Zawgyi
Mi CC9 Pro စမတ္ဖုန္းနဲ႔အတူ Xiaomi ဟာ မ်ဳိးဆက္သစ္ Mi Watch ကိုလည္း မိတ္ဆက္လာခဲ့ပါတယ္။ ဒီစမတ္နာရီဟာလည္း Mi အမွတ္တံဆိပ္ကို သယ္ေဆာင္လာတဲ့ ပထမဆုံး Smartwatch ျဖစ္ပါတယ္။ သူ႕မွာ သာမာန္ Smartwatch ေတြထက္ ပုိအားသာတဲ့ Feature ေတြလည္း ပါဝင္ၿပီး Xiaomi က ဒီကိရိယာေလးကို “သင့္လက္ေကာက္ဝတ္ ေပၚက စမတ္ဖုန္းငယ္” လို႔ ေၾကာ္ျငာလာခဲ့ပါတယ္။
Mi Watch ဟာ 1.78” လက္မ AMOLED Display နဲ႔ထြက္လာၿပီး 44mm ကိုယ္ထည္နဲ႔ျဖစ္ပါတယ္။ ေနာက္ဘက္ကုိ ေၾကြသားနဲ႔ျပဳလုပ္ထားကာ ညာဘက္မွာ တစ္ခုတည္းေသာ Button နဲ႔ Crown ေလးပါဝင္ၿပီး အဲ့ဒါနဲ႔ Interface ကို အသုံးျပဳရမွာပါ။ ဘယ္ဘက္ျခမ္းမွာ စပီကာတစ္လုံးနဲ႔ မုိက္ကရုိဖုန္းတုိ႔ ရွိပါတယ္။ Bluetooth, NFC နဲ႔ eSIM ေထာက္ပံ့ႏုိင္စြမ္းေတြ ပါဝင္တယ္။
သူ႕ရဲ႕စက္ႏွင္စနစ္ကေတာ့ Google ရဲ႕ Wear OS ကို Xiaomi ကိုယ္ပုိင္ MIUI ထပ္အုပ္ထားတာပါ။ ဒါဟာ Google ရဲ႕ Smartwatch စက္ႏွင္စနစ္ ပလက္ေဖာင္းေပၚမွာ ပထမဦးဆုံးအျဖစ္ Customized ျပဳလုပ္ထားတဲ့ ဗားရွင္းျဖစ္ပါတယ္။ နာရီအတြက္ MIUI မွာ Built-in App ေပါင္း ေလးဆယ္ေက်ာ္ပါဝင္ၿပီး Third-party Developers ေတြအတြက္လည္း သီးသန္႔ App Store တစ္ခု ပါလာျပန္တယ္။
အတြင္းမွာေတာ့ Snapdragon Wear 3100 4G ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး 1GB RAM နဲ႔ 8GB Storage ေတာင္ ပါဝင္လို႔ စမတ္နာရီတစ္ခုအတြက္ဆုိ ေတာ္ေတာ္ေလးခ်ီးက်ဴးစရာပါ။ ဘကၳရီက 4G နက္ဝပ္ဖြင့္ထားၿပီး အသုံးျပဳရင္ ၃၆ နာရီ (တစ္ရက္ခြဲ)ေလာက္ ခံမယ္လုိ႔ ဆုိပါတယ္။ Xiaomi ဟာ ဒီ Mi Watch ထဲမွာ 570 mAh ဘကၳရီကို အသုံးျပဳထားတဲ့အတြက္ ဒါဟာလည္း Smartwatch တစ္လုံးထဲမွာ ပါဖူးသမွ် အႀကီးဆုံးဘကၳရီပဲျဖစ္ပါတယ္။
ေလာေလာဆယ္မွာေတာ့ Mi Watch ဟာ တရုတ္ေစ်းကြက္မွာပဲ ေရာင္းခ်ေသးၿပီး ႏုိင္ငံတကာထြက္ရွိရက္ကိုလည္း မေၾကညာရေသးပါဘူး။ ႏုိဝင္ဘာ ၁၁ ရက္ေန႔မွာ တရုတ္ေစ်းကြက္ထဲ ျဖန္႔ခ်ိလာမွာျဖစ္ၿပီး ေစ်းႏႈန္းက တရုတ္ယြမ္ ၁၂၉၉ (ျမန္မာေငြ ႏွစ္သိန္းရွစ္ေသာင္း) သတ္မွတ္ထားပါတယ္။ Mi CC9 Pro ဖုန္းမွာလုိပဲ Mi Watch မွာလည္း Premium Edition ထြက္လာဦးမွာျဖစ္ၿပီး Sapphire Crystal Screen နဲ႔ စတိန္းလက္စတီးဖရိန္ပါဝင္လာမယ့္ အဆုိပါ Premium Edition က ယြမ္ ၁၉၉၉ (ျမန္မာေငြ ေလးသိန္းသုံးေသာင္း) က်သင့္မွာျဖစ္ကာ ႏွစ္ကုန္ကာနီးမွ ထြက္ရွိလာမယ္လို႔ ယူဆရပါတယ္။
Ref – GSM Arena
Unicode
