[Unicode]

ပြီးခဲ့တဲ့ သတင်းတွေမှာတုန်းက Samsung ဟာ Galaxy M30 နဲ့ Galaxy M30s တို့ကို ဆက်ခံမယ့် နောက်ထပ် မော်ဒယ်သစ်တစ်မျိုးကို စတင်လုပ်ဆောင်နေပြီလို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒီ ဟန်းဆက်ဟာ Galaxy M31 ဖြစ်တယ်လို့လည်း ကောလာဟလတွေ ထွက်ခဲ့ပြီးပါပြီ။ အခုတော့ Galaxy M31 လို့ ယူဆရတဲ့ Device ကို Geekbench မှာတွေ့နေရပါပြီ။

မော်ဒယ်နံပါတ် SM-M315 ဟာ Galaxy M31 ဖြစ်တယ်လို့ယူဆရပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်ရဲ့ အစောပိုင်းကာလတွေမှာ ဈေးကွက်ထဲကို ရောက်လာဖွယ်ရှိပါတယ်။ အခုအချိန်ထိတော့ ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။ ဒါပေမယ့် Geekbench Listing ကြောင့် အဓိကအစိတ်အပိုင်းအချို့ အကြောင်းကို သိကြရပြီ ဖြစ်ပါတယ်။

SM-M315F ဟာ Exynos 9611 chipset ကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဒီ SoC ကိုမှ 6GB of RAM နဲ့ တွဲဖက်ပေးထားတာဖြစ်တဲ့အတွက် အတော်လေးတော့ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ဖုန်းကို မောင်းနှင်ထားတာက Android 10 OS ဖြစ်ပါတယ်။ Single-Core ရမှတ်အနေနဲ့ 348 မှတ် ရရှိထားပြီး Multi-Core ရမှတ်ကတော့ 1214 မှတ်ရရှိထားတာလည်း တွေ့ရပါတယ်။

Samsung India ဟာ Galaxy M31 နဲ့ Galaxy M11 (SM-M115F) စမတ်ဖုန်းတွေကို စတင်လုပ်ဆောင်နေပြီလို့ သတင်းလည်း ထွက်ခဲ့ထားဖူးပါတယ်။ သတင်းအရ Galaxy M31 ကတော့ သိုလှောင်မှုပမာဏ 64GB နဲ့ဖြစ်ပြီး M11 ကတော့ 32GB နဲ့ဖြစ်မယ်လို့ သိရပါတယ်။ M11 ကတော့ Bureau of India (BIS) ရဲ့ အသိအမှတ်ပြုမှုကို ရရှိပြီး ဖြစ်ပါတယ်။

Gaalxy M31 ရော M11 နှစ်မျိုးစလုံးမှာ ကျောဘက်ကင်မရာ သုံးလုံးစီပါဝင်လာနိုင်ပြီး အဓိကကင်မရာက 48MP ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ဘက်ထရီပမာဏကတော့ ပြီးခဲ့တဲ့ Galaxy M30s ရဲ့ 6,000mAh ပမာဏထက် မနည်းဘူးလို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် သိပ်မကြာခင်အချိန်အတွင်းမှာ သတင်းတွေထပ်ပြီးထွက်ပေါ်လာဦးမှာဖြစ်လို့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: Gizmochina

[Zawgyi]

Samsung Galaxy M31 ကို Geekbench မွာေတြ႕ရၿပီ

ၿပီးခဲ့တဲ့ သတင္းေတြမွာတုန္းက Samsung ဟာ Galaxy M30 နဲ႔ Galaxy M30s တို႔ကို ဆက္ခံမယ့္ ေနာက္ထပ္ ေမာ္ဒယ္သစ္တစ္မ်ိဳးကို စတင္လုပ္ေဆာင္ေနၿပီလို႔ ေဖာ္ျပခဲ့ဖူးပါတယ္။ ဒီ ဟန္းဆက္ဟာ Galaxy M31 ျဖစ္တယ္လို႔လည္း ေကာလာဟလေတြ ထြက္ခဲ့ၿပီးပါၿပီ။ အခုေတာ့ Galaxy M31 လို႔ ယူဆရတဲ့ Device ကို Geekbench မွာေတြ႕ေနရပါၿပီ။

ေမာ္ဒယ္နံပါတ္ SM-M315 ဟာ Galaxy M31 ျဖစ္တယ္လို႔ယူဆရၿပီး လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ရဲ႕ အေစာပိုင္းကာလေတြမွာ ေဈးကြက္ထဲကို ေရာက္လာဖြယ္ရွိပါတယ္။ အခုအခ်ိန္ထိေတာ့ ဒီဟန္းဆက္နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို မသိရေသးပါဘူး။ ဒါေပမယ့္ Geekbench Listing ေၾကာင့္ အဓိကအစိတ္အပိုင္းအခ်ိဳ႕ အေၾကာင္းကို သိၾကရၿပီ ျဖစ္ပါတယ္။

SM-M315F ဟာ Exynos 9611 chipset ကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။ ဒီ SoC ကိုမွ 6GB of RAM နဲ႔ တြဲဖက္ေပးထားတာျဖစ္တဲ့အတြက္ အေတာ္ေလးေတာ့ စိတ္ဝင္စားဖို႔ေကာင္းေနပါၿပီ။ ဖုန္းကို ေမာင္းႏွင္ထားတာက Android 10 OS ျဖစ္ပါတယ္။ Single-Core ရမွတ္အေနနဲ႔ 348 မွတ္ ရရွိထားၿပီး Multi-Core ရမွတ္ကေတာ့ 1214 မွတ္ရရွိထားတာလည္း ေတြ႕ရပါတယ္။

Samsung India ဟာ Galaxy M31 နဲ႔ Galaxy M11 (SM-M115F) စမတ္ဖုန္းေတြကို စတင္လုပ္ေဆာင္ေနၿပီလို႔ သတင္းလည္း ထြက္ခဲ့ထားဖူးပါတယ္။ သတင္းအရ Galaxy M31 ကေတာ့ သိုေလွာင္မႈပမာဏ 64GB နဲ႔ျဖစ္ၿပီး M11 ကေတာ့ 32GB နဲ႔ျဖစ္မယ္လို႔ သိရပါတယ္။ M11 ကေတာ့ Bureau of India (BIS) ရဲ႕ အသိအမွတ္ျပဳမႈကို ရရွိၿပီး ျဖစ္ပါတယ္။

Gaalxy M31 ေရာ M11 ႏွစ္မ်ိဳးစလုံးမွာ ေက်ာဘက္ကင္မရာ သုံးလုံးစီပါဝင္လာႏိုင္ၿပီး အဓိကကင္မရာက 48MP ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဘက္ထရီပမာဏကေတာ့ ၿပီးခဲ့တဲ့ Galaxy M30s ရဲ႕ 6,000mAh ပမာဏထက္ မနည္းဘူးလို႔ ယူဆရပါတယ္။ ဘာပဲျဖစ္ျဖစ္ သိပ္မၾကာခင္အခ်ိန္အတြင္းမွာ သတင္းေတြထပ္ၿပီးထြက္ေပၚလာဦးမွာျဖစ္လို႔ စိတ္ရွည္ရွည္နဲ႔ ေစာင့္ၾကည့္ရဦးမွာပဲ ျဖစ္ပါတယ္။

Ref: Gizmochina