Unicode
မကြာသေးခင်က ဆက်တိုက်ထွက်လာခဲ့တဲ့ Leak ဓါတ်ပုံတွေနဲ့ Render တွေကြောင့် Samsung Galaxy S20 မိသားစုဝင်တွေရဲ့ အပြင်ပန်းဒီဇိုင်းကို သိခွင့်ရလာခဲ့ပါပြီ။ ဒီနေ့မှာတော့ သူ့ရဲ့အတွင်းပိုင်းနဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ထွက်လာခဲ့ပြီး Samsung ရဲ့ Flagship ဖုန်းသစ်သုံးမျိုးမှာ 12GB RAM မန်မိုရီကို Standard ပမာဏအဖြစ် ထည့်သွင်းလာမယ် ဆိုတာပဲဖြစ်ပါတယ်။
ယခင်မျိုးဆက်တွေမှာတော့ Galaxy S10+ ကလွဲလို့ အမြင့်ဆုံး 8GB ထိသာ ပါဝင်ခဲ့တာပါ။ Galaxy S10e ဖုန်းမှာ အနိမ့်ဆုံး 6GB RAM ကနေတောင် စတင်ခဲ့ပြီး အခုနှစ်မှာတော့ “e” ဗားရှင်းကို မြင်ရတော့မှာ မဟုတ်ပါဘူး။
လက်ရှိအချိန်မှာ ဈေးကွက်ထဲကို ပထမဆုံး 16GB RAM နဲ့စမတ်ဖုန်းတွေ မဝင်လာသေးတာကိုထောက်ရင် Galaxy S20 ဖုန်းတွေအတွက် 12GB RAM ဟာ ထွက်ထွက်ချင်းမှာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်မယ်လို့ ယူဆရပါတယ်။ မိတ်ဆက်ချိန်မှာ အလစ်အငိုက်ဖမ်းလာနိုင်ပေမယ့် အခုထိတော့ Benchmark တွေမှာ 12GB အထက် RAM မန်မိုရီကို မတွေ့ရသေးပါဘူး။
S20 ဖုန်းသစ်တွေဟာ ဈေးကွက်ကိုလိုက်ပြီး Snapdragon 865 သို့မဟုတ် Exynos 9830 ချစ်ပ်ဆက်တွေကို အသုံးပြုလာမှာပါ။ အခုနှစ်မှာ Snapdragon ချစ်ပ်ဆက်နဲ့ မော်ဒယ်တွေကို အရင်ထက်ပိုများတဲ့ ဈေးကွက်တွေဆီ ပို့ဆောင်သွားမှာဖြစ်ပေမယ့် အဓိကဈေးကွက်တစ်ခုဖြစ်တဲ့ ဥရောပကတော့ Exynos ဖုန်းတွေကိုပဲ ရရှိဦးမှာပါ။
၂၀၂၀ ခုနှစ်အတွက် Samsung ရဲ့ အဓိကလက်နက်ဖြစ်တဲ့ Galaxy S20 စမတ်ဖုန်းသစ်တွေကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကြေညာမိတ်ဆက်လာမှာဖြစ်ပါတယ်။
Ref – GSM Arena
Zawgyi
မၾကာေသးခင္က ဆက္တုိက္ထြက္လာခဲ့တဲ့ Leak ဓါတ္ပုံေတြနဲ႔ Render ေတြေၾကာင့္ Samsung Galaxy S20 မိသားစုဝင္ေတြရဲ႕ အျပင္ပန္းဒီဇုိင္းကို သိခြင့္ရလာခဲ့ပါၿပီ။ ဒီေန႔မွွာေတာ့ သူ႕ရဲ႕အတြင္းပိုင္းနဲ႔ ပတ္သက္တဲ့ သတင္းတစ္ခု ထြက္လာခဲ့ၿပီး Samsung ရဲ႕ Flagship ဖုန္းသစ္သုံးမ်ဳိးမွာ 12GB RAM မန္မုိရီကို Standard ပမာဏအျဖစ္ ထည့္သြင္းလာမယ္ ဆုိတာပဲျဖစ္ပါတယ္။
ယခင္မ်ဳိးဆက္ေတြမွာေတာ့ Galaxy S10+ ကလြဲလို႔ အျမင့္ဆုံး 8GB ထိသာ ပါဝင္ခဲ့တာပါ။ Galaxy S10e ဖုန္းမွာ အနိမ့္ဆုံး 6GB RAM ကေနေတာင္ စတင္ခဲ့ၿပီး အခုႏွစ္မွာေတာ့ “e” ဗားရွင္းကို ျမင္ရေတာ့မွာ မဟုတ္ပါဘူး။
လက္ရွိအခ်ိန္မွာ ေစ်းကြက္ထဲကို ပထမဆုံး 16GB RAM နဲ႔စမတ္ဖုန္းေတြ မဝင္လာေသးတာကိုေထာက္ရင္ Galaxy S20 ဖုန္းေတြအတြက္ 12GB RAM ဟာ ထြက္ထြက္ခ်င္းမွာ တစ္ခုတည္းေသာ ေရြးခ်ယ္စရာျဖစ္မယ္လုိ႔ ယူဆရပါတယ္။ မိတ္ဆက္ခ်ိန္မွာ အလစ္အငိုက္ဖမ္းလာႏုိင္ေပမယ့္ အခုထိေတာ့ Benchmark ေတြမွာ 12GB အထက္ RAM မန္မုိရီကုိ မေတြ႕ရေသးပါဘူး။
S20 ဖုန္းသစ္ေတြဟာ ေစ်းကြက္ကိုလိုက္ၿပီး Snapdragon 865 သုိ႔မဟုတ္ Exynos 9830 ခ်စ္ပ္ဆက္ေတြကို အသုံးျပဳလာမွာပါ။ အခုႏွစ္မွာ Snapdragon ခ်စ္ပ္ဆက္နဲ႔ ေမာ္ဒယ္ေတြကို အရင္ထက္ပိုမ်ားတဲ့ ေစ်းကြက္ေတြဆီ ပို႔ေဆာင္သြားမွာျဖစ္ေပမယ့္ အဓိကေစ်းကြက္တစ္ခုျဖစ္တဲ့ ဥေရာပကေတာ့ Exynos ဖုန္းေတြကိုပဲ ရရွိဦးမွာပါ။
၂၀၂၀ ခုႏွစ္အတြက္ Samsung ရဲ႕ အဓိကလက္နက္ျဖစ္တဲ့ Galaxy S20 စမတ္ဖုန္းသစ္ေတြကိုေတာ့ လာမယ့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ ေၾကညာမိတ္ဆက္လာမွာျဖစ္ပါတယ္။
Ref – GSM Arena