Samsung က Galaxy S24 Ultra ကို ကြေညာလိုက်ပြီး ဒီဇိုင်းက S23 Ultra နဲ့ များစွာ တူပေမယ့် အလူမီနမ် အစား တိုက်တေနီယမ် Alloy ကို အသုံးပြုထားပါတယ်။ တိုက်တေနီယမ်ဟာ အလူမီနမ်ထက် ပိုမိုမာကျောပြီး ခြစ်ရာပိုခံနိုင်ပါတယ်။ အရှေ့နဲ့ အနောက်ကို Gorilla Glass Armor အသစ်နဲ့ ကာကွယ်ထားပါတယ်။ မျက်နှာပြင်ပြား တပ်ဆင်ထားတဲ့အတွက် Screen Protector ကပ်နိုင်ပါတယ်။

AI-focused Samsung Galaxy S24 Ultra brings new 5x camera, Snapdragon 8 Gen 3 - GSMArena.com news

6.8” QHD+ Dynamic AMOLED 2x မျက်နှာပြင် ပါလာပြီး 1Hz-120Hz Variable Refresh Rate ထောက်ပံ့ထားပါတယ်။ Peak Brightness က 2,600 Nits ဖြစ်ပြီး တိုးတက်လာတဲ့ Vision Booster ပါပါတယ်။

AI-focused Galaxy S24 Ultra brings a new 5x camera, Snapdragon 8 Gen 3

Galaxy S24 နဲ့ S24+ လို မဟုတ်ဘဲ Ultra အတွက် နိုင်ငံတိုင်းမှာ Snapdragon 8 Gen 3 ထည့်သွင်းထားပါတယ်။ Ultra မှာ ၂ ဆနီးပါးပိုကြီးတဲ့ Vapor Chamber ထည့်ထားတဲ့အတွက် အပူလျှော့ချပေးရာမှာ စွမ်းရည်မြင့်မားပါတယ်။

AI-focused Galaxy S24 Ultra brings a new 5x camera, Snapdragon 8 Gen 3

Chip အသစ်ဟာ AI လုပ်ဆောင်ချက်များစွာကို ထောက်ပံ့ပေးပါတယ်။ Live Translate, Interpreter နဲ့ Chat Assist က အသံနဲ့ စာသားတွေကို အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ပေးနိုင်ပါတယ်။ Android Auto က ဝင်လာတဲ့ စာတွေကို အကျဉ်းချုပ်ပြသပေးပြီး ပြန်ရမယ့် စာကို အကြံပြုပေးပါတယ်။

Samsung Notes မှာ Note Assist ထည့်သွင်းထားပြီး မှတ်စုတွေကို အကျဉ်းချုပ်ပေးတာ၊ Template တွေ ဖန်တီးတာတွေ ပြုလုပ်ပေးပါတယ်။ Transcript Assist က အသံ Recording တွေကို စာသားအဖြစ် ပြောင်းတာ၊ အကျဉ်းချုပ်ပေးတာနဲ့ ဘာသာပြန်တာတွေ လုပ်ပေးပါတယ်။

AI-focused Galaxy S24 Ultra brings a new 5x camera, Snapdragon 8 Gen 3

Galaxy S24 Ultra မှာ စွမ်းရည်မြင့် ကင်မရာတွေ တပ်ဆင်ထားပြီး 50MP 5x Telephoto (OIS) ကင်မရာ အသစ် ပါလာပါတယ်။ 200MP Wide Angle , 12MP Ultrawide (AF) နဲ့ 10MP Telephoto ကင်မရာတွေနဲ့  အားဖြည့်ထားပြီး အရှေ့ဘက်မှာ 12MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

AI အကြောင်းပြန်ပြောရရင် ProVision Engine ထည့်သွင်းထားပြီး ဓါတ်ပုံထဲက Object တွေကို ဖျက်နိုင်ကာ AI က ဖျက်လိုက်တဲ့ နေရာကို Generative Edit နဲ့ ဖြည့်ပေးပါတယ်။ Instant Slow-mo က ဗီဒီယိုမှာ အနှေးပြကွက်တွေ ချောမွတ်စေဖို့ အပို ဖရိမ်တွေ ထုတ်ပေးပါတယ်။

ပိုကောင်းလာတဲ့ OIS ကြောင့် Nightography ဟာ ပိုမို တိုးတက်လာပါတယ်။ Super HDR က ဓါတ်ပုံ မရိုက်ခင်မှာ ကင်မရာ App ရဲ့ Viewfinder မှာ HDR Preview ကို ပြသပေးပြီး Gallery မှာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို HDR နဲ့ ပြပေးပါတယ်။

Galaxy S24 Ultra မှာ 45W Wired နဲ့ 15W Wireless Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး 12GB RAM နဲ့ 256GB/512GB / 1TB Storage ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု One UI 6.1 မောင်းနှင်ထားပြီး ၇ နှစ်တောင် Software Update ရမှာပါ။

Titanium Gray, Titanium Black, Titanium Violet နဲ့ Titanium Yellow အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး 12/256GB မော်ဒယ်ကို ဒေါ်လာ ၁,၃၀၀ သတ်မှတ်ထားပါတယ်။

Ref : gsmarena