[Unicode]

နာမည်ကျော် Messaging App ၁ ခု ဖြစ်တဲ့ WhatsApp က နောက်ဆုံးထုတ် Beta Update မှာ လုပ်ဆောင်ချက် အသစ် ၁ ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ Facebook ပိုင်တဲ့ WhatsApp ဟာ Message တွေ အချိန် ၁ ခုအတွင်းမှာ အလိုလို ဖျက်ပေးတဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေတယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။

အခုတော့ အဲဒီ လုပ်ဆောင်ချက်ကို နောက်ဆုံးထုတ် Beta Version မှာ ထည့်သွင်းပေးလိုက်ပါပြီ။ Beta Version ဆိုတာ ကမ္ဘာအဝန်းကို မဖြန့်ချိခင်မှာ လုပ်ဆောင်ချက် အသစ်တွေကို စမ်းသပ်တဲ့ Version ဖြစ်ပါတယ်။ Android အတွက် နောက်ဆုံးထုတ် Version က 2.19.275 ဖြစ်ပြီး Group Chat အတွက် Message တွေ အလိုလို ဖျက်ပေးတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။

WhatsApp က Delete Messages လို့ နာမည်ပေးထားပြီး User တွေက Message တွေ အလိုလို ဖျက်ပေးမယ့် အချိန်ကို သတ်မှတ်နိုင်ပါတယ်။ ၁ နာရီ၊ ၁ ရက်၊ ၁ ပတ် ၊ ၁ လ နဲ့ ၁ နှစ် စသဖြင့် ရွေးချယ်နိုင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ဟာ ဖုန်းမှာ Storage တွေ ပိုထွက်လာစေဖို့ ဖြစ်တယ်လို့လည်း သတင်းထွက်နေပါတယ်။

လက်ရှိမှာ WhatsApp Group မှာ လူ ၂၅၆ ယောက်ပါဝင်နိုင်ပါတယ်။ အဲဒီအတွက် ရေရှည်မှာ ဒီလုပ်ဆောင်ချက်က တော်တော် အသုံးဝင်လာမှာပါ။ လက်ရှိမှာ Delete Message ကို Group Chat မှာပဲ သုံးနိုင်သေးပြီး Admin ကပဲ ဖွင့်ပေးနိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

WhatsApp က Group Chat မွာ Message ေတြ အလိုလို ဖ်က္ေပးတဲ့ လုပ္ေဆာင္ခ်က္ကို ထည့္ေပးမည္

နာမည္ေက်ာ္ Messaging App ၁ ခု ျဖစ္တဲ့ WhatsApp က ေနာက္ဆံုးထုတ္ Beta Update မွာ လုပ္ေဆာင္ခ်က္ အသစ္ ၁ ခုကို ထည့္သြင္းေပးလိုက္ပါတယ္။ Facebook ပိုင္တဲ့ WhatsApp ဟာ Message ေတြ အခ်ိန္ ၁ ခုအတြင္းမွာ အလိုလို ဖ်က္ေပးတဲ့ လုပ္ေဆာင္ခ်က္ကို စမ္းသပ္ေနတယ္လို႔ အရင္က သတင္းထြက္ခဲ့ပါတယ္။

အခုေတာ့ အဲဒီ လုပ္ေဆာင္ခ်က္ကို ေနာက္ဆံုးထုတ္ Beta Version မွာ ထည့္သြင္းေပးလိုက္ပါၿပီ။ Beta Version ဆိုတာ ကမာၻအ၀န္းကို မျဖန္႔ခ်ိခင္မွာ လုပ္ေဆာင္ခ်က္ အသစ္ေတြကို စမ္းသပ္တဲ့ Version ျဖစ္ပါတယ္။ Android အတြက္ ေနာက္ဆံုးထုတ္ Version က 2.19.275 ျဖစ္ၿပီး Group Chat အတြက္ Message ေတြ အလိုလို ဖ်က္ေပးတဲ့ လုပ္ေဆာင္ခ်က္ ပါလာပါတယ္။

WhatsApp က Delete Messages လို႔ နာမည္ေပးထားၿပီး User ေတြက Message ေတြ အလိုလို ဖ်က္ေပးမယ့္ အခ်ိန္ကို သတ္မွတ္ႏုိင္ပါတယ္။ ၁ နာရီ၊ ၁ ရက္၊ ၁ ပတ္ ၊ ၁ လ နဲ႔ ၁ ႏွစ္ စသျဖင့္ ေရြးခ်ယ္ႏုိင္ပါတယ္။ အဲဒီ လုပ္ေဆာင္ခ်က္ဟာ ဖုန္းမွာ Storage ေတြ ပိုထြက္လာေစဖို႔ ျဖစ္တယ္လို႔လည္း သတင္းထြက္ေနပါတယ္။

လက္ရွိမွာ WhatsApp Group မွာ လူ ၂၅၆ ေယာက္ပါ၀င္ႏိုင္ပါတယ္။ အဲဒီအတြက္ ေရရွည္မွာ ဒီလုပ္ေဆာင္ခ်က္က ေတာ္ေတာ္ အသံုး၀င္လာမွာပါ။ လက္ရွိမွာ Delete Message ကို Group Chat မွာပဲ သံုးႏုိင္ေသးၿပီး Admin ကပဲ ဖြင့္ေပးႏုိင္ပါတယ္။

Ref : gizmochina