Zawgyi
ဖိလစ္ပိုင္ႏုိင္ငံမွာ လက္ရွိက်င္းပေနတဲ့ အေရွ႕ေတာင္အာရွဆီးဂိမ္းအားကစားပြဲေတာ္မွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔အတြက္ ျမန္မာ့ကိုယ္စားျပဳ Esports ကစားသမားေတြဟာ ယေန႔မွာ ရန္ကုန္ၿမိဳ႕ အျပည္ျပည္ဆုိင္ရာေလဆိပ္ကေန စတင္ထြက္ခြာသြားပါၿပီ။
ဖိလစ္ပိုင္ ၂၀၁၉ ဆီးဂိမ္းမွာ Esports အမ်ဳိးအစားေအာက္ကေန ကစားနည္းေျခာက္မ်ဳိးပါဝင္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး Dota2, Starcraft 2, Hearthstone, Tekken 7, Mobile Legends နဲ႔ Arena of Valor တုိ႔ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံကေတာ့ PC ဂိမ္းျဖစ္တဲ့ Dota2 နဲ႔ မုိဘုိင္းဂိမ္းေတြျဖစ္တဲ့ MLBB, AOV တုိ႔ကို ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာပါ။
ဆီးဂိမ္း Esports ပြဲစဥ္ေတြဟာ ဒီဇင္ဘာလ ၅ ရက္ေန႔ကေန ၁၀ ရက္ေန႔အထိ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အရင္ဆုံး ကစားရမွာက ဒီဇင္ဘာ ၅ ရက္ေန႔မွာ စတင္မယ့္ Mobile Legends Bang Bang, Starcraft 2 နဲ႔ Hearthstone တုိ႔ျဖစ္ပါတယ္။ ျမန္မာအသင္းပါဝင္ယွဥ္ၿပိဳင္မယ့္ MLBB ဂိမ္းဟာ ဒီဇင္ဘာ ၅ – ၈ အတြင္းက်င္းပသြားမွာျဖစ္ပါတယ္။
အဲဒီ့ေနာက္မွာ ဒီဇင္ဘာ ၇ ရက္ေန႔မွာ Dota2 နဲ႔ AOV ပြဲစဥ္ေတြ စတင္ေဆာ့ကစားမွာျဖစ္ၿပီး ႏွစ္မ်ဳိးစလုံး ၉ ရက္ေန႔မွာ ေနာက္ဆုံးဖိုင္နယ္ပြဲစဥ္ေတြကို ေဆာ့ကစားရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ျမန္မာ Esports အသင္းေတြကို အားေပးမယ့္သူေတြအေနနဲ႔ အဆုိပါရက္ေတြမွာ ေစာင့္ေမွ်ာ္ၾကည့္ရႈႏုိင္မွာပဲျဖစ္ပါတယ္။
၂၀၁၉ ခုႏွစ္ဟာ ျမန္မာႏုိင္ငံ Esports ေလာကအတြက္ ထူးျခားတဲ့ႏွစ္တစ္ႏွစ္ျဖစ္ခဲ့ၿပီး လစဥ္လတုိင္း ျပည္တြင္းျပည္ပ ၿပိဳင္ပြဲေကာင္းမ်ားစြာ က်င္းပႏုိင္ခဲ့ပါတယ္။ ထူးျခားခ်က္ေတြအျဖစ္ လက္ရွိ Dota 2 ကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္မယ့္ Veteran (ယခင္ Team Cyanide) အသင္းဟာ WESG S.E.A Finals ပြဲမွာ အေရွ႕ေတာင္အာရွ အတြင္း တတိယဆုရရွိခဲ့သလို ပထမဆုံး MLBB ကမာၻ႕ဖလားလို႔ ဆုိရမယ့္ M1 ပြဲမွာလည္း ျမန္မာႏုိင္ငံက သြားေရာက္ယွဥ္ၿပဳိင္ခဲ့တဲ့ Burmese Ghouls အသင္းက စတုတၳရရွိခဲ့ပါတယ္။
Photo Credit – MESL Facebook Page
Unicode
ဖိလစ်ပိုင်နိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ အရှေ့တောင်အာရှဆီးဂိမ်းအားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် မြန်မာ့ကိုယ်စားပြု Esports ကစားသမားတွေဟာ ယနေ့မှာ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင်ထွက်ခွာသွားပါပြီ။
ဖိလစ်ပိုင် ၂၀၁၉ ဆီးဂိမ်းမှာ Esports အမျိုးအစားအောက်ကနေ ကစားနည်းခြောက်မျိုးပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး Dota2, Starcraft 2, Hearthstone, Tekken 7, Mobile Legends နဲ့ Arena of Valor တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ PC ဂိမ်းဖြစ်တဲ့ Dota2 နဲ့ မိုဘိုင်းဂိမ်းတွေဖြစ်တဲ့ MLBB, AOV တို့ကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။
ဆီးဂိမ်း Esports ပွဲစဉ်တွေဟာ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အရင်ဆုံး ကစားရမှာက ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်မယ့် Mobile Legends Bang Bang, Starcraft 2 နဲ့ Hearthstone တို့ဖြစ်ပါတယ်။ မြန်မာအသင်းပါဝင်ယှဉ်ပြိုင်မယ့် MLBB ဂိမ်းဟာ ဒီဇင်ဘာ ၅ – ၈ အတွင်းကျင်းပသွားမှာဖြစ်ပါတယ်။
အဲဒီ့နောက်မှာ ဒီဇင်ဘာ ၇ ရက်နေ့မှာ Dota2 နဲ့ AOV ပွဲစဉ်တွေ စတင်ဆော့ကစားမှာဖြစ်ပြီး နှစ်မျိုးစလုံး ၉ ရက်နေ့မှာ နောက်ဆုံးဖိုင်နယ်ပွဲစဉ်တွေကို ဆော့ကစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ Esports အသင်းတွေကို အားပေးမယ့်သူတွေအနေနဲ့ အဆိုပါရက်တွေမှာ စောင့်မျှော်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်ဟာ မြန်မာနိုင်ငံ Esports လောကအတွက် ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး လစဉ်လတိုင်း ပြည်တွင်းပြည်ပ ပြိုင်ပွဲကောင်းများစွာ ကျင်းပနိုင်ခဲ့ပါတယ်။ ထူးခြားချက်တွေအဖြစ် လက်ရှိ Dota 2 ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် Veteran (ယခင် Team Cyanide) အသင်းဟာ WESG S.E.A Finals ပွဲမှာ အရှေ့တောင်အာရှ အတွင်း တတိယဆုရရှိခဲ့သလို ပထမဆုံး MLBB ကမ္ဘာ့ဖလားလို့ ဆိုရမယ့် M1 ပွဲမှာလည်း မြန်မာနိုင်ငံက သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ Burmese Ghouls အသင်းက စတုတ္ထရရှိခဲ့ပါတယ်။
Photo Credit – MESL Facebook Page