စမတ်ဖုန်းနှင့် အခြားမိုဘိုင်းထုတ်ကုန်များသည် ကျွန်ုပ်တို့၏နေ့စဉ်ဘဝ၊ အလုပ်နှင့် ဖျော်ဖြေရေးတို့အတွက် မရှိမဖြစ်ဖြစ်လာပါတယ်။ ရွေးချယ်စရာဖုန်း အမျိုးအစား အများအပြားရှိသော်လည်း တစ်ဦးတစ်ယောက်ချင်းဆီ အသုံးပြုသည့် App များကသာ လူတိုင်းလူတိုင်း၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်ပါတယ်။ မိုဘိုင်းအင်တာနက်အသုံးပြုမှု တွင်ကျယ်လာသည်နှင့်အမျှ စမတ်ဖုန်းတစ်ခုတည်းဖြင့် အစားအသောက်မှာယူခြင်း၊ ဈေးဝယ်ခြင်း၊ သွားလာရေး အစရှိသည်တို့ကို လွယ်ကူစွာ ပြုလုပ်လာနိုင်ကြပြီဖြစ်ပါတယ်။ ထို့ကြောင့် အသုံးပြုသူတို့သည် နေ့စဉ်လုပ်ဆောင်ချက်များအတွက် ပိုမိုကောင်းမွန်သော App များကိုလိုအပ်လာကြပြီး ဖုန်း storage များစေရန် လိုအပ်ချက်သည်လည်း အလျင်အမြန်တိုးတက်လာပါတယ်။
ထို့ကြောင့် အသုံးပြုသူတို့သည် မည်သို့သော Apps တွေကိုရွေးချယ်ပြီး ဒေါင်းလုပ်ဆွဲသင့်သလဲ ဟူသော အရေးကြီးသည့်မေးခွန်းတစ်ခု ပေါ်ပေါက်လာပါတယ်။ စမတ်ဖုန်းတွင် အရံသင့်ပါဝင်လာသည့် App Platform က အရေးပါအရာရောက်လာခဲ့သည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မိုဘိုင်းအင်တာနက်ကို လွယ်ကူလက်လှမ်းမှီစွာ အသုံးပြုနိုင်မှုက App Platform ရွေးချယ်မှုကို ယခင်ကထက် ပိုမိုများပြားစွာ ရွေးချယ်အသုံးပြုလာစေခြင်းဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်ဖြစ်သည့် Huawei သည် အသုံးပြုသူများထံသို့ အကောင်းဆုံးသော အတွေ့အကြုံများကိုသာ ယူဆောင်လာမည်ဟု အကြိမ်ကြိမ်ကတိကဝတ်ပြုကာ ပြောကြားခဲ့သည့်နည်းတူ ယခုအချိန်တွင် အသုံးပြုသူတို့အတွက် third-party app များကို စုံစုံလင်လင်နှင့် တစ်စုတစ်စည်းတည်း ဒေါင်းလုတ်ရယူအသုံးပြုနိုင်မည့် HUAWEI App Gallery နှင့် ဖုန်းပြောင်းလဲရာတွင် ဒေတာရွှေ့ပြောင်းရမှုကို ပိုမိုလွယ်ကူလျင်မြန်စွာအသုံးပြုနိုင်မည့် Phone Clone နည်းပညာကို အဆင့်မြှင့်တင်ပြီး အသုံးပြုသူများအတွက် ယူဆောင်လာပြီဖြစ်ပါတယ်။
ယနေ့ခေတ်တွင် သုံးစွဲသူတို့ ဖုန်းအလဲအပြောင်းလုပ်သည့် ပမာဏများပြားလာသည်နှင့်အမျှ ဖုန်းအသစ်ထဲသို့ Data လွှဲပြောင်းခြင်းနှင့် တူညီသော Apps များကို ပြန်လည်ဒေါင်းလုပ်လုပ်ရခြင်းသည် ဖုန်းအသစ်ပြောင်းတိုင်းတွေ့ကြုံရပြီး အသုံးပြုသူတို့အတွက် အချိန်ပေးရသည့် အခက်အခဲတစ်ခုပင်ဖြစ်ပါတယ်။ Huawei ၏ Phone Clone နည်းပညာသည် အထက်ပါအရာများကို