[Unicode]
iPhone ကင်မရာတွေအတွက်ထောက်ပံ့ပေးနေတဲ့ Sony ကတော့ သူတို့ရဲ့ထုတ်လုပ်မှုဟာ တစ်ရက်မှာ ၂၄ နာရီလုံး လည်ပတ်နေတာတောင်မှ များပြားလွန်းတဲ့ ဝယ်လိုအားကိုပြည့်မီအောင် ဖြေရှင်းဖို့ အချိန်မလောက်ဘူးလို့ ပြောလိုက်ပါတယ်။ Sony ဟာ စမတ်ဖုန်းအမှတ်တံဆိပ်အတော်များများအတွက် Sensors တွေ ပြုလုပ်ပေးနေရတာပါ။
အခုလည်း ဒုတိယနှစ်လည်ပတ်မှုအတွက် စက်ရုံတွေဟာ အားလပ်ရပ်တွေမှာပါ အနားမယူဘဲ လုပ်ငန်းလုပ်ကိုင်နေကြရတာဖြစ်ပြီး ဒါဟာ ကုမ္ပဏီအတွက် ခိုင်မာမှုတွေပြန်လည်ရရှိလာဖို့လည်း ဖြစ်ပါတယ်။ ဒါတင်မကဘဲ ဂျပန်အခြေစိုက်ကုမ္ပဏီဟာ နောက်ထပ်ခြေလှမ်းသစ်တွေကိုလည်း လှမ်းနိုင်ဖို့ပြင်ဆင်နေတာပါ။
Sony ရဲ့ Semiconductor ယူနစ် အကြီးအကဲ Terushi Shimizu က “ဧရာမ အီလက်ထရောနစ်ကုမ္ပဏီကြီးဟာ မတည်ငွေထက် နှစ်ဆမကတဲ့ ပမာဏအဖြစ် ယန်း ၂၈၀ ဘီလီယံ (ဒေါ်လာ ၂.၆ ဘီလီယံ) ကို ဒီဘဏ္ဍာရေးနှစ်မှာ အသုံးပြုခဲ့ပြီး လာမယ့် ၂၀၂၁ ဧပြီမှာ လည်ပတ်လာမယ့် နောက်ထပ် စက်ရုံသစ်ကို Nagasaki မှာလည်း တည်ဆောက်နေကြောင်း” ပြောသွားခဲ့ပါသေးတယ်။
ဒီလိုမျိုး ထပ်ပြီးရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံလည်ပတ်လာရင်တောင်မှ ဝယ်လိုအားကို ပြည့်မီအောင် မလုပ်နိုင်သေးဘဲ ဖောက်သည်တွေကို တောင်းပန်ရဦးမယ်လို့ Shimizu က ထပ်ပြီး ပြောပါသေးတယ်။ Sony အတွက် လက်မလည်အောင် အလုပ်များရခြင်းအကြောင်းရင်းက စမတ်ဖုန်းတွေရဲ့ ကျောဘက်ကင်မရာအရေအတွက် များပြားလာတဲ့ ခေတ်ရေစီးကြောင်းကြောင့် ဖြစ်ပါတယ်။
ဒီနှစ်ထဲမှာထုတ်တဲ့ iPhone 11 တွေကလည်း ကျောဘက်ကင်မရာအရေအတွက်ကို တိုးမြှင့်ခဲ့တာက အထင်ရှားဆုံး ဥပမာပဲ ဖြစ်ပါလိမ့်မယ်။ စမတ်ဖုန်းနယ်ပယ်မှာ ကင်မရာအရေအတွက်များလာသလို ရောင်းချမှုဈေးကွက်ပမာဏကလည်း ပိုများလာတာကြောင့် Sony ရဲ့ Image sensors ရောင်းချရမှုကလည်း လိုက်ပြီးများလာတာဖြစ်ပါတယ်။
Ref: 9To5Mac
[Zawgyi]
