Apple ရဲ့ AirPods Pro 2 ဟာ မကြာခင်မိတ်ဆက်တာ့မှာဖြစ်ပြီး ထုံးစံအတိုင်း Render တွေနဲ့အတူ အချက်အလက်အချို့လည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်က AirPods Pro 2 ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ဆောင်ချက်အကြောင်းပါပဲ။

AirPods Pro 2 မှာ H1 chip အတွက် System-in-Package (SiP) ပါဝင်ပြီး Adaptive active noise cancellation ထောက်ပံ့ထားပါတယ်။ SiP အသစ်ဟာ ပိုမိုမြင့်မားတဲ့ ပေါင်းစပ်မှုနဲ့ ပိုမိုကောင်းမွန်တဲ့ ထုတ်လုပ်မှုနည်းပညာ တွေကြောင့် အသံပိုင်းဆိုင်ရာမှာ ပိုကောင်းလာသလို ပါဝါခွဲဝေသုံးစွဲမှုကိုလည်း ပိုပြီးမြှင့်တင်ပေးပါတယ်။

အဆင့်မြှင့်ထားတဲ့ Find My လုပ်ဆောင်ချက်အပြင် Hearing Aid mode အသုံးပြုပြီး နှလုံးခုန်နှုန်းကို စောင့်ကြည့်ခြင်းနိုင်တာ ဖြစ်ပါတယ်။ ဒါဟာ Apple ရဲ့ အခုနောက်ပိုင်းခြေလှမ်းကြီးဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုကို ပိုပြီးအာရုံစိုက်လာတာ တွေ့နိုင်ပါတယ်။ Case မှာ USB-C ပေါက်ပါရှိပြီး အမြန်အားသွင်းနိုင်အောင်လည်း လုပ်ဆောင်ထားပါတယ်။

အသွင်အပြင်ကတော့ Render မှာ တွေ့မြင်ရတဲ့အတိုင်း AirPods Pro, AirPods 3 တို့နဲ့ ဆင်တူနေတာပါ။ မိသားစုဝင်တွေအချင်းချင်း တူညီတဲ့အသွင်အပြင်ရှိတယ်ဆိုတာကို ဖော်ပြနေတာပါ။ ဒါကြောင့် အရင်မျိုးဆက်နဲ့တူညီတဲ့ Pressure-sensitive buttons လည်း ပါရှိပါတယ်။ AirPods Pro 2 ဟာ Heart rate sensor ကို အသုံးပြုပြီး အပူချိန်ကို စောင့်ကြည့်မယ်ဆိုပေမဲ့ အမှန်တကယ်ရရှိမယ်၊ မရရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Hearing Aid function ဟာ မိုက်ခရိုဖုန်းပါရှိတဲ့ Case သစ်နဲ့တွဲဖက်ပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။ အသံကိုမြှင့်တင်ဖို့အတွက် နားကြပ်ဆီကို သူကြားတဲ့အရာထုတ်လွှင့်ပေးနိုင်ပါတယ်။ Find My လုပ်ဆောင်ချက်ကိုအသုံးပြုချိန်မှာ အသံတွေကိုဖွင့်နိုင်တဲ့စပီကာတစ်လုံးပါရှိတဲ့အတွက် Case ကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena