ဈေးကွက် လေ့လာတဲ့ IDC က ၂၀၂၄ ခုနှစ်မှာ တရုတ်မှာ PC ရောင်းအားဟာ အရင်နှစ်ကထက် ၃.၈ ရာခိုင်နှုန်း ပိုများလာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ AI PC တွေကို လူကြိုက်များမှု မြင့်မားလာတာနဲ့ ကပ်ရောဂါပြီးနောက် စီးပွားရေး ပြန်ကောင်းလာတာကြောင့် တရုတ်မှာ PC ရောင်းအား ပိုကောင်းလာမှာပါ။

Windows 11 2023 Update review: The rise of the AI PC | PCWorld

IDC က AI PC တွေဟာ ၂၀၂၄ ခုနှစ်မှာ ဈေးကွက်ဝေစု ၅၅  ရာခိုင်နှုန်းတောင် ပိုင်ဆိုင်ထားမှာ ဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ ၈၅ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ ပြောပါတယ်။ တရုတ်ရဲ့ AI နည်းပညာ ဖွံ့ဖြိုးအောင် လုပ်ဆောင်နေတာကြောင့် AI PC တွေ ကြီးစိုးလာမှာပါ။ ဒါ့အပြင် User တွေဟာ AI အလုပ်တွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ Hardware တွေကို ပိုမို နှစ်သက်လာကြပါတယ်။

ကမ္ဘာ့ PC ဈေးကွက်မှာ ဦးဆောင်နေတဲ့ Lenovo ဟာ AI PC Concept ကို မိတ်ဆက်ထားပြီး မကြာခင်က Lenovo Xiaoxin Pro AI Ultrabook 2024 ကို ကြေညာထားပါတယ်။ အဲဒီ PC ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။

Intel announces new Core Ultra CPU with AI processing engine coming in  December | TechRadar

AI PC တွေဟာ User အကြောင်း ပိုမိုနားလည်ပြီး Knowledge Database ကို ဖန်တီးပေးနိုင်ပါတယ်။ သဘောကတော့ User တွေကို များစွာ ကူညီပေးနိုင်ပါတယ်။ HP နဲ့ Acer တို့လို ကုမ္ပဏီတွေကလည်း ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း AI PC တွေ ရောင်းချဖို့ ကြိုးစားနေကြပါတယ်။

ထိပ်တန်း Chip ထုတ်လုပ်သူ Intel က ၂၀၂၅ ခုနှစ်မှာ PC သန်း ၁၀၀ ကျော်မှာ AI စွမ်းရည် ထည့်သွင်းပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် Intel, Lenovo , iQiyi တို့ဟာ AI PC ဈေးကွက်မှာ ပူးပေါင်းဖို့ သဘောတူညီထားကြပါတယ်။

Ref : gizmochina