Unicode

ZTE ဟာ Axon 10 Pro နဲ့ အပြင်ပန်းဒီဇိုင်း တူညီတဲ့ Axon 10s Pro ကို မိတ်ဆက်ခဲ့ပေမယ့် အတွင်းပိုင်းမှာ ကြီးမားတဲ့ ကွာခြားချက်ပါဝင်နေပါတယ်။ ယနေ့ TENAA Database ကနေ ထွက်ပေါ်လာတဲ့ အတည်ပြုချက်အရ Axon 10s Pro စမတ်ဖုန်းသစ်ဟာ Qualcomm ရဲ့မျိုးဆက်သစ် Snapdragon 865 ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပါတယ်။

SD 865 ချစ်ပ်ဆက်မှာ Snapdragon X55 Modem ပါဝင်တာကြောင့် ၂၀၂၀ ထဲမှာ ထွက်လာမယ့် Flagship အဆင့် စမတ်ဖုန်းတွေအတွက် 5G နက်ဝပ်ချိတ်ဆက်နိုင်စွမ်း ပါဝင်လာမှာပါ။ Axon 10s Pro 5G ဖုန်းရဲ့ ထွက်ရှိရက်ကို ကုမ္ပဏီက မပြောသေးပေမယ့် တရုတ်ပြည်တွင်း Database မှာ ပေါ်ထွက်လာပြီဖြစ်တာကြောင့် ဈေးကွက်ထဲ ဝင်လာဖို့ သိပ်မကြာတော့ဘူးလို့ ယူဆရပါတယ်။

ဒါ့အပြင် TENAA ပေါ်က ပုံရိပ်များဟာ ရှေ့က ထွက်ပေါ်ပြီးသား အချက်အလက်တစ်ခုကိုပါ ထပ်ပြီး အတည်ပြုပေးခဲ့ပါတယ်။ အဲ့ဒါကတော့ Waterdrop Notch လေးနဲ့ 6.47” လက်မအရွယ် Screen ပါပဲ။ Fingerprint ကိုလည်း သူ့ရဲ့နောင်တော်လို Display ထဲမှာပဲ ထည့်သွင်းလာနိုင်ပါတယ်။

Axon 10s Pro 5G စမတ်ဖုန်းဟာ မော်ဒယ်နံပါတ် ZTE A2020 SP အဖြစ် မြင်တွေ့ရကာ ဘက္ထရီက အနည်းဆုံး 3,900 mAh ပါဝင်မှာပါ။ ဟန်းဆက်ရဲ့ ဒီဇိုင်းလိုပဲ ကိုယ်ထည်အချိုးအစားကလည်း Axon 10 Pro နဲ့အတူတူပါပဲ။ ဒါပေမယ့် ထုတ်လုပ်သူကုမ္ပဏီက Software ပိုင်းတိုးမြှင့်မှုတွေကို သိသာစေမယ်လို့ အာမခံထားပါတယ်။ ဒီဖုန်းဟာ တရုတ်ဈေးကွက်ထဲကို ပထမဆုံးဝင်ရောက်လာတဲ့ SD 865 သုံး စမတ်ဖုန်းတောင် ဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena

Zawgyi

ZTE ဟာ Axon 10 Pro နဲ႔ အျပင္ပန္းဒီဇုိင္း တူညီတဲ့ Axon 10s Pro ကို မိတ္ဆက္ခဲ့ေပမယ့္ အတြင္းပိုင္းမွာ ႀကီးမားတဲ့ ကြာျခားခ်က္ပါဝင္ေနပါတယ္။ ယေန႔ TENAA Database ကေန ထြက္ေပၚလာတဲ့ အတည္ျပဳခ်က္အရ Axon 10s Pro စမတ္ဖုန္းသစ္ဟာ Qualcomm ရဲ႕မ်ဳိးဆက္သစ္ Snapdragon 865 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမွာျဖစ္ပါတယ္။

SD 865 ခ်စ္ပ္ဆက္မွာ Snapdragon X55 Modem ပါဝင္တာေၾကာင့္ ၂၀၂၀ ထဲမွာ ထြက္လာမယ့္ Flagship အဆင့္ စမတ္ဖုန္းေတြအတြက္ 5G နက္ဝပ္ခ်ိတ္ဆက္ႏုိင္စြမ္း ပါဝင္လာမွာပါ။ Axon 10s Pro 5G ဖုန္းရဲ႕ ထြက္ရွိရက္ကို ကုမၸဏီက မေျပာေသးေပမယ့္ တရုတ္ျပည္တြင္း Database မွာ ေပၚထြက္လာၿပီျဖစ္တာေၾကာင့္ ေစ်းကြက္ထဲ ဝင္လာဖို႔ သိပ္မၾကာေတာ့ဘူးလို႔ ယူဆရပါတယ္။

ဒါ့အျပင္ TENAA ေပၚက ပုံရိပ္မ်ားဟာ ေရွ႕က ထြက္ေပၚၿပီးသား အခ်က္အလက္တစ္ခုကိုပါ ထပ္ၿပီး အတည္ျပဳေပးခဲ့ပါတယ္။ အဲ့ဒါကေတာ့ Waterdrop Notch ေလးနဲ႔ 6.47” လက္မအရြယ္ Screen ပါပဲ။ Fingerprint ကိုလည္း သူ႕ရဲ႕ေနာင္ေတာ္လုိ Display ထဲမွာပဲ ထည့္သြင္းလာႏုိင္ပါတယ္။

Axon 10s Pro 5G စမတ္ဖုန္းဟာ ေမာ္ဒယ္နံပါတ္ ZTE A2020 SP အျဖစ္ ျမင္ေတြ႕ရကာ ဘကၳရီက အနည္းဆုံး 3,900 mAh ပါဝင္မွာပါ။ ဟန္းဆက္ရဲ႕ ဒီဇုိင္းလုိပဲ ကိုယ္ထည္အခ်ဳိးအစားကလည္း Axon 10 Pro နဲ႔အတူတူပါပဲ။ ဒါေပမယ့္ ထုတ္လုပ္သူကုမၸဏီက Software ပုိင္းတုိးျမွင့္မႈေတြကို သိသာေစမယ္လို႔ အာမခံထားပါတယ္။ ဒီဖုန္းဟာ တရုတ္ေစ်းကြက္ထဲကို ပထမဆုံးဝင္ေရာက္လာတဲ့ SD 865 သုံး စမတ္ဖုန္းေတာင္ ျဖစ္လာႏုိင္ပါတယ္။

Ref – GSM Arena