Adobe က နာမည်ကြီး Lightroom Software ရဲ့ Photo Editing မှာ AI Feature တွေကို ထည့်သွင်းပေးလိုက်ပါတယ်။ Adobe ဟာ AI Tools တွေကို သူ့ရဲ့ Software တွေမှာ ထည့်သွင်းပေးဖို့ ကြိုးစားနေပါတယ်။

အခု အသစ် ထည့်သွင်းပေးလိုက်တာက Generative Remove ဖြစ်ပြီး Adobe ရဲ့ AI Image Generator “Firefly” ရဲ့ စွမ်းရည်ကို အသုံးပြုထားပါတယ်။ ဓါတ်ပုံထဲက ဖျက်ချင်တဲ့ အရာတွေကို ရွေးချယ်ပေးလိုက်တာနဲ့ Lightroom က လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ AI က Background ကို လေ့လာဆန်းစစ်ပြီး ဖယ်ရှားလိုက်တဲ့ အရာတွေနောက်မှာ ရှိတဲ့ အရာတွေကို ဉာဏ်ရည်မြင့်စွာ ခန့်မှန်းပေးပါတယ်။ အဲဒီအတွက် မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားပြီးရင် ခြေရာလက်ရာ မကျန်ဘဲ သဘာဝကျစွာ လှပနေမှာ ဖြစ်ပါတယ်။ အဲဒီ Tool ကို Mobile , Desktop, Lightroom Classic နဲ့ Web Version မှာ အသုံးပြုနိုင်ပါတယ်။

Adobe

ဒုတိယ AI Feature က Background Blurring နဲ့ သက်ဆိုင်ပါတယ်။ Lens Blur Feature အသစ်မှာ Preset များစွာ ပါလာပြီး ကိုယ်တိုင် Parameter ကို ချိန်ညှိစရာ မလိုပါဘူး။ User တွေက သူတို့ လိုချင်တာနဲ့ အကိုက်ညီဆုံး Preset ကို ရွေးချယ်နိုင်ပါတယ်။ Lightroom က Blur Effect ကို အလိုအလျှောက် ပြုလုပ်ပေးသွားမှာပါ။

Adobe Lightroom gets its own AI eraser tool

Generative Remove နဲ့ Lens Blue ကို အသုံးပြုနိုင်ပြီ ဖြစ်ပြီး Photo Editing မကျွမ်းကျင်တဲ့လူတွေတောင် AI ရဲ့ အကူအညီနဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဓါတ်ပုံတွေကို ဖန်တီးနိုင်ပါပြီ။

Ref : gizmochina