Zawgyi

ျမန္မာကိုယ္စားျပဳအေနနဲ႔ WESG ပြဲကိုသြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ Team Cyanide မွ ကစားသမားေတြဟာ လက္ရွိအသင္းနဲ႔လမ္းခြဲၿပီး ယခင္က အသုံးျပဳခဲ့တဲ့ Team Veteran အမည္ေအာက္ကေန ျပန္လည္ေဆာ့ကစားေနပါၿပီ။ သူတုိ႔ အခုယွဥ္ၿပိဳင္ဗုိလ္စြဲသြားတာကေတာ့ အႏုိင္ရသူဟာ ျပည္ပကိုသြားေရာက္ယွဥ္ၿပိဳင္ရဦးမယ့္ Predator League Myanmar Dota2 ၿပိဳင္ပြဲပဲျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲကို ျပည္တြင္းမွ အသင္းမ်ားစြာက လိဂ္ပုံစံနဲ႔ ပတ္လည္ယွဥ္ၿပိဳင္ၾကၿပီး အမွတ္အမ်ားဆုံးေလးသင္းက ရႈံးထြက္ကစားခဲ့ရတာပါ။ Double-Elimination Format နဲ႔ယွဥ္ၿပိဳင္ခဲ့ရာမွာ အဆင့္ ၁ နဲ႔ ၂ ျဖစ္တဲ့ Veteran နဲ႔ YG တုိ႔က Upper Finals ကစားခဲ့ရၿပီး Veteran မွ ၂ ပြဲျပတ္အႏုိင္ရကာ ဂရင္းဖိုင္နယ္မွာ ေစာင့္ေနခဲ့ပါတယ္။

Lower Bracket မွာေတာ့ အဆင့္ ၃ နဲ႔ ၄ ျဖစ္တဲ့ KingPanda နဲ႔ PrincePanda တုိ႔အရင္ယွဥ္ၿပိဳင္ခဲ့ရၿပီး တက္လာတဲ့ KingPanda Gaming နဲ႔ YG တုိ႔ထပ္မံယွဥ္ၿပိဳင္ခဲ့ရာမွာ King Panda Gaming က အႏုိင္ရရွိခဲ့ၿပီး ဗုိလ္လုပြဲကို တက္ေရာက္ခဲ့တာပါ။ ဗုိလ္လုပြဲမွာေတာ့ Veteran ကပဲ King Panda ကုိ ငါးပြဲကစားရာမွာ သုံးပြဲျပတ္နဲ႔ အႏုိင္ရရွိကာ ထုိက္ထိုက္တန္တန္ ဗုိလ္စြဲသြားခဲ့တာျဖစ္ပါတယ္။


အခုလိုဗုိလ္စြဲသြားတဲ့အတြက္ Veteran ဟာ ဆုေၾကးေငြ ၂၅ သိန္းက်ပ္ကို ရရွိခဲ့သလို ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလလယ္မွာ က်င္းပမယ့္ အာရွ-ပစိဖိတ္ Predator League ၿပိဳင္ပြဲကို သြားေရာက္ယွဥ္ၿပိဳင္ခြင့္ရသြားပါတယ္။ နာမည္ေက်ာ္ နည္းပညာကုမၸဏီေတြျဖစ္တဲ့ Intel, Microsoft တုိ႔က စပြန္ဆာေပးထားတဲ့ အဆုိပါၿပိဳင္ပြဲကို ဖိလစ္ပိုင္ၿမိဳ႕ေတာ္ မနီလာမွာက်င္းပသြားမွာျဖစ္ၿပီး Team Veteran ဟာ ထိုင္ဝမ္၊ စင္ကာပူ၊ မေလး၊ ဖိလစ္ပိုင္၊ ဘဂၤလားေဒ့ရွ္၊ အင္ဒို၊ အိႏၵိယ၊ သီရိလကၤာနဲ႔ မြန္ဂုိႏုိင္ငံေတြက လက္ရည္စစ္ပြဲေအာင္လာတဲ့ ခ်န္ပီယံအသင္းေတြနဲ႔ ယွဥ္ၿပိဳင္ကစားရမွာပါ။

Unicode

မြန်မာကိုယ်စားပြုအနေနဲ့ WESG ပွဲကိုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ Team Cyanide မှ ကစားသမားတွေဟာ လက်ရှိအသင်းနဲ့လမ်းခွဲပြီး ယခင်က အသုံးပြုခဲ့တဲ့ Team Veteran အမည်အောက်ကနေ ပြန်လည်ဆော့ကစားနေပါပြီ။ သူတို့ အခုယှဉ်ပြိုင်ဗိုလ်စွဲသွားတာကတော့ အနိုင်ရသူဟာ ပြည်ပကိုသွားရောက်ယှဉ်ပြိုင်ရဦးမယ့် Predator League Myanmar Dota2 ပြိုင်ပွဲပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ပြည်တွင်းမှ အသင်းများစွာက လိဂ်ပုံစံနဲ့ ပတ်လည်ယှဉ်ပြိုင်ကြပြီး အမှတ်အများဆုံးလေးသင်းက ရှုံးထွက်ကစားခဲ့ရတာပါ။ Double-Elimination Format နဲ့ယှဉ်ပြိုင်ခဲ့ရာမှာ အဆင့် ၁ နဲ့ ၂ ဖြစ်တဲ့ Veteran နဲ့ YG တို့က Upper Finals ကစားခဲ့ရပြီး Veteran မှ ၂ ပွဲပြတ်အနိုင်ရကာ ဂရင်းဖိုင်နယ်မှာ စောင့်နေခဲ့ပါတယ်။

Lower Bracket မှာတော့ အဆင့် ၃ နဲ့ ၄ ဖြစ်တဲ့ KingPanda နဲ့ PrincePanda တို့အရင်ယှဉ်ပြိုင်ခဲ့ရပြီး တက်လာတဲ့ KingPanda Gaming နဲ့ YG တို့ထပ်မံယှဉ်ပြိုင်ခဲ့ရာမှာ King Panda Gaming က အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။ ဗိုလ်လုပွဲမှာတော့ Veteran ကပဲ King Panda ကို ငါးပွဲကစားရာမှာ သုံးပွဲပြတ်နဲ့ အနိုင်ရရှိကာ ထိုက်ထိုက်တန်တန် ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။

အခုလိုဗိုလ်စွဲသွားတဲ့အတွက် Veteran ဟာ ဆုကြေးငွေ ၂၅ သိန်းကျပ်ကို ရရှိခဲ့သလို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလလယ်မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် Predator League ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့်ရသွားပါတယ်။ နာမည်ကျော် နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Intel, Microsoft တို့က စပွန်ဆာပေးထားတဲ့ အဆိုပါပြိုင်ပွဲကို ဖိလစ်ပိုင်မြို့တော် မနီလာမှာကျင်းပသွားမှာဖြစ်ပြီး Team Veteran ဟာ ထိုင်ဝမ်၊ စင်ကာပူ၊ မလေး၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒို၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ မွန်ဂိုနိုင်ငံတွေက လက်ရည်စစ်ပွဲအောင်လာတဲ့ ချန်ပီယံအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။