Acer ကနေ Chromebook အသစ်တစ်မျိုးနဲ့အတူ ပထမဆုံး Google Assistant Smart Speaker ကိုပါ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီ Product အသစ်တွေထဲမှာ Acer Chromebook Spin 513 က ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဘာကြောင့်လဲဆိုရင် အဆိုပါ Acer Chromebook Spin 513 ဟာ မနှစ်တုန်းကမိတ်ဆက်ခဲ့တဲ့ Qualcomm Snapdragon 7c Chipset ကို ပထမဆုံးအနေနဲ့ အသုံးပြုထားတဲ့ Chromebook ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ Snapdragon 7c Chipset ဟာ Octa-core Kyro 468 CPU Core တွေအပြင် Adreno 618 GPU လည်းပါဝင်မှာဖြစ်ပါတယ်။


ကျန်တဲ့ Performance ပိုင်းမှာတော့ RAM 8GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ Wi-Fi Version အပြင် LTE Version ကိုပါ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ Display အနေနဲ့ကတော့ 13.3″ Full HD 360-degree Hinge ပါဝင်မှာဖြစ်ပြီး အလေးချိန်အနေနဲ့လည်း 1.2Kg ပဲရှိမှာဖြစ်ပါတယ်။ Port တွေအနေနဲ့ကတော့ USB-C ၂ ပေါက်၊ USB-A နဲ့ 3.5mm Headphone Jack တွေပါဝင်မှာဖြစ်သလို Battery အနေနဲ့လည်း ၁၄ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Acer Chromebook Spin 513 ကို Standard Model အနေနဲ့ $399.99 (မြန်မာငွေ ၅ သိန်းကျော်) ကနေ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Acer ကနေ နောက်ထပ် Halo နာမည်နဲ့ Google Assistant Smart Speaker ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ အဆိုပါ Halo Smart Speaker ဟာ RGB LED တွေအပြင် Optional LED Display ပါဝင်ပြီးတော့ 360-degree Sound Coverage ၊ DTS Support ၊ Far-field Mic ၂ လုံးလည်း ပါဝင်မယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ $109 ကျသင့်မှာဖြစ်ပြီး လာမယ့်နှစ်အစောပိုင်းမှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Android Authority