Samsung က ကုမ္ပဏီရဲ့ ဈေးအချိုဆုံး 5G ဖုန်း ဖြစ်တဲ့ Galaxy A32 5G ကို ဗြိတိန်မှာ နောက်လ ရောင်းချပေးတော့မှာပါ။ အဲဒီမတိုင်ခင် 4G ဖုန်း A Series ၂ လုံးကို အရင် ရောင်းမှာ ဖြစ်ပြီး အဲဒီ ၃ လုံးစလုံးမှာ ၆.၅ လက်မ 720p+ မျက်နှာပြင်၊ 15W Charging နဲ့ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားမှာပါ။

Samsung Galaxy A32 5G Leaked in High-quality Renders; Redesign With a Catch - WhatMobile news

Galaxy A32 5G ကို ၂၅၀ စတာလင်ပေါင် သတ်မှတ်ထားပြီး ၄ သိန်းခွဲလောက်ကျသင့်မှာပါ။ နောက်လ ၁၉ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး Awesome Black , White , Blue နဲ့ Violet အရောင်တွေ ထုတ်လုပ်ထားပြီး Dimensity 720 Chipset , 4GB RAM နဲ့ 64GB Storage တွေ ထည့်သွင်းထားပါတယ်။ microSD Slot ပါလာပြီး Android 11 အခြေပြု One UI 3.0 ပါပါတယ်.

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 13MP ကင်မရာ ၁ လုံး ထည့်သွင်းထားပြီး အရှေ့၊ အနောက် ကင်မရာတွေက 1080p 30fps ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

Galaxy A12 ကိုတော့ ဗြိတိန်မှာ ၁၇၀ စတာလင်ပေါင်နဲ့ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ၃ သိန်းလောက်ပဲ ကျသင့်ပါတယ်။ A12 မှာ Helio P35 Chipset , Android 10 , 4GB RAM နဲ့ 64GB Storage တွေ ထည့်သွင်းထားပြီး အနောက်ဘက်မှာ 48MP Main , 5MP Ulrawide နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာတွေ ပါလာပါတယ်။

Ref : gsmarena