Unicode

တရုတ်အခြေစိုက် ZTE ကုမ္ပဏီဟာ သူတို့ရဲ့ထုတ်ကုန်သစ် Axon 10s Pro ဖုန်းမှာ 5G ချိတ်ဆက်နိုင်စွမ်းနဲ့ Snapdragon 865 ချစ်ပ်ဆက်အသစ်တို့ ပါဝင်မယ်ဆိုတာ အသိပေးခဲ့ပြီးသားပါ။ ယနေ့မှာတော့ စမတ်ဖုန်းသစ်ကို တရားဝင်ကြေညာလာခဲ့ပြီး Flagship မော်ဒယ်အသစ်ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ ဈေးကွက်ထဲရောက်လာမယ့် 5G ဖုန်းတွေထဲက အစောဆုံးဟန်းဆက်တစ်ခုဖြစ်လာမှာပါ။

ZTE ရဲ့ မိုဘိုင်းဌာနဘက်က အမှုဆောင်အရာရှိချုပ် Feng Xu ရဲ့လက်နဲ့ Axon 10s Pro 5G စမတ်ဖုန်းကို မိတ်ဆက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းရဲ့ Render နဲ့ Live Image တွေအရတော့ မျိုးဆက်ဟောင်း Axon 10 Pro 5G နဲ့ ဒီဇိုင်းပိုင်း သိပ်မကွာဟပါဘူး။ ဒီဖုန်းရဲ့ဈေးနှုန်းက တရုတ်ယွမ် ၃၀၀၀ (မြန်မာငွေ ခြောက်သိန်းခွဲဝန်းကျင်) ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Axon 10s Pro ရဲ့ ချစ်ပ်ဆက်ကို အားလုံးကြိုသိခဲ့ရပြီး ယနေ့မှာတော့ ဒီဖုန်းမှာ LPDDR5 RAM နဲ့ UFS 3.0 Storage ကိုပါ အသုံးပြုမယ်လို့ ဆိုလာတဲ့အတွက် သူ့ရဲ့ Mid-range ဝန်းကျင်ဈေးနှုန်းနဲ့ဆိုရင် တော်တော်လေး မက်လောက်စရာဖြစ်နေပါတယ်။ ဒါ့အပြင် ကုမ္ပဏီက ဖုန်းရဲ့ Task လည်ပတ်မှုတွေကို ကူညီပေးနိုင်ဖို့ Z-Booster 2.0 ကိုပါ မိတ်ဆက်လာခဲ့ပြီး App-Booster နဲ့ System-Booster တို့ကို ပေါင်းစည်းထားတာဖြစ်ပါတယ်။

ဒီဖုန်းအသစ်မှာ Android 10 OS ကိုအခြေခံထားတာဖြစ်တဲ့ MiFavor 10 OS ကိုလည်း စောစီးစွာ အသုံးပြုရဦးမှာ ဖြစ်ပါတယ်။ ZTE Axon 10s Pro 5G စမတ်ဖုန်းဟာ အကြီးအကျယ်ပြောင်းလဲပြုပြင်ထားတဲ့ ဒီစက်နှင်စနစ်ကို အသုံးပြုလာမယ့် ပထမဆုံး စမတ်ဖုန်းဖြစ်လာမှာပါ။

Axon 10s Pro ဖုန်းဟာ အလေးချိန် 175g သာရှိပြီး 7.9mm သာထူမယ်လို့လည်း ZTE က ဂုဏ်ယူစွာ ပြောထားခဲ့တာကြောင့် ဒီဖုန်းဟာ ထွက်ရှိလာချိန်မှာ ဈေးကွက်ထဲက အပါးလွှာဆုံး 5G ဟန်းဆက်တွေထဲက တစ်လုံး ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena

