[Zawgyi]
ၿပီးခဲ့တဲ့ ရက္ပိုင္းက Xiaomi ဟာ အၾကမ္းစား 108MP Penta Camera ပါတဲ့ Mi CC9 Pro ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ အဲဒီ ဖုန္းရဲ႕ Global Version ကို မိတ္ဆက္လိုက္ပါတယ္။ Xiaomi Mi Note 10 လို႔ နာမည္ေပးထားၿပီး ေစ်းႏႈန္းကြာတာနဲ႔ Google Services ေတြ ပါလာတာကလြဲလို႔ က်န္တဲ့ Specs အားလံုးက တူညီပါတယ္။ Mi Note 10 Pro ကိုလည္း ေရာင္းမယ္လို႔ သိရၿပီး Mi CC9 Pro Premium Edition ရဲ႕ Global Version ျဖစ္ပါတယ္။
Mi Note 10 Pro မွာ 108MP Sensor ရဲ႕ အေရွ႕မွာ 8P Lens တပ္ဆင္ထားၿပီး RAM နဲ႔ Storage အပိုပါလာပါတယ္။ ဒါေပမယ့္ တျခား Specs ေတြက Mi Note 10 နဲ႔ တူပါတယ္။ Mi Note 10 မွာ ၆.၄၇ လက္မ Super AMOLED Full HD+ Display တပ္ဆင္ထားၿပီး အရြယ္ေသး Notch နဲ႔ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ပါလာပါတယ္။
Snapdragon 730G Chipset နဲ႔ 6GB RAM ပါပါတယ္။ အေစာပိုင္း ဥေရာပမွာ ေရာင္းမယ့္ ေမာ္ဒယ္မွာ 128GB Storage ပါၿပီး microSD Slot မပါပါဘူး။ အေနာက္ဘက္မွာ 108MP Main , 5MP Telephoto (5x Optical Zoom) , 12MP (2x Zoom) , 20MP Wide-angle နဲ႔ Macro Lens ေတြ ပါပါတယ္။ ဒီလို အလန္းစား ကင္မရာေတြပါတဲ့ ပထမဆံုး ဖုန္းလို႔ Xiaomi က ေျပာပါတယ္။ ဆဲလ္ဖီး ကင္မရာက 32MP ျဖစ္ပါတယ္။ Night Mode 2.0 ပါလာၿပီး ညဘက္ေတြမွာ အလန္းစား ဓါတ္ပံုေတြ ဖမ္းယူေပးႏုိင္ပါတယ္။
30W Fast Charging ပါတဲ့ 5,260mAh Battery ပါေပမယ့္ ႀကိဳးမဲ့အားသြင္းစနစ္ေတာ့ မပါပါဘူး။ IP Rating မပါတာကလည္း သိပ္မမိုက္ပါဘူး။ Aurora Green, Glacier White နဲ႔ Midnight Black အေရာင္ေတြ ထုတ္လုပ္ထားၿပီး ဒီလ ၁၁ ရက္ေန႔မွာ ဂ်ာမနီမွာ စေရာင္းမွာပါ။ Mi Note 10 ကို ၅၄၉ ယူရို နဲ႔ Mi Note 10 Pro ကို ၆၄၉ ယူရို သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၉၂၀,၀၀၀ နဲ႔ ၁,၀၉၀,၀၀၀ ေလာက္ရွိပါတယ္။
Ref : gsmarena
[Unicode]
Xiaomi Mi CC9 Pro ရဲ့ Global ဗားရှင်း Mi Note 10 ကို ကြေညာပြီ
ပြီးခဲ့တဲ့ ရက်ပိုင်းက Xiaomi ဟာ အကြမ်းစား 108MP Penta Camera ပါတဲ့ Mi CC9 Pro ကို ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ ဖုန်းရဲ့ Global Version ကို မိတ်ဆက်လိုက်ပါတယ်။ Xiaomi Mi Note 10 လို့ နာမည်ပေးထားပြီး ဈေးနှုန်းကွာတာနဲ့ Google Services တွေ ပါလာတာကလွဲလို့ ကျန်တဲ့ Specs အားလုံးက တူညီပါတယ်။ Mi Note 10 Pro ကိုလည်း ရောင်းမယ်လို့ သိရပြီး Mi CC9 Pro Premium Edition ရဲ့ Global Version ဖြစ်ပါတယ်။
Mi Note 10 Pro မှာ 108MP Sensor ရဲ့ အရှေ့မှာ 8P Lens တပ်ဆင်ထားပြီး RAM နဲ့ Storage အပိုပါလာပါတယ်။ ဒါပေမယ့် တခြား Specs တွေက Mi Note 10 နဲ့ တူပါတယ်။ Mi Note 10 မှာ ၆.၄၇ လက်မ Super AMOLED Full HD+ Display တပ်ဆင်ထားပြီး အရွယ်သေး Notch နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။
Snapdragon 730G Chipset နဲ့ 6GB RAM ပါပါတယ်။ အစောပိုင်း ဥရောပမှာ ရောင်းမယ့် မော်ဒယ်မှာ 128GB Storage ပါပြီး microSD Slot မပါပါဘူး။ အနောက်ဘက်မှာ 108MP Main , 5MP Telephoto (5x Optical Zoom) , 12MP (2x Zoom) , 20MP Wide-angle နဲ့ Macro Lens တွေ ပါပါတယ်။ ဒီလို အလန်းစား ကင်မရာတွေပါတဲ့ ပထမဆုံး ဖုန်းလို့ Xiaomi က ပြောပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။ Night Mode 2.0 ပါလာပြီး ညဘက်တွေမှာ အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။
30W Fast Charging ပါတဲ့ 5,260mAh Battery ပါပေမယ့် ကြိုးမဲ့အားသွင်းစနစ်တော့ မပါပါဘူး။ IP Rating မပါတာကလည်း သိပ်မမိုက်ပါဘူး။ Aurora Green, Glacier White နဲ့ Midnight Black အရောင်တွေ ထုတ်လုပ်ထားပြီး ဒီလ ၁၁ ရက်နေ့မှာ ဂျာမနီမှာ စရောင်းမှာပါ။ Mi Note 10 ကို ၅၄၉ ယူရို နဲ့ Mi Note 10 Pro ကို ၆၄၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၉၂၀,၀၀၀ နဲ့ ၁,၀၉၀,၀၀၀ လောက်ရှိပါတယ်။
Ref : gsmarena