Adobe က Project Music GenAI Control လို့ ခေါ်တဲ့ AI Tool တစ်ခုကို ပြသလိုက်ပါတယ်။ အဲဒီ AI က စာရိုက်ထည့်လိုက်တာနဲ့ တေးဂီတတွေ ဖန်တီးပေးနိုင်တဲ့အပြင် Edit လုပ်နိုင်ပါတယ်။ Generative AI ဟာ တကယ့်ကို အထင်ကရ ဖြစ်လာပါပြီ။

Adobe

Project Music GenAI Control ဟာ တေးဂီတတွေကို ဖန်တီးပေးနိုင်ရုံသာမက သင့် စိတ်ကူးအတိုင်း Tempo , Structure, Repetition နဲ့ Intensity တို့ကို ချိန်ညှိပေးနိုင်ပါတယ်။ ဒါ့အပြင် တေးဂီတ အရှည်ကို တိုးချဲ့တာ၊ Remix လုပ်တာနဲ့ Loop ဖန်တီးတာတို့ကို ပြုလုပ်နိုင်ပါတယ်။ သင့်မှာ ရှိတဲ့ တေးဂီတတွေကိုလည်း ပြုပြင်ပြောင်းလဲနိုင်ပါတယ်။

The best Text to Music AI Tool: Riffusion Transforms Text into Captivating Melodies - Tech news, tutorials & resources

တခြား AI Music Tool တွေနဲ့ မတူတာက Project Music GenAI Control ဟာ တိကျတဲ့  Editing စွမ်းရည်ပါရှိပါတယ်။ Apps များစွာကို ပြောင်းလဲ အသုံးပြုစရာ မလိုဘဲ အဲဒီ AI မှာ အလုပ်မျိုးစုံပြုလုပ်နိုင်ပါတယ်။

နာမည်ကြီး တက္ကသိုလ်တွေနဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Project Music GenAI Control ဟာ လက်ရှိမှာ စမ်းသပ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ User-friendly Interface ကိုလည်း တိုးတက်အောင်ပြုလုပ်နေတုန်း ဖြစ်ပါတယ်။ အနာဂတ်မှာ AI နဲ့ တေးဂီတတွေကို အဆင့်မြင့်မြင့် ဖန်တီးနိုင်တော့မှာပါ။

Ref : gizmochina