Zawgyi

တရုတ္အေျခစုိက္ ZTE ကုမၸဏီဟာ သူတုိ႔ရဲ႕ထုတ္ကုန္သစ္ Axon 10s Pro ဖုန္းမွာ 5G ခ်ိတ္ဆက္ႏုိင္စြမ္းနဲ႔ Snapdragon 865 ခ်စ္ပ္ဆက္အသစ္တုိ႔ ပါဝင္မယ္ဆုိတာ အသိေပးခဲ့ၿပီးသားပါ။ ယေန႔မွာေတာ့ စမတ္ဖုန္းသစ္ကို တရားဝင္ေၾကညာလာခဲ့ၿပီး Flagship ေမာ္ဒယ္အသစ္ဟာ ၂၀၂၀ ခုႏွစ္အတြင္းမွာ ေစ်းကြက္ထဲေရာက္လာမယ့္ 5G ဖုန္းေတြထဲက အေစာဆုံးဟန္းဆက္တစ္ခုျဖစ္လာမွာပါ။

ZTE ရဲ႕ မုိဘိုင္းဌာနဘက္က အမႈေဆာင္အရာရွိခ်ဳပ္ Feng Xu ရဲ႕လက္နဲ႔ Axon 10s Pro 5G စမတ္ဖုန္းကို မိတ္ဆက္လာခဲ့တာျဖစ္ၿပီး ဒီဖုန္းရဲ႕ Render နဲ႔ Live Image ေတြအရေတာ့ မ်ဳိးဆက္ေဟာင္း Axon 10 Pro 5G နဲ႔ ဒီဇုိင္းပုိင္း သိပ္မကြာဟပါဘူး။ ဒီဖုန္းရဲ႕ေစ်းႏႈန္းက တရုတ္ယြမ္ ၃၀၀၀ (ျမန္မာေငြ ေျခာက္သိန္းခြဲဝန္းက်င္) ရွိမယ္လို႔ ခန္႔မွန္းရပါတယ္။

Axon 10s Pro ရဲ႕ ခ်စ္ပ္ဆက္ကို အားလုံးႀကိဳသိခဲ့ရၿပီး ယေန႔မွာေတာ့ ဒီဖုန္းမွာ LPDDR5 RAM နဲ႔ UFS 3.0 Storage ကိုပါ အသုံးျပဳမယ္လို႔ ဆုိလာတဲ့အတြက္ သူ႕ရဲ႕ Mid-range ဝန္းက်င္ေစ်းႏႈန္းနဲ႔ဆုိရင္ ေတာ္ေတာ္ေလး မက္ေလာက္စရာျဖစ္ေနပါတယ္။ ဒါ့အျပင္ ကုမၸဏီက ဖုန္းရဲ႕ Task လည္ပတ္မႈေတြကို ကူညီေပးႏုိင္ဖို႔ Z-Booster 2.0 ကုိပါ မိတ္ဆက္လာခဲ့ၿပီး App-Booster နဲ႔ System-Booster တုိ႔ကို ေပါင္းစည္းထားတာျဖစ္ပါတယ္။

ဒီဖုန္းအသစ္မွာ Android 10 OS ကိုအေျခခံထားတာျဖစ္တဲ့ MiFavor 10 OS ကိုလည္း ေစာစီးစြာ အသုံးျပဳရဦးမွာ ျဖစ္ပါတယ္။ ZTE Axon 10s Pro 5G စမတ္ဖုန္းဟာ အႀကီးအက်ယ္ေျပာင္းလဲျပဳျပင္ထားတဲ့ ဒီစက္ႏွင္စနစ္ကို အသုံးျပဳလာမယ့္ ပထမဆုံး စမတ္ဖုန္းျဖစ္လာမွာပါ။

Axon 10s Pro ဖုန္းဟာ အေလးခ်ိန္ 175g သာရွိၿပီး 7.9mm သာထူမယ္လို႔လည္း ZTE က ဂုဏ္ယူစြာ ေျပာထားခဲ့တာေၾကာင့္ ဒီဖုနး္ဟာ ထြက္ရွိလာခ်ိန္မွာ ေစ်းကြက္ထဲက အပါးလႊာဆုံး 5G ဟန္းဆက္ေတြထဲက တစ္လုံး ျဖစ္လာမယ္လို႔ ခန္႔မွန္းရပါတယ္။

Ref – GSM Arena