[Zawgyi]
Airbnb ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဟော်တယ်၊ တည်းခိုခန်းနဲ့ အိမ်ယာတွေမှာ ငှားရမ်းနေထိုင်ဖို့အတွက် ကြားထဲကနေ အကျိုးဆောင်ပေးနေတဲ့ အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံတကာကုမ္ပဏီကြီး တစ်ခုဖြစ်ပါတယ်။ အခုတော့ Airbnb ဟာ လျို့ဝှက်ကင်မရာ ပြဿနာနဲ့ ခေါင်းမီးတောက်နေရပါပြီ။
ABC အဖွဲ့အစည်းရဲ့ သတင်းများအရ Airbnb အသိအမှတ်ပြု အိမ်ယာမှာ ငှားရမ်းနေထိုင်တဲ့ စုံတွဲဟာ သူတို့ရဲ့ အခန်းထဲမှာ လျို့ဝှက်ကင်မရာကို တွေ့ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း Airbnb နဲ့ပတ်သတ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဂါးဒန်းဂရို့မြို့တော်မှာ အလားတူဖြစ်ရပ်မျိုး ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လျို့ဝှက်ကင်မရာ ပြဿနာဟာ ဂါးဒန်းဂရို့မြို့တော်မှာ ရှိတဲ့ Airbnb အသိအမှတ်ပြု အိမ်ယာမှာ ဖြစ်ပွားခဲ့တယ်လို့ ယူဆရပါတယ်။
လျို့ဝှက်ကင်မရာနဲ့ ထိပ်ထိုက်တွေ့ရှိခဲ့သူ ၂ဦးဖြစ်တဲ့ Christian Aranda နဲ့ Alondra Salas တို့ဟာ သူတို့ရဲ့ တန်ဖိုးရှိလှတဲ့ ကိုယ်ပိုင်အချိန်တွေကို ၂ယောက်အတူတူ ဖြတ်သန်းဖို့အတွက် တိတ်ဆိတ်ငြိမ်သက်ပြီး အနားယူလို့ကောင်းမယ့် နေရာလေးကို ရှာဖွေခဲ့တာဖြစ်ကြောင်း ABC ကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာပဲ သူတို့ နေထိုင်တဲ့ အခန်းထဲမှာ လျို့ဝှက်ကင်မရာက ရှိနေခဲ့ပါတယ်။ ပိုဆိုးတာက အဆိုပါ လျို့ဝှက်ကင်မရာဟာ အိပ်ယာရဲ့ အထက်မှာရှိတဲ့ Smoke Detector ( မီးခိုးငွေ့ထွက်လျှင် အချက်ပေးသော ကိရိယာ) ထဲမှာ ထည့်သွင်းတပ်ဆင်ထားတာပါ။
Ref : DigitalTrends
[Unicode]
Airbnb ကနေ တစ်ဆင့် ငှားရမ်းတဲ့ ဟော်တယ်/တည်းခိုခန်းတွေမှာ လျိူ့ဝှက်ကင်မရာများ ရှိနေ
Airbnb ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဟော်တယ်၊ တည်းခိုခန်းနဲ့ အိမ်ယာတွေမှာ ငှားရမ်းနေထိုင်ဖို့အတွက် ကြားထဲကနေ အကျိူးဆောင်ပေးနေတဲ့ အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံတကာကုမ္ပဏီကြီး တစ်ခုဖြစ်ပါတယ်။ အခုတော့ Airbnb ဟာ လျိူ့ဝှက်ကင်မရာ ပြဿနာနဲ့ ခေါင်းမီးတောက်နေရပါြပီ။
