BlackBerry ဟာ ယခင်တုန်းက Apple နဲ့အပြိုင် စမတ်ဖုန်းတွေထုတ်လုပ်နိုင်တဲ့ US အခြေစိုက်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ Android စမတ်ဖုန်းတွေရောင်းအားကောင်းလာတာနဲ့အတူ BlackBerry ဟာလည်း တဖြည်းဖြည်းအရှုံးပေါ်ခဲ့ပြီး စမတ်ဖုန်းတွေမထုတ်တော့ဘူးဆိုပြီး ကြေညာခဲ့ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Texas Startup ကုမ္ပဏီတစ်ခုဖြစ်တဲ့ OnwardMobility ကနေ BlackBerry ကို ပြန်လည်ဦးဆောင်နေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် BlackBerry အမှတ်တံဆိပ်ဟာ ပြန်လည်အသက်ဝင်လာတဲ့အပြင် လာမယ့် ၂၀၂၁ ခုနှစ်မှာ Android OS သုံးစမတ်ဖုန်းကိုပါ မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

အဆိုပါ BlackBerry ကနေ မိတ်ဆက်လာမယ့်စမတ်ဖုန်းဟာ 5G Support လည်းပါဝင်မှာဖြစ်သလို BlackBerry ဖုန်းတွေရဲ့ Trademark လို့တောင် ပြောနိုင်တဲ့ QWERTY Physical Keyboard လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ OnwardMobility ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Physical Keyboard ဟာ ယခင်တုန်းက BlackBerry ဖုန်းတွေရဲ့ Keyboard နဲ့လုံးဝကွာခြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

OnwardMobility ရဲ့ CEO ဖြစ်တဲ့ Peter Franklin ကတော့ BlackBerry စမတ်ဖုန်းအသစ်တွေဟာ Productivity ပိုင်းနဲ့ Security ပိုင်းကိုတင် အာရုံစိုက်သွားမှာမဟုတ်ဘဲ Camera ပိုင်းအရရော၊ တခြားသော Specification ပိုင်းတွေမှာပါ နေ့စဥ်အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီးဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ စျေးနှုန်းအနေနဲ့လည်း တခြားစျေးကွက်ထဲမှာရှိတဲ့ဖုန်းတွေနဲ့ အကောင်းဆုံးယှဥ်ပြိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် BlackBerry Brand နဲ့ စမတ်ဖုန်းတွေကို ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Ref – The Verge