AIA အသက်အာမခံကုမ္ပဏီသည် ပိုမိုကျန်းမာသောလူမှုပတ်ဝန်းကျင်တစ်ခုကို ပံ့ပိုးပေးခြင်းဖြင့် ယခင်ကသာယာမှုအားနည်းသည့် နေရာအား Healthier, Longer, Better Lives Back Alley အဖြစ် အသက်သွင်းလိုက်သည်။

ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် AIA သည် လူမှုပတ်ဝန်းကျင်ပိုမိုကျန်းမာရေးကို အားပေးကူညီသောအားဖြင့် ၃၃ လမ်းနှင့် ၃၄ အထက်ရှိ နောက်ဖေးလမ်းကြားကို ထူးခြားဆန်းသစ်ပြီး လူအများသွားလာအပန်းဖြေနိုင်သည့် နေရာတစ်ခု အဖြစ် ပြန်လည်သန့်ရှင်းလှပစေရန် ရန်ကုန်မြို့တော်အတွင်းရှိ အသုံးမပြုသော အိမ်နောက်ဖေးနံရံများကို အနုပညာ‌‌မြောက် နေရာများအဖြစ် ဖန်တီးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Yangon Walls ကို ပံ့ပိုးကူညီထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခင်က အမှိုက်များနှင့် လျစ်လျူရှုခံထားရသည့် လမ်းကြားသည် ယခုအခါတွင် ကျန်းမာရေးလှုပ်ရှားမှုများ ဖြစ်သည့် အားကစားနှင့် ကခုန်ခြင်း အစရှိသည်တို့ကို ပြုလုပ်ဆောင်ရွက်နိုင်ပြီး အများသူငှာသွားလာ လည်ပတ် နိုင်သည့် ဆွဲဆောင်မှုရှိသော နေရာဝန်းကျင်တစ်ခုအဖြစ် တည်ရှိလျက်ရှိသည်။ မြို့တော်အတွင်း ပျားပန်းခပ် လှုပ်ရှားနေမှုများမှ ခေတ္တတိတ်တိတ်ဆိတ်ဆိတ်နေလိုသူများ အနားယူ၍ အမှတ်တရဓာတ်ပုံ ရိုက်ကူး နိုင်ရုံသာမက အ‌‌ရောင်အသွေးအစုံအလင်ဖြင့် ပုံဖော်ထားသည့် နောက်ဖေးလမ်းကြား၏ ဘေးပတ် လည် နံရံများရှိ အနုပညာမြောက်လှသည့် အပြင်အဆင်များသည်လည်း စိတ်ကူးဉာဏ် ကွန့်မြူးနိုင်ရန်လည်း အထောက်အကူပေးနိုင်သည့် နေရာတစ်ခုဖြစ်သည်။ ထို့ပြင် လစဥ် အခမဲ့အကသင်တန်းများ ကဲ့သို့သော လူတိုင်းပါဝင်နိုင်သည့် ပုံမှန်လှုပ်ရှားများကို စီစဥ်သွားမည်ဖြစ်သည်။

AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc) က “AIA အနေနဲ့ ပိုမို ကောင်းမွန်တဲ့ ဘဝနေထိုင်မှုပုံံစံကို မြှင့်တင်ပေးဖို့ စိတ်အားထက်သန်တဲ့အလျောက် သန့်ရှင်းတဲ့ပတ်ဝန်းကျင်ရှိဖို့ မဖြစ်အနေလိုအပ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ ဒီလမ်းကြားလေးကို အလွှာမျိုးစုံမှလူမျိုးစုံက အပေါင်းအသင်း၊ မိတ်ဆွေ၊ မိသားစုဝင်များနဲ့အတူတူ ကျန်းမာရေး အထောက်အကူပြု လှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်တဲ့ အများပိုင် နေရာလေးတစ်ခုအဖြစ် ကူညီဖန်တီး ပေးနိုင်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။ ကျွန်‌တော်တို့အနေနဲ့ Yangon Walls နဲ့အတူတကွ လက်တွဲပြီး မြန်မာပြည်သူရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ရေးဆိုတဲ့ AIA ရဲ့ကတိကဝတ်နဲ့အညီ လူအများ လွတ်လပ်စွာ သွားလာနိုင်ပြီး လှပသန့်ရှင်းတဲ့ နေရာတစ်ခု ဖန်တီး‌ပေးဖို့ ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ဝမ်း‌မြောက် ဂုဏ်ယူမိပါတယ်။” ဟု ပြောကြား ခဲ့သည်။