ABC အဖွဲ့အစည်းရဲ့ သတင်းများအရ Airbnb အသိအမှတ်ပြု အိမ်ယာမှာ ငှားရမ်းနေထိုင်တဲ့ စုံတွဲဟာ သူတို့ရဲ့ အခန်းထဲမှာ လျိူ့ဝှက်ကင်မရာကို တွေ့ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း Airbnb နဲ့ပတ်သတ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဂါးဒန်းဂရို့မြို့တော်မှာ အလားတူဖြစ်ရပ်မျိူး ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လျိူ့ဝှက်ကင်မရာ ပြဿနာဟာ ဂါးဒန်းဂရို့မြို့တော်မှာ ရှိတဲ့ Airbnb အသိအမှတ်ပြု အိမ်ယာမှာ ဖြစ်ပွားခဲ့တယ်လို့ ယူဆရပါတယ်။
လျိူ့ဝှက်ကင်မရာနဲ့ ထိပ်ထိုက်တွေ့ရှိခဲ့သူ ၂ဦးဖြစ်တဲ့ Christian Aranda နဲ့ Alondra Salas တို့ဟာ သူတို့ရဲ့ တန်ဖိုးရှိလှတဲ့ ကိုယ်ပိုင်အချိန်တွေကို ၂ယောက်အတူတူ ဖြတ်သန်းဖို့အတွက် တိတ်ဆိတ်ငြိမ်သက်ပြီး အနားယူလို့ကောင်းမယ့် နေရာလေးကို ရှာဖွေခဲ့တာဖြစ်ကြောင်း ABC ကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာပဲ သူတို့ နေထိုင်တဲ့ အခန်းထဲမှာ လျိူ့ဝှက်ကင်မရာက ရှိနေခဲ့ပါတယ်။ ပိုဆိုးတာက အဆိုပါ လျိူ့ဝှက်ကင်မရာဟာ အိပ်ယာရဲ့ အထက်မှာရှိတဲ့ Smoke Detector ( မီးခိုးငွေ့ထွက်လျှင် အချက်ပေးသော ကိရိယာ) ထဲမှာ ထည့်သွင်းတပ်ဆင်ထားတာပါ။
တစ်ရက်မှာတော့ Aranda နဲ့ Salas တို့ ချစ်သူ ၂ဦးဟာ အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ် ချစ်ရည်လူးဖို့ ပြင်ဆင်ခိုက် အဆိုပါ ကင်မရာကို တွေ့ရှိသွားဟန် ပေါ်ပါတယ်။ အဲ့ဒီနောက် သူတို့ ၂ဦးက သက်ဆိုင်ရာဌာနကို တိုင်ကြားခဲ့ပါတယ်။ ဂါးဒန်းဂရို့မြို့တော်က ရဲအရာရှိကတော့ Smoke Detector အထဲမှာ လျိူ့ဝှက်ကင်မရာ ထည့်သွင်းတပ်ဆင်ထားတယ်ဆိုတာကို အတည်ပြုပေးခဲ့ပေမယ့်၊ စမ်းသပ်စစ်ဆေးကြည့်ရသလောက်တော့ အဆိုပါ ကင်မရာဟာ ကံကောင်းထောက်မစွာနဲ့ မှတ်တမ်းတင်မှု ပြုလုပ်မထားရသေးဘူးလို့ ယူဆကြောင်း ပြောကြားခဲ့ပါတယ်။
Airbnb ကတော့ လုံခြုံမှုနဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ဟာ သူတို့ အဖွဲ့အစည်းရဲ့ ပထမဦးစားပေး ဖြစ်ပြီး လျိူ့ဝှက်ကင်မရာတွေ မတပ်ဆင်ဖို့ တားမြစ်ထားတဲ့ စည်းကမ်းတွေလည်း ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Airbnb အနေနဲ့ ဂါးဒန်းဂရို့မြို့တော်က အိမ်ယာကို အသစ်အမှတ်ပြု အိမ်ယာအဖြစ်ကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပြီး Ms. Salas ကိုလည်း အစီရင်ခံတင်ပြထားတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး လျှော်ကြေးငွေ ပြန်ပေးလိုက်တယ်လို့ သိရပါတယ်။
Ref : DigitalTrends
(ဖော်ပြပါ ဓာတ်ပုံများသည် Christian Aranda နဲ့ Alondra Salas တို့၏ ပုံများ မဟုတ်ပါ)