Zawgyi Font Version

HMD Global ကေန ပစၥည္းအသစ္မိတ္ဆက္ပြဲမွာ Nokia 7.1 ကိုမိတ္ဆက္လိုက္ပါတယ္။ မိတ္ဆက္ပြဲမစခင္ ဘာဖုန္းမိတ္ဆက္မယ္ဆိုတာ မသိခဲ့ၾကျပီး ကင္မရာ တစ္ျပံဳလိုက္ၾကီးနဲ႔ Nokia 9 လို႔သာ ထင္ခဲ့ၾကပါတယ္။ Nokia 7.1 ဟာ ဒီဇိုင္းပိုင္းလွပျပီး စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ Qualcomm ရဲ႕ Snapdragon 636 အသံုးျပဳထားတာေၾကာင့္ Mid Range ဖုန္းတစ္လံုးထက္အနည္းငယ္သာလြန္ေနမယ့္ စြမ္းေဆာင္ရည္မ်ိဳးရမွာပါ။ Nokia 7.1 ရဲ႕ Highlighted Feature ကေတာ့ Operating System ပိုင္းမွာ အသံုးျပဳထားတဲ့ Android One ပါ။

အေရွ႕မ်က္ႏွာျပင္ကေတာ့ 5.84-inches အရြယ္အစားရွိျပီး LCD အမ်ိဳးအစားျဖစ္ပါတယ္။ Notch ပါဝင္ျပီး မ်က္ႏွာျပင္ အခ်ိဳးအစားက 19:9 ျဖစ္ပါတယ္။ LCD ကိုမွ “Pure Display” ဆိုတဲ့ Feature ေလးပါဝင္ျပီး အဆိုပါ Feature က 1080 x 2280P ရွိတဲ့ Display ေပၚမွာ ရုပ္ရွင္နဲ႔ ဂိမ္းေတြကို HDR 10 အဆင့္ေျပာင္းလဲေပးပါတယ္။ အဆိုပါ Feature အတြက္ PixelWorks က ထုတ္ေပးထားတဲ့ Chip ကိုထည့္သြင္းတပ္ဆင္ေပးထားတယ္လို႔ သိရပါတယ္။ ထိမိခိုက္မိတဲ့ ဒဏ္ေတြခံႏိုင္ဖို႔ မ်က္ႏွာျပင္တစ္ခုလံုးကို Gorilla Glass 3 နဲ႔ဖံုးအုပ္ေပးထားပါေသးတယ္။ စြမ္းေဆာင္ရည္ပိုင္းမွာ ပါဝါသံုးစြဲႏွုန္းနည္းပါးတဲ့ Snapdragon 636 ကိုအသံုးျပဳထားျပီး RAM 3GB နဲ႔ 4GB ဆိုျပီး ဗားရွင္းႏွစ္မ်ိဳးထြက္ပါတယ္။

ကင္မရာပိုင္းမွာေတာ့ အရမ္းၾကီး ဂုဏ္ေဖၚေျပာၾကားျခင္းမရွိေပမယ့္ အလယ္အလတ္ အတန္းအစားဖုန္းေတြထဲမွာ အေတာ္ေလးေကာင္းမြန္တဲ့ ကင္မရာအရည္အေသြးမ်ိဳးရရွိမွာပါ။ အေနာက္ဘက္ ကင္မရာ ႏွစ္လံုးတြဲ စနစ္ရဲ႕ အဓိက ကင္မရာကေတာ့ 12MP ရွိတဲ့ ZEISS အမ်ိဳးအစားျဖစ္ျပီး Aperture f/1.8 ရွိပါတယ္။ ဒုတိယ ကင္မရာကေတာ့ ေနာက္ခံအဝါး ပံုရိပ္ေတြရိုက္ကူးဖို႔အတြက္ 5MP ရွိတဲ့ Depth Sensor အမ်ိဳးအစားျဖစ္ပါတယ္။ အခုေနာက္ပိုင္းထြက္ဖုန္းေတြမွာ နာမည္ၾကီးေနတဲ့ Live Bokeh ဆိုတဲ့ Feature ေလးပါဝင္ျပီး ေနာက္ခံအဝါးပံုေတြမွာ ေနာက္ခံဝါးတဲ့ ပမာဏကို စိတ္ၾကိဳက္ထားရွိႏိုင္ပါတယ္။

တစ္ျခား Spec ေတြကေတာ့ Battery ပမာဏ 3,060mAh ပါဝင္ျပီး 9V/2A 18W ရွိတဲ့ အားအျမန္သြင္းစနစ္ပါဝင္တယ္။ USB Type C ကိုမွ တစ္ျခားဖုန္းေတြကိုပါ အားျပန္သြင္းေပးႏိုင္မယ့္ Reversible Connector ပါဝင္မယ္။ အေမရိကားမွာ ေအာက္တိုဘာ ၅ ရက္ေန႔မွာ အၾကိဳေရာင္းခ်မွာျဖစ္ျပီး အြြန္လိုင္းစတိုးေတြမွာေတာ့ ႏိုဝင္ဘာလ အေစာပိုင္းမွ မွာယူႏိုင္မွာပါ။ တန္ဖိုးအားျဖင့္ေတာ့ ျမန္မာေငြ ငါးသိန္းခြဲေလာက္ရွိလို႔ တစ္ျခား Price-to-Performance အခ်ိဳးအစား ေကာင္းတဲ့ ဖုန္းေတြနဲ႔ ယွဥ္ရင္ေတာ့ စဥ္းစားစရာျဖစ္ေနေပမယ့္ Nokia ဆိုတဲ့ နာမည္နဲ႔ Build Quality ဆိုတဲ့ မ်က္ႏွာေတြေၾကာင့္ အဆိုပါ ေစ်းႏွုန္းက လက္ခံႏိုင္ဖြယ္ရာေတာ့ ရွိပါတယ္။