နောက်ဖေးလမ်းကြား ပြုပြင်ပြောင်းလဲရေးအတွက် ၃ လကြာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါစီမံချက်ပေါ် လူထု၏ စိတ်ဝင်စားမှုအခြေအနေကို သိရှိရန် လူမှုအသိုင်းအဝိုင်းမှ လူအများနှင့် Yangon Walls နှင့် AIA Myanmar တို့မှ ဆွေးနွေးမှုများပြုလုပ်ရာ တက်ကြွကောင်းမွန်သော တုန့်ပြန်မှုတို့ကို ရရှိခဲ့သည်။ ရက်သတ္တပတ် (၆)ပတ်ကြာမြင့်သည့် ငြမ်းဆင်ခြင်း၊ အသွင်သစ်ပြောင်းခြင်းနှင့် နံရံများတွင် ပန်းချီများ ရေးဆွဲခြင်းတို့ကို နာမည်ကျော် အနုပညာရှင်နှင့် Bart အပါအဝင် အနုပညာရှင် ၁၀ ဦးကျော်နှင့် အလုပ်သမား ၁၀ ဦးတို့ ပူးပေါင်းဆောင်ရွက်မှု မစတင်ခင် ကနဦး သန့်ရှင်းရေးပြုလုပ်မှုများကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် လုပ်ဆောင်ခဲ့သည်။ ထို့နောက် ၃ ပတ်မျှအချိန်ယူပြီး အကလေ့ကျင့်ရန် နေရာကိုလည်း အပြီးသတ် ပုံဖော်နိုင်ခဲ့သည်။ Yangon Walls ၊ နိုင်ငံတော်အစိုးရ၊ မြို့တော်စည်ပင် သာယာရေးအဖွဲ့အစည်းများနဲ့ လှုမှုအဖွဲ့အစည်းများစသည့် အသင်းအဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် AIA Myanmar သည် မြို့တော်များစည်ပင်ဝပြောအောင် လုပ်ဆောင်နိုင်ပြီး မြို့တော်သူ၊ မြို့တော်သားများ ပူးပေါင်းပါဝင်လာကာ ၎င်းတို့၏ စီးပွားဥစ္စာနှင့် ဘိုးဘွားအမွေအနှစ်များကို ကာကွယ်နိုင်မည်ဟု ယုံကြည်သည်။

Yangon Walls ၏ တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သူ Alex က “တစ်ချိန်က အသုံးပြုလို့ မရတဲ့နေရာ တစ်ခုကို ဖန်တီးမှုအားကောင်းကောင်းနဲ့ စွမ်းအားပြည့်နေရာတစ်ခုအဖြစ် အခုလို အံ့အားသင့်ဖွယ်ရာ ပြောင်းလဲမှုမှာ AIA Myanmar နဲ့ လက်တွဲပြီး အတူတကွပုံဖော်ခွင့်ရလို့ စိတ်လှုပ်ရှား မိပါတယ်။ ဒီအိမ်နောက်ဖေး လမ်းကြားနဲ့အတူ ရန်ကုန်မြို့ နေရာအနှံ့က တခြားသော စီမံကိန်းတွေက ဒီလိုလမ်းကြားတွေ ပိုမိုသန့်ရှင်းလာဖို့ အတွက် အနုပညာကနေတစ်ဆင့် မြို့နေလူထုကို ဆက်စပ်ပေးချင်တာပါပဲ။ ကျွန်မတို့အနေနဲ့ အသွင်သစ်ပြောင်းထားတဲ့ အိမ်နောက်ဖေး လမ်းကြားကို ခရီးသွားတွေအစ၊ ဒေသခံတွေ အဆုံး လာရောက် လည်ပတ်ပြီး ပြည်တွင်း အနုပညာရှင်တွေရဲ့ အားကစားအငွေ့အသက်တွေ အနုပညာ မြောက်တဲ့ ပုံဖော်မှုတွေနဲ့ နံရံပန်းချီလက်ရာတွေ ကနေတစ်ဆင့် အတွေးစိတ်ကူးဉာဏ်တွေလည်း ပိုမိုကွန့်မြူး နိုင်လိမ့်မယ်လို့ ယုံကြည် ပါတယ်။” ဟု စိတ်အား ထက်သန်စွာ ပြောကြားခဲ့သည်။

