Unicode

မကြာသေးခင်က အင်တာနက်ပေါ် Leak ဖြစ်လာတဲ့ Oppo ပိုစတာတစ်ခုထဲမှာ မိတ်မဆက်ရသေးတဲ့ A91 နဲ့ A8 ဟန်းဆက်တွေရဲ့ အချက်အလက်အချို့ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီဟန်းဆက်တွေအကြောင်းကို ကြားရတာ အခုအကြိမ်ဟာ ပထမဆုံးဖြစ်ပါတယ်။

ပုံထဲမှာကြည့်ရတာတော့ A91 နဲ့ A8 တို့ဟာ Waterdrop စတိုင်လ် Notch လေးတွေနဲ့ ဆင်တူတဲ့ ဒီဇိုင်းကို ပိုင်ဆိုင်တာ တွေ့ရပါတယ်။ A8 စမတ်ဖုန်းမှာ နောက်ဘက်ကင်မရာသုံးလုံးပါဝင်လာပြီး A91 ကတော့ လေးလုံး (Quad-camera) ပါဝင်လာတဲ့ပုံပါပဲ။

Oppo A91 စမတ်ဖုန်းရဲ့ အဓိက ကင်မရာဟာ 48MP ဖြစ်ပြီး မန်မိုရီကတော့ 8/128GB လို့ဖော်ပြထားပါတယ်။ အားသွင်းစနစ်ကို VOOC 3.0 လို့ဖော်ပြထားတာကြောင့် 20W လို့ယူဆရပါတယ်။ A8 မှာတော့ 6.5” လက်မ Display တစ်ခု၊ 128GB Storage ပမာဏနဲ့ 4,230mAh ဘက္ထရီတို့ ပါဝင်ပါတယ်။

ဒီမှာပါဝင်တဲ့ ဖုန်းအသစ်နှစ်လုံးရဲ့ အချက်အလက်တွေကတော့ ဒါအကုန်ပါပဲ။ ဒါပေမယ့် ဒီပိုစတာပေါ်မှာ အများစောင့်မျှော်နေတဲ့ Reno3 နဲ့ Reno3 Pro 5G တို့ရဲ့ ဒီဇိုင်းတွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။

Ref – GSM Arena

Zawgyi

မၾကာေသးခင္က အင္တာနက္ေပၚ Leak ျဖစ္လာတဲ့ Oppo ပုိစတာတစ္ခုထဲမွာ မိတ္မဆက္ရေသးတဲ့ A91 နဲ႔ A8 ဟန္းဆက္ေတြရဲ႕ အခ်က္အလက္္အခ်ဳိ႕ပါဝင္လာခဲ့ပါတယ္။ ဒါ့အျပင္ ဒီဟန္းဆက္ေတြအေၾကာင္းကို ၾကားရတာ အခုအႀကိမ္ဟာ ပထမဆုံးျဖစ္ပါတယ္။

ပုံထဲမွာၾကည့္ရတာေတာ့ A91 နဲ႔ A8 တုိ႔ဟာ Waterdrop စတုိင္လ္ Notch ေလးေတြနဲ႔ ဆင္တူတဲ့ ဒီဇုိင္းကို ပိုင္ဆုိင္တာ ေတြ႕ရပါတယ္။ A8 စမတ္ဖုန္းမွာ ေနာက္ဘက္ကင္မရာသုံးလုံးပါဝင္လာၿပီး A91 ကေတာ့ ေလးလုံး (Quad-camera) ပါဝင္္လာတဲ့ပုံပါပဲ။

Oppo A91 စမတ္ဖုန္းရဲ႕ အဓိက ကင္မရာဟာ 48MP ျဖစ္ၿပီး မန္မုိရီကေတာ့ 8/128GB လို႔ေဖာ္ျပထားပါတယ္။ အားသြင္းစနစ္ကို VOOC 3.0 လုိ႔ေဖာ္ျပထားတာေၾကာင့္ 20W လုိ႔ယူဆရပါတယ္။ A8 မွာေတာ့ 6.5” လက္မ Display တစ္ခု၊ 128GB Storage ပမာဏနဲ႔ 4,230mAh ဘကၳရီတုိ႔ ပါဝင္ပါတယ္။

ဒီမွာပါဝင္တဲ့ ဖုန္းအသစ္ႏွစ္လုံးရဲ႕ အခ်က္အလက္ေတြကေတာ့ ဒါအကုန္ပါပဲ။ ဒါေပမယ့္ ဒီပိုစတာေပၚမွာ အမ်ားေစာင့္ေမွ်ာ္ေနတဲ့ Reno3 နဲ႔ Reno3 Pro 5G တုိ႔ရဲ႕ ဒီဇုိင္္းေတြကိုပါ ျမင္ေတြ႕ခဲ့ရပါတယ္။

Ref – GSM Arena