Apple ဟာ ယခုနှစ်ကုန်ပိုင်းမှာ လက်ရှိရောင်းချနေတဲ့ AirPods တွေအပြင် Wireless Headphones အသစ်ကိုပါ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ အဆိုပါ Headphone ဟာ Apple နာမည်နဲ့ထွက်ရှိလာတဲ့ ပထမဆုံး Product ဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အခုအချိန်မှာတော့ အဆိုပါ Apple Headphone အသစ်နဲ့ ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်တွေ ပေါက်ကြားလာခဲ့ပါတယ်။ ဒါကတော့ ယခင် Apple သတင်းတွေကို မှန်ကန်စွာခန့်မှန်းနိုင်ခဲ့တဲ့ Front Page Tech ရဲ့ Founder Jon Prosser ကနေ Headphone ရဲ့ နာမည်အပြင် စျေးနှုန်းပါ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါသတင်းအရ Apple ဟာ Headphone အသစ်ဖြစ်နေပေမယ့်လည်း AirPods Branding ကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပြီး “AirPods Studio” လို့ နာမည်ပေးထားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိ Beats Studio Headphone တွေနဲ့တောင် ဒီဇိုင်းပိုင်းဆင်တူလာဖို့များနေပါတယ်။

နောက်ထပ်စျေးနှုန်းအနေနဲ့ကတော့ $349 လို့ ပြောကြားခဲ့ပြီး အဆိုပါ စျေးနှုန်းဟာ လက်ရှိနာမည်ကြီး Sony WH-1000XM3 ၊ Bose 700 နဲ့ Microsoft Surface Headphones တွေနဲ့ ယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။ အဆိုပါ Headphones တွေလိုမျိုးပဲ Apple Headphone မှာလည်း Active Noise Cancellation (ANC) Feature ပါဝင်လာနိုင်ပြီးတော့ တခြားသော Feature တွေအနေနဲ့ ဘာတွေပါဝင်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Codename B515 လို့ နာမည်ပေးထားတဲ့ အဆိုပါ Apple AirPods Studio Headphone ဟာ iPhone 12 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

Ref – 9to5Mac