Unicode

Call of Duty ဂိမ်းတွေဟာ First Person Shooter (FPS) ဂိမ်းတွေထဲမှာ အောင်မြင်ပြီးသား ဂိမ်းတွေလို့ပြောလို့ရပါတယ်။ Call of Duty ရဲ့ Developer ဖြစ်တဲ့ Activision နဲ့ Tencent တို့ ပူးပေါင်းပြီး Mobile Version အနေနဲ့ ထုတ်လုပ်ခဲ့တာအခုဆိုရင် အချိန် ၂ လကြာမြင့်သွားပြီဖြစ်သလို အောင်မြင်မှုကလည်း ကြောက်ခမန်းလိလိလို့တောင် ပြောရမှာပါ။

ဘာကြောင့်လဲဆိုရင် ဒီ ထွက်ရှိပြီး ၂ လအတွင်းမှာ Call of Duty: Mobile ဂိမ်းဟာ Download ပြုလုပ်သူ ၁၇၂ သန်းအထိရရှိခဲ့ပြီးတော့ Activision အနေနဲ့လည်း ဒေါ်လာ ၈၇ သန်းခန့် ရှာဖွေနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို Download ပြုလုပ်မှုတွေက ပထမဆုံး ၁ လအတွင်းမှာတင် ၁၄၆ သန်းရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတော့ Download ပြုလုပ်သူ ၂၁ သန်းကျော်ပဲရှိခဲ့တာဖြစ်ပါတယ်။

Call of Duty: Mobile ဂိမ်းဟာ US မှာတင် Download ပြုလုပ်မှုတွေရဲ့ ၁၆.၆ ရာခိုင်နှုန်းဖြစ်တဲ့ ၂၈.၅ သန်း Download ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ India က Download ပြုလုပ်သူ ၁၇.၅ သန်းနဲ့ ဒုတိယ၊ Brazil က Download ပြုလုပ်သူ ၁၂ သန်းနဲ့ တတိယနေရာမှာ ရှိနေတယ်လို့လည်း သိရပါတယ်။ Google Play Store ကနေ Download ရယူမှုက ၈၉ သန်းအထိရှိပြီး စုစုပေါင်း ၅၂ ရာခိုင်နှုန်းရှိနေသလို Apple App Store ကနေ Download ရယူမှုကတော့ ၈၃ သန်းနဲ့ ၄၈ ရာခိုင်နှုန်းရှိနေတာလည်းဖြစ်ပါတယ်။

အခု Call of Duty: Mobile ဂိမ်းဟာ ဝင်ငွေအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဒေါ်လာ ၅၅ သန်းရရှိခဲ့ပြီး နိုဝင်ဘာလမှာ ဒေါ်လာ ၃၁ သန်းရရှိခဲ့တယ်လို့ သိရပါတယ်။ အခု ဂိမ်းအတွင်းမှာ ဝယ်ယူမှုတွေက US အများဆုံးဖြစ်သလို Japan နဲ့ Great Britain နိုင်ငံတွေက အသီးသီးနောက်မှာရှိနေတာလည်းဖြစ်ပါတယ်။

Call of Duty: Mobile ဟာ လက်ရှိအချိန်မှာ အဓိကနိုင်ငံတော်တော်များများမှာ ထိပ်တန်းဂိမ်း ၂၅ ခုအတွင်းမှာရှိနေသလို PUBG Mobile လိုမျိုးပဲ Free to Play ဖြစ်သလို Update မြန်ဆန်တဲ့ Battle Royale ဂိမ်းတစ်ခုဖြစ်တဲ့အတွက် ဆက်လက်အောင်မြင်နေဦးမယ်လို့ ယူဆရပါတယ်။