ဝယ္လိုအားမ်ားလြန္းေတာ့ တစ္ရက္မွာ ၂၄ နာရီလည္ပတ္ေနတာေတာင္ အလ်ဥ္မမီဘူးလို႔ ဆိုလိုက္တဲ့ Sony
iPhone ကင္မရာေတြအတြက္ေထာက္ပံ့ေပးေနတဲ့ Sony ကေတာ့ သူတို႔ရဲ႕ထုတ္လုပ္မႈဟာ တစ္ရက္မွာ ၂၄ နာရီလုံး လည္ပတ္ေနတာေတာင္မွ မ်ားျပားလြန္းတဲ့ ဝယ္လိုအားကိုျပည့္မီေအာင္ ေျဖရွင္းဖို႔ အခ်ိန္မေလာက္ဘူးလို႔ ေျပာလိုက္ပါတယ္။ Sony ဟာ စမတ္ဖုန္းအမွတ္တံဆိပ္အေတာ္မ်ားမ်ားအတြက္ Sensors ေတြ ျပဳလုပ္ေပးေနရတာပါ။
အခုလည္း ဒုတိယႏွစ္လည္ပတ္မႈအတြက္ စက္႐ုံေတြဟာ အားလပ္ရပ္ေတြမွာပါ အနားမယူဘဲ လုပ္ငန္းလုပ္ကိုင္ေနၾကရတာျဖစ္ၿပီး ဒါဟာ ကုမၸဏီအတြက္ ခိုင္မာမႈေတြျပန္လည္ရရွိလာဖို႔လည္း ျဖစ္ပါတယ္။ ဒါတင္မကဘဲ ဂ်ပန္အေျခစိုက္ကုမၸဏီဟာ ေနာက္ထပ္ေျခလွမ္းသစ္ေတြကိုလည္း လွမ္းႏိုင္ဖို႔ျပင္ဆင္ေနတာပါ။
Sony ရဲ႕ Semiconductor ယူနစ္ အႀကီးအကဲ Terushi Shimizu က “ဧရာမ အီလက္ထေရာနစ္ကုမၸဏီႀကီးဟာ မတည္ေငြထက္ ႏွစ္ဆမကတဲ့ ပမာဏအျဖစ္ ယန္း ၂၈၀ ဘီလီယံ (ေဒၚလာ ၂.၆ ဘီလီယံ) ကို ဒီဘ႑ာေရးႏွစ္မွာ အသုံးျပဳခဲ့ၿပီး လာမယ့္ ၂၀၂၁ ဧၿပီမွာ လည္ပတ္လာမယ့္ ေနာက္ထပ္ စက္႐ုံသစ္ကို Nagasaki မွာလည္း တည္ေဆာက္ေနေၾကာင္း” ေျပာသြားခဲ့ပါေသးတယ္။
ဒီလိုမ်ိဳး ထပ္ၿပီးရင္းႏွီးျမႇဳပ္ႏွံထားတဲ့ စက္႐ုံလည္ပတ္လာရင္ေတာင္မွ ဝယ္လိုအားကို ျပည့္မီေအာင္ မလုပ္ႏိုင္ေသးဘဲ ေဖာက္သည္ေတြကို ေတာင္းပန္ရဦးမယ္လို႔ Shimizu က ထပ္ၿပီး ေျပာပါေသးတယ္။ Sony အတြက္ လက္မလည္ေအာင္ အလုပ္မ်ားရျခင္းအေၾကာင္းရင္းက စမတ္ဖုန္းေတြရဲ႕ ေက်ာဘက္ကင္မရာအေရအတြက္ မ်ားျပားလာတဲ့ ေခတ္ေရစီးေၾကာင္းေၾကာင့္ ျဖစ္ပါတယ္။
ဒီႏွစ္ထဲမွာထုတ္တဲ့ iPhone 11 ေတြကလည္း ေက်ာဘက္ကင္မရာအေရအတြက္ကို တိုးျမႇင့္ခဲ့တာက အထင္ရွားဆုံး ဥပမာပဲ ျဖစ္ပါလိမ့္မယ္။ စမတ္ဖုန္းနယ္ပယ္မွာ ကင္မရာအေရအတြက္မ်ားလာသလို ေရာင္းခ်မႈေဈးကြက္ပမာဏကလည္း ပိုမ်ားလာတာေၾကာင့္ Sony ရဲ႕ Image sensors ေရာင္းခ်ရမႈကလည္း လိုက္ၿပီးမ်ားလာတာျဖစ္ပါတယ္။
Ref: 9To5Mac