အခက်အခဲမရှိပြုလုပ်နိုင်ပါတယ်။ ဖုန်းအဟောင်းနှင့် အသစ်လဲလှယ်မည့် ဖုန်းအသစ်နှစ်လုံးစလုံးတွင် Phone Clone Software ကိုဖွင့်ပြီး QR code ဖြင့် Scan ဖတ်၍ ဖုန်းအသစ်နှင့်အဟောင်းကို ချိတ်ဆက်ပေးရုံပင်ဖြစ်ပါတယ်။ ဖုန်းအဟောင်းမှ App Data များ၊ ဓာတ်ပုံနှင့် Contacts များကို အလွယ်တကူပင် ဖုန်းအသစ်ထဲသို့လွှဲပြောင်းပေးနိုင်ပါတယ်။ Phone Clone သည် အရှေ့တွင် အသုံးပြုထားသည့် မည့်သည့် OS မှမဆို Data များကို လွှဲပြောင်းကူးယူပေးနိုင်ပါတယ်။ Data များ ရွေ့ပြောင်းပြီးသည့်နောက်တွင်လည်း နာမည်ကျော်ကြားပြီး ဒေသတွင်းတွင် အသုံးတွင်ကျယ်သည့် App များကိုလည်း ဖုန်းအသစ်တွင်မရှိပါက Download ရယူနိုင်ရန် အကြံပြုပေးပါတယ်။ ထိုအကြံပြုပေးသည့် Apps အားလုံးကိုလည်း HUAWEI AppGallery တွင် အလွယ်တကူ ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ ထို့အပြင် Phone Clone သည် ဖုန်းတစ်ခုလုံးကိုကူးယူလိုက်သည်မျိုးမဟုတ်ဘဲ အသုံးပြုသူတို့သည် လိုအပ်သည့် Data နှင့် Apps များကိုသာ ကိုယ်တိုင်ရွေးချယ်၍ ကူးယူနိုင်ပါတယ်။ Data များကို ဖုန်းအသစ်ထဲသို့ အလွယ်တကူပြောင်းနိုင်သောကြောင့် ဖုန်းအသစ်လဲခြင်းသည် အခက်အခဲမရှိ ပိုမိုလွယ်ကူသွားပါတယ်။
HUAWEI AppGallery သည် Huawei ဖုန်းတိုင်းတွင် အဆင်သင့်ပါဝင်လာသည့် Traditional App Store အမျိုးအစားဖြစ်ပါတယ်။ AppGallery တွင်ပါဝင်သော Apps များသည် လူမှုဆက်သွယ်ရေး (Social networking) Messaging apps များ၊ Telecom Operators များ၏ App များ၊ Online Shopping Apps များ၊ ၊ Mobile Payment apps များ၊ ဓာတ်ပုံ၊ ဗီဒီယိုများ ပြုပြင်နိုင်သည့် Apps များ၊ ဖျော်ဖြေရေး App များဖြစ်သည့် Game, Music, Video အစရှိသည့် Apps များကို စုံလင်စွာ Download ဆွဲ ရယူအသုံးပြုနိုင်မည့် App Store တစ်ခုဖြစ်ပါတယ်။ ထို့အပြင် AppGallery သည် App Store တစ်ခုတည်းအဖြစ်သာ လုပ်ငန်းလုပ်ဆောင်နိုင်ခြင်းမကပဲ App အတွက် Update များစဉ်ဆက်မပြတ်ပေးခြင်း၊ Installation Package များကို စစ်ဆေးထိန်းချုပ်ပေးနိုင်ခြင်း၊ App Data များကို ထိန်းသိမ်းပေးထားခြင်း၊ Storage ပိုင်းအတွက် မလိုအပ်သောဖိုင်များကို ရှင်းလင်းပေးခြင်း အစရှိသည့် လုပ်ငန်းဆောင်တာများကိုပါ လုပ်ဆောင်ပေးသည့် App Manager တစ်ခုအဖြစ်ပါ လုပ်ဆောင်ပေးနိုင်စွမ်းရှိပြီး အသုံးပြုသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေသည့်အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။