Mi CC9 Pro စမတ်ဖုန်းနဲ့အတူ Xiaomi ဟာ မျိုးဆက်သစ် Mi Watch ကိုလည်း မိတ်ဆက်လာခဲ့ပါတယ်။ ဒီစမတ်နာရီဟာလည်း Mi အမှတ်တံဆိပ်ကို သယ်ဆောင်လာတဲ့ ပထမဆုံး Smartwatch ဖြစ်ပါတယ်။ သူ့မှာ သာမာန် Smartwatch တွေထက် ပိုအားသာတဲ့ Feature တွေလည်း ပါဝင်ပြီး Xiaomi က ဒီကိရိယာလေးကို “သင့်လက်ကောက်ဝတ် ပေါ်က စမတ်ဖုန်းငယ်” လို့ ကြော်ငြာလာခဲ့ပါတယ်။
Mi Watch ဟာ 1.78” လက်မ AMOLED Display နဲ့ထွက်လာပြီး 44mm ကိုယ်ထည်နဲ့ဖြစ်ပါတယ်။ နောက်ဘက်ကို ကြွေသားနဲ့ပြုလုပ်ထားကာ ညာဘက်မှာ တစ်ခုတည်းသော Button နဲ့ Crown လေးပါဝင်ပြီး အဲ့ဒါနဲ့ Interface ကို အသုံးပြုရမှာပါ။ ဘယ်ဘက်ခြမ်းမှာ စပီကာတစ်လုံးနဲ့ မိုက်ကရိုဖုန်းတို့ ရှိပါတယ်။ Bluetooth, NFC နဲ့ eSIM ထောက်ပံ့နိုင်စွမ်းတွေ ပါဝင်တယ်။
သူ့ရဲ့စက်နှင်စနစ်ကတော့ Google ရဲ့ Wear OS ကို Xiaomi ကိုယ်ပိုင် MIUI ထပ်အုပ်ထားတာပါ။ ဒါဟာ Google ရဲ့ Smartwatch စက်နှင်စနစ် ပလက်ဖောင်းပေါ်မှာ ပထမဦးဆုံးအဖြစ် Customized ပြုလုပ်ထားတဲ့ ဗားရှင်းဖြစ်ပါတယ်။ နာရီအတွက် MIUI မှာ Built-in App ပေါင်း လေးဆယ်ကျော်ပါဝင်ပြီး Third-party Developers တွေအတွက်လည်း သီးသန့် App Store တစ်ခု ပါလာပြန်တယ်။
အတွင်းမှာတော့ Snapdragon Wear 3100 4G ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 1GB RAM နဲ့ 8GB Storage တောင် ပါဝင်လို့ စမတ်နာရီတစ်ခုအတွက်ဆို တော်တော်လေးချီးကျူးစရာပါ။ ဘက္ထရီက 4G နက်ဝပ်ဖွင့်ထားပြီး အသုံးပြုရင် ၃၆ နာရီ (တစ်ရက်ခွဲ)လောက် ခံမယ်လို့ ဆိုပါတယ်။ Xiaomi ဟာ ဒီ Mi Watch ထဲမှာ 570 mAh ဘက္ထရီကို အသုံးပြုထားတဲ့အတွက် ဒါဟာလည်း Smartwatch တစ်လုံးထဲမှာ ပါဖူးသမျှ အကြီးဆုံးဘက္ထရီပဲဖြစ်ပါတယ်။
လောလောဆယ်မှာတော့ Mi Watch ဟာ တရုတ်ဈေးကွက်မှာပဲ ရောင်းချသေးပြီး နိုင်ငံတကာထွက်ရှိရက်ကိုလည်း မကြေညာရသေးပါဘူး။ နိုဝင်ဘာ ၁၁ ရက်နေ့မှာ တရုတ်ဈေးကွက်ထဲ ဖြန့်ချိလာမှာဖြစ်ပြီး ဈေးနှုန်းက တရုတ်ယွမ် ၁၂၉၉ (မြန်မာငွေ နှစ်သိန်းရှစ်သောင်း) သတ်မှတ်ထားပါတယ်။ Mi CC9 Pro ဖုန်းမှာလိုပဲ Mi Watch မှာလည်း Premium Edition ထွက်လာဦးမှာဖြစ်ပြီး Sapphire Crystal Screen နဲ့ စတိန်းလက်စတီးဖရိန်ပါဝင်လာမယ့် အဆိုပါ Premium Edition က ယွမ် ၁၉၉၉ (မြန်မာငွေ လေးသိန်းသုံးသောင်း) ကျသင့်မှာဖြစ်ကာ နှစ်ကုန်ကာနီးမှ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။
Ref – GSM Arena