AC Milan ဟာ Fan Engagement နဲ့ Rewards App ဖြစ်တဲ့ Socios.com ကနေ NFTs Campaign ကို ပြုလုပ်ပေးတဲ့ ပထမဆုံး ဘောလုံး ကလပ်အသင်း ဖြစ်လာပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ တနင်္ဂနွေနေ့မှာ Limited Editon NFTs ပေါင်း ၁၀၀ ကို ရောင်းချပေးခဲ့ပြီး AS Roma နဲ့ ဘောလုံးပြိုင်ပွဲက AC Milan ရဲ့ အကြီးကျယ်ဆုံး ပုံရိပ်တွေကို NFTs အနေနဲ့ ဖန်တီးထားပါတယ်။ အဲဒီ NFTs တွေကို $ACM Fan Token Holder တွေကို လက်ဆောင်ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။

NFTs တွေကို ရယူဖို့အတွက် Fans တွေဟာ သူတို့ရဲ့ Socios.com Wallet မှာ အနည်းဆုံး $ACM Fan Token ၁၀ ခု ရှိဖို့လိုအပ်ပါတယ်။ AC Milan နဲ့ Socios.com တို့ ပူးပေါင်းမှုရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အခု အစီအစဉ်ကို ပြုလုပ်ပေးတာ ဖြစ်ပြီး AC Milan ဟာ Socios.com မှာ $ACM Fan Token တွေကို ရောင်းချပေးထားတာ ဖြစ်ပါတယ်။ AC Milan ဟာ နည်းပညာ အသစ်တွေကို စိတ်ဝင်စားတယ်ဆိုတာကို ပြသနေပြီး ကမ္ဘာအဝန်းက Fans ပေါင်း သန်း ၅၀၀ ကျော်နဲ့လည်း NFTs တွေကနေတစ်ဆင့် ပိုမိုထိတွေ့ဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။

SPORTS INDUSTRY FIRST: AC MILAN LAUNCH LIVE 'IN GAME' NFTs ON SOCIOS.COM | by Chiliz | Chiliz | Nov, 2021 | Medium

AC Milan ဟာ နောက်ပိုင်းမှာ NFTs တွေကို ဆက်လက် ရောင်းချမှာ ဖြစ်ပြီး အဲဒီအတွက်ကြောင့် Fan Token Holder တွေ ပိုမိုများပြားလာနိုင်ပါတယ်။ AC Milan ဟာ Fan Token တွေကို Socios.com App ကနေတစ်ဆင့် NFTs တွေ လက်ဆောင်ပေးမယ့် အစီအစဉ်တွေကို အနာဂတ်မှာ ပိုမို ပြုလုပ်ပေးလာနိုင်ပါတယ်။

NFTs တွေဟာ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ပိုင်ဆိုင်မှုကို Blockchain နည်းပညာ အသုံးပြုပြီး သက်သေခံပေးတာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ပစ္စည်းလို့ ဆိုရာမှာ ဓါတ်ပုံ၊ ပိုစတာ၊ ဗီဒီယို၊ ပန်းချီတို့လို အရာတွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ NFTs တွေကို စိတ်ဝင်စားမှုများပြားလာပြီး ထင်ပေါ်ကျော်ကြား လူသိများသူတွေအပါအဝင် ကုမ္ပဏီများစွာဟာ NFTs နယ်ပယ်ကို ဝင်ရောက်လာကြပါတယ်။ အခုတော့ AC Milan လို နာမည်ကြီး ဘောလုံးကလပ်ကပါ NFTs တွေကို ရောင်းချလာပါပြီ။

Ref : acmilan