖော်ပြလာခဲ့ပါတယ်။ အဲဒါကတော့ Mi Note 10 ကို စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ လာမယ့် နိုဝင်ဘာ ၆ ရက်နေ့မှာ မိတ်ဆက်သွားတော့မယ် ဆိုတာပါပဲ။
အဆိုပါ Tweet ထဲမှာတော့ ကမ္ဘာ့ပထမဆုံး 108MP Sensor နဲ့ Penta-camera (ကင်မရာစုစုပေါင်းငါးလုံး) ပါဝင်တဲ့ စမတ်ဖုန်းလို့ ဆိုထားတာကြောင့် လက်ရှိ Xiaomi က မိတ်ဆက်ဖို့ပြင်ဆင်နေတဲ့ Mi Note 10 ဆိုတာ သေချာနေပါတယ်။
Mi Note 10 စမတ်ဖုန်းမှာ 6.47” လက်မအရွယ် Curved OLED Display နဲ့ပွဲထွက်လာဖို့ရှိပြီး Full HD+ Resolution ထောက်ပံ့ပေးမှာပါ။ အတွင်းမှာ Snapdragon 730G ချစ်ပ်ဆက်နဲ့ 8GB RAM တို့ အသုံးပြုထားတယ်။ ဘက္ထရီက 5,260 mAh တောင်ဖြစ်ပြီး 30W အားအမြန်သွင်းစနစ်နဲ့ဖြစ်ပါတယ်။
အခုလိုရုတ်တရက်ကြီးကြေညာလာခဲ့တာကြောင့် ကမ္ဘာတလွှားက Mi ပရိသတ်တွေ အံ့သြစရာဖြစ်သွားခဲ့ရပြီး အချိန်ကြာမြင့်စွာ မျှော်လင့်နေကြတဲ့ Mi Note ထုတ်ကုန်လိုင်းရဲ့ အဖွဲ့ဝင်သစ်ကိုလည်း တစ်ပတ်လောက်စောပြီး မြင်ရတော့မှာပါ။
Ref – Gizmo China