ဒီနှစ်အတွင်းမှာ Android ဂိမ်းပေါင်းများစွာထွက်ရှိခဲ့ပြီးတော့ အဲ့ဒီထဲကမှ File Size သေးငယ်ပြီး ဆော့ကစားရတာ လွယ်ကူပေမယ့် မဆော့ရမနေနိုင်အောင်စွဲလန်းစေခဲ့တဲ့ ဂိမ်း ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. Bouncy Hoops

Bouncy Hoops ကတော့ Basketball ဂိမ်းတစ်ခုဖြစ်ပြီး ပုံမှန်အတိုင်းပဲ ဘက်စကက်ဘောကစားသလိုမျိုးဆော့ကစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိမ်းကို စွဲလန်းစေတဲ့အချက်ကတော့ အချိန်သတ်မှတ်ချက်ရှိတဲ့အတွက် ၁ မိနစ်အတွင်းမှာ ဘယ်နှမှတ်ရလဲဆိုတာကို ကိုယ့်ဘာသာကို ယှဉ်ပြိုင်စေလို့ပဲဖြစ်ပါတယ်။

2. Circle Affinity

ဒီဂိမ်းကတော့ အခုလိုမျိုး အလားတူဂိမ်းမျိုး တခါမှကစားဖူးကြမှာမဟုတ်ဘူးလို့ တောင် ပြောလို့ရတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းရဲ့ ရည်ရွယ်ချက်က အခက်အခဲတွေကိုကျော်လွှာပြီး စက်ဝန်းတွေကို တစ်နေရာကနေ တစ်နေရာကို ရွေ့ကစားရမှာဖြစ်ပြီး ခက်ခဲတဲ့အတွက် ထပ်ခါထပ်ခါ ကစားမိစေနေမှာပါ။

ဒီဂိမ်းကတော့ အနီရောင်နဲ့ အပြာရောင် ဓါးနှစ်ချောင်းကိုင်ဆောင်ထားတဲ့ နင်ဂျာနေရာကနေကစားရမှာဖြစ်ပြီးတော့ ရန်သူအနီရောင်ကို အနီရောင်ဓါး၊ အပြာကောင်ကို အပြာရောင်ဓါးနဲ့ပဲ တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ဂိမ်းက စဉ်းစားရတာမျိုးမရှိပဲ လွယ်ကူတယ်ဆိုပေမယ့် အချိန်တိုင်းလိုလိုမှာ မသိစိတ်ကနေ ကစားမိနေမှာပါ။

4. Orble

ဒီဂိမ်းကတော့ အခုနကဂိမ်းနဲ့မတူညီပဲစဉ်းစားရတာရော၊ လက်ကလျှင်မြန်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ လုပ်ရမယ့်အလုပ်ကတော့ အတားအဆီးတွေဖြစ်တဲ့ အနီရောင်အလုံးတွေကို ရှောင်ရှားပြီး Orbit လမ်းကြောင်းအတိုင်း သွားရမှာဖြစ်ပါတယ်။

5. Really Bad Chess

ဒီ Chess ဂိမ်းကတော့ လုံးဝကစားဖူးမှာမဟုတ်တဲ့ Chess ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင်တော့ ပုံမှန်စည်းမျဉ်းအတိုင်းမဟုတ်ပဲ Queen မပါတဲ့ Chessboard ဒါမှမဟုတ် Knight တွေအများကြီးနဲ့ Chessboard ကို Random ပေးထားမှာဖြစ်တဲ့အတွက် ပရမ်းပတာနည်းနဲ့ ကစားရမှာပါ။ ကိုယ့်ရဲ့ Chess Skill ကိုလေ့ကျင့်ချင်တဲ့သူတွေကတော့ ဒီဂိမ်းကို စွဲလန်းမှာအသေအချာပါပဲ။