Google ပိုင်တဲ့ Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ၁ စီးဟာ ဆန်ဖရန်စစ္စကိုမှာ စက်ဘီးသမား ၁ ယောက်ကို ဝင်တိုက်ခဲ့ပါတယ်။ ကံကောင်းတာက စက်ဘီးသမားဟာ ဒဏ်ရာ အနည်းငယ်ပဲရခဲ့ပါတယ်။ အဲဒီမတော်တဆမှု ဖြစ်ပြီးနောက်မှာ Waymo က ရဲဌာနနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေထံ ဆက်သွယ်ခဲ့ပြီး ဘာကြောင့် ကားတိုက်ခဲ့တာလဲဆိုတာ ရှင်းပြခဲ့ပါတယ်။

Waymo electric

Waymo ရဲ့ မောင်းသူမဲ့ ကားဟာ လမ်းစုံမှာ ရပ်နားထားခဲ့ပါတယ်။ တစ်ခြားလမ်းမှ ထရပ်ကား ၁ စီးက မောင်းသူမဲ့ ကားရှိတဲ့လမ်းထဲ ချိုးဝင်လာခဲ့ပါတယ်။ ပြဿနာက မောင်းသူမဲ့ ကားဟာ ထရပ်ကားပြီးရင် သူ့ အလှည့်လို့ ထင်ပြီး မောင်းထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ထရပ်ကားအနောက်က စက်ဘီးသမားကို မမြင်ခဲ့ဘဲ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

Waymo Plans to Launch Its Robotaxis in Los Angeles

မောင်းသူမဲ့ ကားက စက်ဘီးသမားကို အချိန်နောက်ကျမှ မြင်ခဲ့လို့ ဘရိတ်အုပ်ခဲ့ပေမယ့် မရှောင်လွှဲနိုင်ခဲ့ဘူးလို့ Waymo က ရှင်းပြပါတယ်။ စက်ဘီးသမားဟာ ဒဏ်ရာအနည်းငယ်ပဲရခဲ့တဲ့အတွက် ဆေးရုံ မသွားခဲ့ဘဲ အခင်းဖြစ်ရာကနေ ထွက်ခွာသွားပါတယ်။ အမှုဖွင့်တာမျိုးလည်း မရှိခဲ့ပါဘူး။

Waymo ဟာ ဆန်ဖရန်စစ္စကိုမှာ မောင်းသူမဲ့ တက္ကစီ များစွာနဲ့ ဝန်ဆောင်မှုပေးနေပြီး App ကနေ ကားငှားတာ၊ ကားခပေးတာတွေ ပြုလုပ်နိုင်ပါတယ်။ ကုမ္ပဏီဟာ လော့စ်အင်ဂျလိစ်မှာလည်း မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။

Ref : electrek