Apple က ဇွန်လ ၁၀ ရက်နေ့မှာ Worldwide Developers Conference (WWDC) ကို ကျင်းပမယ်လို့ ကြေညာထားပြီး ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိမယ့် iOS 18 ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။

What features will be supported by artificial intelligence in iOS 18? - iPhone Islam

Bloomberg ရဲ့ Apple အကြောင်း ကျွမ်းကျင်သူ Mark Gurman က iOS 18 ဟာ iPhone Software သမိုင်းမှာ ထူးခြားဆန်းသစ်မှု အရှိဆုံး ဖြစ်လာမယ်လို့ ပြောပါတယ်။ သူက iOS 18 ကို ဖန်တီးနေတဲ့ လူတွေထံကနေ ဒီသတင်းကို ရရှိခဲ့တာလို့ ပြောပါတယ်။

Apple ဟာ WWDC မှာ AI အကြောင်းပြောကြားမှာ ဖြစ်ပြီး အဓိကအားဖြင့် iOS 18 မှာ ထည့်သွင်းပေးထားမယ့် AI နည်းပညာတွေကို ကြေညာသွားမယ်လို့ Gurman က ပြောပါတယ်။ Apple ရဲ့ Marketing ဌာနမှ SVP ကလည်း နောက်လာမယ့် WWDC အကြောင်းကို တွစ်တာမှာ ပို့စ်တင်ထားပြီး “ Absolutely Incredible” လို့ ရေးသားထားပါတယ်။ အဲဒီ စကားလုံးရဲ့ ထိပ်ဆုံး စာလုံးတွေက AI ကို ဆိုလိုတာ ဖြစ်ပါတယ်။

Apple ဟာ iOS 18 မှာ လူတွေရဲ့ နေ့စဉ် ဘဝတွေကို အထောက်အကူပြုမယ့် AI Feature တွေကို ထည့်သွင်းပေးထားမယ်လို့ Gurman က ပြောပါတယ်။ ဒါပေမယ့် Apple ဟာ ကိုယ်ပိုင် AI Chatbot ကို မကြေညာနိုင်သေးပါဘူး။ Apple ဟာ Generative AI Service အတွက် Google နဲ့ OpenAI ထံကနေ အကူအညီယူဖို့ ဆွေးနွေးနေပါတယ်။

Ref : gsmarena