အသစ်တဖန် ပြန်လည်ဖန်တီးဆန်းသစ်ထားသည့် အိမ်နောက်ဖေးလမ်းကြား ဖြစ်ပေါ်လာမှု အထိမ်း အမှတ်အဖြစ် AIA Myanmar မှ ‘Ah Lan Sar Shot’ အမည်ရ အထူးဓာတ်ပုံပြိုင်ပွဲကို ကျင်းပလျက်ရှိသည်။ အဆိုပါပြိုင်ပွဲတွင် ၃၃ လမ်းနှင့် ၃၄ လမ်း (အထက်)ရှိ အိမ်နောက်ဖေးလမ်းကြားသို့ လာရောက် လည်ပတ်သူများမှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁၀ ရက်နေ့အထိ အမြင်ဆန်းသစ်သည့် ဓာတ်ပုံများကို ရိုက်ကူးပြီး (စည်းမျဥ်း၊ စည်းကမ်းများအတိုင်း) ၎င်းတို့၏ ဆိုရှယ်မီဒီယာများတွင် ဖော်ပြကာ ဆုများကိုရယူနိုင်မည့် အခွင့်အ‌ရေးကို ရရှိနိုင်ပါသည်။ စိတ်ဝင်စားသူများအနေဖြင့် ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ် အချက် အလက်များနှင့် လိုအပ်ချက်များကို သိရှိလိုပါက http://bit.ly/AhLanSarShot တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

လတ်တလောတွင် တရားဝင်ကုမ္ပဏီဖွင့်ပွဲပြုလုပ်ထားသည့် AIA Myanmar သည် မြန်မာနိုင်ငံ၏လူမှု အသိုင်းအဝိုင်းကို အကျိုးပြုသွားရန် ရည်ရွယ်ထားပြီး အနာဂတ်တွင် ပိုမိုထူးခြားသည့် လှုပ်ရှားမှုများလည်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။ လွန်ခဲ့သည့်လများကလည်း ရပ်ရွာအကျိုးပြု ဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့ပြီး AIA သည် English Premier League club ဖြစ်သော Tottenham Hotspur မှ နည်းပြများကို ခေါ်ယူ၍ ရန်ကုန်မြို့ရှိ ကလေးများကို ဘောလုံးအားကစားလေ့ကျင့် ပေးသည့် လှုပ်ရှားမှု ဖြစ်သည့် “AIA KICK!” ကိုလည်း စီစဉ် ဆောင်ရွက်နိုင်ခဲ့သည်။ AIA သည် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကို ကျင်းပသည့် အနေဖြင့် “AIA GO! FOR LIGHT” အမည်ရ 5km အပြေးပြိုင်ပွဲကို ကျင်းပခဲ့ပြီး ပုဂံရှိ လျှပ်စစ်မီးမရရှိသေးသော အိမ်ခြေ ၁၀၀ ကို လည်း ဆိုလာပြားများလှူဒါန်းနိုင်ခဲ့သည်။

“Healthier, Longer, Better Lives” အပြင် အခြားသော AIA Myanmar နှင့် ပတ်သက်သည့် လှုပ်ရှားမှု အကြောင်းအရာများကို ပိုမိုသိရှိလိုပါက AIA Myanmar ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/AIA.Myanmar.MM/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

Ref : AIA