IDC China က ထုတ်ပြန်တဲ့ AI PC Industry White Paper မှာ တရုတ်မှာ ဉာဏ်ရည်တု နည်းပညာ ပါတဲ့ AI PC ဈေးကွက်ဟာ ၂၀၂၄ ခုနှစ်မှာ ကြီးထွားလာမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၄ ခုနှစ်မှာ တရုတ်က PC အသစ်တွေရဲ့ ထက်ဝက်ကျော်ဟာ AI PC တွေ ဖြစ်လာမှာပါ။ ၂၀၂၇ ခုနှစ်အရောက်မှာ AI PC တွေဟာ ၈၁ ရာခိုင်နှုန်းအထိ ရှိလာမှာပါ။

MSI Releases AI Gaming Desktops, a Regular Gaming PC With AI Slapped On The Name | eTeknix

ကမ္ဘာ့ PC ဈေးကွက်မှာ ဦးဆောင်နေတဲ့ Lenovo ဟာ AI PC Concept ကို မိတ်ဆက်ထားပြီး မကြာခင်က Lenovo Xiaoxin Pro AI Ultrabook 2024 ကို ကြေညာထားပါတယ်။ အဲဒီ PC ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။

AI PC တွေဟာ User အကြောင်း ပိုမိုနားလည်ပြီး Knowledge Database ကို ဖန်တီးပေးနိုင်ပါတယ်။ သဘောကတော့ User တွေကို များစွာ ကူညီပေးနိုင်ပါတယ်။ HP နဲ့ Acer တို့လို ကုမ္ပဏီတွေကလည်း ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း AI PC တွေ ရောင်းချဖို့ ကြိုးစားနေကြပါတယ်။

Computerrepair-onsite.com's AI-Powered Transformation" - PC Evolution

ထိပ်တန်း Chip ထုတ်လုပ်သူ Intel က ၂၀၂၅ ခုနှစ်မှာ PC သန်း ၁၀၀ ကျော်မှာ AI စွမ်းရည် ထည့်သွင်းပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် Intel, Lenovo , iQiyi တို့ဟာ AI PC ဈေးကွက်မှာ ပူးပေါင်းဖို့ သဘောတူညီထားကြပါတယ်။

AI PC တွေဟာ ChatGPT နဲ့ Stable Diffusion တို့လို AI အလုပ်တွေကို လုပ်ပေးနိုင်ပါတယ်။ PC ထဲမှာပဲ အလုပ်လုပ်နိုင်ပြီး User Experience ပိုကောင်းလာမှာ ဖြစ်သလို ဒေတာ လုံခြုံရေး ပိုမြင့်မားလာမှာပါ။ AI PC ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် အဆင့် ၂ ဆင့် ရှိပါတယ်။ AI Ready က AI Chip ထည့်သွင်းထားတဲ့ PC တွေ ဖြစ်ပြီး AI On က စွမ်းရည်ပြည့်တဲ့ AI Model ဖြစ်ပါတယ်။ လက်ရှိမှာ AI PC အများစုဟာ AI Ready အဆင့်ပဲ ရှိပါသေးတယ်။ IDC က AI PC တွေဟာ တစ်ကိုယ်ရေသုံး ကွန်ပြူတာ ဈေးကွက်ကို တော်လှန်ဆန်းသစ်စေမှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ PC တွေမှာ AI ဟာ ပုံသေစံနှုန်းနဲ့ ပါလာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Ref: gizmochina