Zawgyi

Google ရဲ႕ SMS Application ျဖစ္တဲ့ Google Messages ဟာ အခုအခ်ိန္မွာ SMS Message ကေန တစ္ဆင့္ေပးပို႔လာတဲ့ Spam Messages ေတြနဲ႔ Phishing Messages ေတြကို ကာကြယ္ႏိုင္မယ့္ Feature အသစ္တစ္ခုကို မိတ္ဆက္ေပးလိုက္ပါၿပီ။ အဆိုပါ Feature ကိုေတာ့ “Verified SMS” လို႔ ေခၚဆိုထားတာျဖစ္ပါတယ္။

ယခင္တုန္းက Google Messages Version 4.2 မွာလည္း အခု Feature ကို Beta စတင္ေတြ႕ရွိခဲ့ရေပမယ့္ အခုအခ်ိန္မွာေတာ့ာ တရားဝင္စတင္စမ္းသပ္အသုံးျပဳႏိုင္ၿပီျဖစ္ပါတယ္။ Android Police ရဲ႕ အဆိုအရေတာ့ ယခု Feature ဟာ Default အေနနဲ႔ On ၿပီးသားျဖစ္ေနမွာျဖစ္ၿပီးေတာ့ Setting ထဲမွာလည္း သြားေရာက္ထိန္းခ်ဳပ္ႏိုင္တယ္လို႔ သိရပါတယ္။

အဆိုပါ Verified SMS Feature ကို On ထားမယ္ဆိုရင္ Google ကေန Business ေတြကေန ေပးပို႔တဲ့ SMS ေတြကို တစ္ဆင့္စစ္ေဆးမွာျဖစ္ၿပီးေတာ့ တကယ္လို႔ ယုံၾကည္ရတဲ့ Message ဆိုရင္ Verified ျဖစ္တဲ့ Icon ေလးေပၚေနမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Verified Message မဟုတ္တဲ့ နံပါတ္ေတြက ေပးပို႔တဲ့ Message ေတြထဲမွာ Website Link ေတြပါဝင္ေနတယ္ဆိုရင္ Phishing Link ျဖစ္ႏိုင္တယ္လို႔ ယူဆလို႔ရမွာပါ။

Google ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခု Feature အတြက္ ကိုယ့္ရဲ႕ Message ေတြကို Google ကေန ဖတ္ရႈမွာမဟုတ္ေပမယ့္ ဖုန္းနံပါတ္ကိုေတာ့ မွန္ကန္တဲ့ Code ဟုတ္မဟုတ္အတြက္ ရယူသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ေလာေလာဆယ္မွာ ဒီ Verified SMS Feature ဟာ US ၊ Poland နဲ႔ India ေတြမွာ စတင္အသုံးျပဳႏိုင္မွာျဖစ္ၿပီးေတာ့ မၾကာခင္မွာ တျခားေသာႏိုင္ငံေတြမွာပါ အသုံးျပဳလာႏိုင္မွာျဖစ္ပါတယ္။

Ref – 9to5Google

Unicode

Google ရဲ့ SMS Application ဖြစ်တဲ့ Google Messages ဟာ အခုအချိန်မှာ SMS Message ကနေ တစ်ဆင့်ပေးပို့လာတဲ့ Spam Messages တွေနဲ့ Phishing Messages တွေကို ကာကွယ်နိုင်မယ့် Feature အသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါပြီ။ အဆိုပါ Feature ကိုတော့ “Verified SMS” လို့ ခေါ်ဆိုထားတာဖြစ်ပါတယ်။

ယခင်တုန်းက Google Messages Version 4.2 မှာလည်း အခု Feature ကို Beta စတင်တွေ့ရှိခဲ့ရပေမယ့် အခုအချိန်မှာတော့ာ တရားဝင်စတင်စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Android Police ရဲ့ အဆိုအရတော့ ယခု Feature ဟာ Default အနေနဲ့ On ပြီးသားဖြစ်နေမှာဖြစ်ပြီးတော့ Setting ထဲမှာလည်း သွားရောက်ထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။

အဆိုပါ Verified SMS Feature ကို On ထားမယ်ဆိုရင် Google ကနေ Business တွေကနေ ပေးပို့တဲ့ SMS တွေကို တစ်ဆင့်စစ်ဆေးမှာဖြစ်ပြီးတော့ တကယ်လို့ ယုံကြည်ရတဲ့ Message ဆိုရင် Verified ဖြစ်တဲ့ Icon လေးပေါ်နေမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Verified Message မဟုတ်တဲ့ နံပါတ်တွေက ပေးပို့တဲ့ Message တွေထဲမှာ Website Link တွေပါဝင်နေတယ်ဆိုရင် Phishing Link ဖြစ်နိုင်တယ်လို့ ယူဆလို့ရမှာပါ။

Google ရဲ့ ပြောကြားချက်အရတော့ အခု Feature အတွက် ကိုယ့်ရဲ့ Message တွေကို Google ကနေ ဖတ်ရှုမှာမဟုတ်ပေမယ့် ဖုန်းနံပါတ်ကိုတော့ မှန်ကန်တဲ့ Code ဟုတ်မဟုတ်အတွက် ရယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာ ဒီ Verified SMS Feature ဟာ US ၊ Poland နဲ့ India တွေမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီးတော့ မကြာခင်မှာ တခြားသောနိုင်ငံတွေမှာပါ အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။

Ref – 9to5Google