Ref: XDA News

Unicode Version

HMD Global ကနေ ပစ္စည်းအသစ်မိတ်ဆက်ပွဲမှာ Nokia 7.1 ကိုမိတ်ဆက်လိုက်ပါတယ်။ မိတ်ဆက်ပွဲမစခင် ဘာဖုန်းမိတ်ဆက်မယ်ဆိုတာ မသိခဲ့ကြပြီး ကင်မရာ တစ်ပြုံလိုက်ကြီးနဲ့ Nokia 9 လို့သာ ထင်ခဲ့ကြပါတယ်။ Nokia 7.1 ဟာ ဒီဇိုင်းပိုင်းလှပပြီး စွမ်းဆောင်ရည်ပိုင်းမှာတော့ Qualcomm ရဲ့ Snapdragon 636 အသုံးပြုထားတာကြောင့် Mid Range ဖုန်းတစ်လုံးထက်အနည်းငယ်သာလွန်နေမယ့် စွမ်းဆောင်ရည်မျိုးရမှာပါ။ Nokia 7.1 ရဲ့ Highlighted Feature ကတော့ Operating System ပိုင်းမှာ အသုံးပြုထားတဲ့ Android One ပါ။

အရှေ့မျက်နှာပြင်ကတော့ 5.84-inches အရွယ်အစားရှိပြီး LCD အမျိုးအစားဖြစ်ပါတယ်။ Notch ပါဝင်ပြီး မျက်နှာပြင် အချိုးအစားက 19:9 ဖြစ်ပါတယ်။ LCD ကိုမှ “Pure Display” ဆိုတဲ့ Feature လေးပါဝင်ပြီး အဆိုပါ Feature က 1080 x 2280P ရှိတဲ့ Display ပေါ်မှာ ရုပ်ရှင်နဲ့ ဂိမ်းတွေကို HDR 10 အဆင့်ပြောင်းလဲပေးပါတယ်။ အဆိုပါ Feature အတွက် PixelWorks က ထုတ်ပေးထားတဲ့ Chip ကိုထည့်သွင်းတပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ ထိမိခိုက်မိတဲ့ ဒဏ်တွေခံနိုင်ဖို့ မျက်နှာပြင်တစ်ခုလုံးကို Gorilla Glass 3 နဲ့ဖုံးအုပ်ပေးထားပါသေးတယ်။ စွမ်းဆောင်ရည်ပိုင်းမှာ ပါဝါသုံးစွဲနှုန်းနည်းပါးတဲ့ Snapdragon 636 ကိုအသုံးပြုထားပြီး RAM 3GB နဲ့ 4GB ဆိုပြီး ဗားရှင်းနှစ်မျိုးထွက်ပါတယ်။

ကင်မရာပိုင်းမှာတော့ အရမ်းကြီး ဂုဏ်ဖေါ်ပြောကြားခြင်းမရှိပေမယ့် အလယ်အလတ် အတန်းအစားဖုန်းတွေထဲမှာ အတော်လေးကောင်းမွန်တဲ့ ကင်မရာအရည်အသွေးမျိုးရရှိမှာပါ။ အနောက်ဘက် ကင်မရာ နှစ်လုံးတွဲ စနစ်ရဲ့ အဓိက ကင်မရာကတော့ 12MP ရှိတဲ့ ZEISS အမျိုးအစားဖြစ်ပြီး Aperture f/1.8 ရှိပါတယ်။ ဒုတိယ ကင်မရာကတော့ နောက်ခံအဝါး ပုံရိပ်တွေရိုက်ကူးဖို့အတွက် 5MP ရှိတဲ့ Depth Sensor အမျိုးအစားဖြစ်ပါတယ်။ အခုနောက်ပိုင်းထွက်ဖုန်းတွေမှာ နာမည်ကြီးနေတဲ့ Live Bokeh ဆိုတဲ့ Feature လေးပါဝင်ပြီး နောက်ခံအဝါးပုံတွေမှာ နောက်ခံဝါးတဲ့ ပမာဏကို စိတ်ကြိုက်ထားရှိနိုင်ပါတယ်။

တစ်ခြား Spec တွေကတော့ Battery ပမာဏ 3,060mAh ပါဝင်ပြီး 9V/2A 18W ရှိတဲ့ အားအမြန်သွင်းစနစ်ပါဝင်တယ်။ USB Type C ကိုမှ တစ်ခြားဖုန်းတွေကိုပါ အားပြန်သွင်းပေးနိုင်မယ့် Reversible Connector ပါဝင်မယ်။ အမေရိကားမှာ အောက်တိုဘာ ၅ ရက်နေ့မှာ အကြိုရောင်းချမှာဖြစ်ပြီး အွန်လိုင်းစတိုးတွေမှာတော့ နိုဝင်ဘာလ အစောပိုင်းမှ မှာယူနိုင်မှာပါ။ တန်ဖိုးအားဖြင့်တော့ မြန်မာငွေ ငါးသိန်းခွဲလောက်ရှိလို့ တစ်ခြား Price-to-Performance အချိုးအစား ကောင်းတဲ့ ဖုန်းတွေနဲ့ ယှဉ်ရင်တော့ စဉ်းစားစရာဖြစ်နေပေမယ့် Nokia ဆိုတဲ့ နာမည်နဲ့ Build Quality ဆိုတဲ့ မျက်နှာတွေကြောင့် အဆိုပါ ဈေးနှုန်းက လက်ခံနိုင်ဖွယ်ရာတော့ ရှိပါတယ်။

Ref: XDA News