Ref – Phone Arena

Zawgyi

Call of Duty ဂိမ္းေတြဟာ First Person Shooter (FPS) ဂိမ္းေတြထဲမွာ ေအာင္ျမင္ၿပီးသား ဂိမ္းေတြလို႔ေျပာလို႔ရပါတယ္။ Call of Duty ရဲ႕ Developer ျဖစ္တဲ့ Activision နဲ႔ Tencent တို႔ ပူးေပါင္းၿပီး Mobile Version အေနနဲ႔ ထုတ္လုပ္ခဲ့တာအခုဆိုရင္ အခ်ိန္ ၂ လၾကာျမင့္သြားၿပီျဖစ္သလို ေအာင္ျမင္မႈကလည္း ေၾကာက္ခမန္းလိလိလို႔ေတာင္ ေျပာရမွာပါ။

ဘာေၾကာင့္လဲဆိုရင္ ဒီ ထြက္ရွိၿပီး ၂ လအတြင္းမွာ Call of Duty: Mobile ဂိမ္းဟာ Download ျပဳလုပ္သူ ၁၇၂ သန္းအထိရရွိခဲ့ၿပီးေတာ့ Activision အေနနဲ႔လည္း ေဒၚလာ ၈၇ သန္းခန္႔ ရွာေဖြႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒီလို Download ျပဳလုပ္မႈေတြက ပထမဆုံး ၁ လအတြင္းမွာတင္ ၁၄၆ သန္းရွိခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ႏိုဝင္ဘာလမွာေတာ့ Download ျပဳလုပ္သူ ၂၁ သန္းေက်ာ္ပဲရွိခဲ့တာျဖစ္ပါတယ္။

Call of Duty: Mobile ဂိမ္းဟာ US မွာတင္ Download ျပဳလုပ္မႈေတြရဲ႕ ၁၆.၆ ရာခိုင္ႏႈန္းျဖစ္တဲ့ ၂၈.၅ သန္း Download ျပဳလုပ္ခဲ့တာျဖစ္ၿပီးေတာ့ India က Download ျပဳလုပ္သူ ၁၇.၅ သန္းနဲ႔ ဒုတိယ၊ Brazil က Download ျပဳလုပ္သူ ၁၂ သန္းနဲ႔ တတိယေနရာမွာ ရွိေနတယ္လို႔လည္း သိရပါတယ္။ Google Play Store ကေန Download ရယူမႈက ၈၉ သန္းအထိရွိၿပီး စုစုေပါင္း ၅၂ ရာခိုင္ႏႈန္းရွိေနသလို Apple App Store ကေန Download ရယူမႈကေတာ့ ၈၃ သန္းနဲ႔ ၄၈ ရာခိုင္ႏႈန္းရွိေနတာလည္းျဖစ္ပါတယ္။

အခု Call of Duty: Mobile ဂိမ္းဟာ ဝင္ေငြအေနနဲ႔ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာ ေဒၚလာ ၅၅ သန္းရရွိခဲ့ၿပီး ႏိုဝင္ဘာလမွာ ေဒၚလာ ၃၁ သန္းရရွိခဲ့တယ္လို႔ သိရပါတယ္။ အခု ဂိမ္းအတြင္းမွာ ဝယ္ယူမႈေတြက US အမ်ားဆုံးျဖစ္သလို Japan နဲ႔ Great Britain ႏိုင္ငံေတြက အသီးသီးေနာက္မွာရွိေနတာလည္းျဖစ္ပါတယ္။

Call of Duty: Mobile ဟာ လက္ရွိအခ်ိန္မွာ အဓိကႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ထိပ္တန္းဂိမ္း ၂၅ ခုအတြင္းမွာရွိေနသလို PUBG Mobile လိုမ်ိဳးပဲ Free to Play ျဖစ္သလို Update ျမန္ဆန္တဲ့ Battle Royale ဂိမ္းတစ္ခုျဖစ္တဲ့အတြက္ ဆက္လက္ေအာင္ျမင္ေနဦးမယ္လို႔ ယူဆရပါတယ္။

Ref – Phone Arena