Google ရဲ့ Chrome OS ကို အသုံးပြုထားတဲ့ Chromebook တွေဟာ Windows Laptop တွေကို ဝယ်ယူဖို့ မတတ်နိုင်တဲ့သူတွေနဲ့ သာမန် Web Browsing လောက်ကိုပဲ ပေါ့ပေါ့ပါးပါး အသုံးပြုချင်တဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google Chrome OS ဟာ Chromebook မှာတင်မဟုတ်တော့ပဲ Tablet အနေနဲ့ပါထုတ်လုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အခုထွက်ရှိလာမယ့် Chrome OS အသုံးပြုထားတဲ့ Tablet ကို Acer ကနေ ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ အခု Tablet ဟာ လူငယ်ပိုင်းနဲ ကလေးငယ်တွေကိုပဲ ဦးတည်ရောင်းချသွားမယ့်ပုံပါပဲ။

Google Chrome OS ဟာ Android OS နဲ့ ဆင်တူတယ်ဆိုပေမယ့် Web Based OS တစ်ခုလို့ ခေါ်ဆိုနိုင်တဲ့အတွက် အရာအားလုံးနီးပါးဟာ Internet ကနေပဲ အသုံးပြုရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Android Application တွေကိုလည်း အသုံးပြုနိုင်မယ်လို့ သတင်းတွေကြားနေရတဲ့အတွက် Android Tablet တွေအစား Chrome Tablet တွေက ပိုပြီးရွေးချယ်သင့်တဲ့ Tablet တွေလို့ ပြောလို့ရပါတယ်။

Acer ရော Google ဘက်ကရော Chrome OS ကို အသုံးပြုထားတဲ့ Tablet တွေကို ထုတ်လုပ်ဖို့ ရှိမရှိကို တရားဝင်ပြောကြားထားခြင်းမရှိသေးတဲ့အတွက် အခု Hands-on ဓါတ်ပုံတွေထွက်ရှိလာတဲ့ Acer Chrome OS Tablet ဟာ ဘယ်အချိန်မှာ ထွက်ရှိလာမယ်ဆိုတာကိုတော့ အတိအကျပြောနိုင်ခြင်းမရှိသေးပါဘူး။