App များကို ဖြန့်ဖြူးပေးနိုင်သည့် အဓိက digital distribution platform တစ်ခုအနေနှင့် အရေးကြီးဆုံးအချက်တစ်ခုဖြစ်သော App များကို တင်းကျပ်စွာ စီစစ်နိုင်သည့် Review Mechanism ကို HUAWEI App Gallery တွင်အသုံးပြုထားပါတယ်။ အဆိုပါနည်းစနစ်ပိုင်းတွင် အဓိကအားဖြင့် အချက် ၄ ချက်ဖြင့် စီစစ်ထားပါတယ်။ App Gallery တွင်ရှိသော App များတွင် ရည်ရွယ်ချက်ရှိရှိဖြင့် တစ်ကိုယ်ရည် လုံခြုံရေးအချက်အလက်များကို ချိုးဖောက်ခြင်း၊ အသုံးပြုသူများအတွက် အန္တရာယ်ရှိနိုင်စေသည့် အပြုအမူများ ရှိမရှိကို စစ်ဆေးပေးခြင်း၊ App တွင် အားနည်းချက်များ ရှိမရှိကို စစ်ဆေးခြင်းနှင့် App Developer ၏ အချက်အလက်များနှင့် အထောက်အထားများကို စစ်ဆေးခြင်း၊ အချက်အလက်များကို စစ်ဆေးခြင်း စသည့်အဆင့်များဖြင့် စီစစ်ပေးထားခြင်းဖြစ်ပါတယ်။ App Gallery တွင်ရှိသော App များအားလုံးသည် အထက်ဖော်ပြပါ အဆင့်များဖြင့် စီစစ်ပြီးမှသာ အသုံးပြုသူများအတွက် Download ရယူနိုင်ရန် စီစဉ်ပေးထားခြင်းကြောင့် HAUWEI App Gallery သည် အသုံးပြုသူများအတွက် တစ်ကိုယ်ရည်အချက်အလက်များလုံခြုံမှုအတွက် ရာနှုန်းပြည့် အာမခံနိုင်ခြင်းဖြစ်ပါတယ်။
ထို့ကြောင့်လည်း HUAWEI စမတ်ဖုန်းများသည် ကိုယ်လိုချင်သည့် App များကို အခက်အခဲမရှိ Download ရယူအသုံးပြုနိုင်မည့်အပြင် ဖုန်းအသစ်လဲလှယ်သည့် အချိန်မျိုးတွင်လည်း ယခင်ဖုန်းဟောင်းမှ မိမိအသုံးပြုနေကျ App များ၊ Data များကို HUAWEI ဖုန်းသစ်သို့ လွယ်ကူလျင်မြန်စွာ ရွှေ့ပြောင်းနိုင်ဦးမှာဖြစ်ပါတယ်။ HUAWEI သည် အသုံးပြုသူများ၏ အတွေ့အကြုံပိုင်းအသစ် စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲကောင်းမွန်လာအောင် လုပ်ဆောင်လာခြင်းကြောင့်လည်း အသုံးပြုသူများသည် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများကို HUAWEI စမတ်ဖုန်းများမှ ရရှိနေတာပဲဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရသော် ၂၀၂၀ ခုနှစ်အတွင်း App Gallery သည် HUAWEI စမတ်ဖုန်းအသုံးပြုသူများအတွက် App များ Download ရယူအသုံးပြုရာတွင် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများကို ယူဆောင်လာမည့် ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတော့တယ်။