TCL ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Alcatel ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပြုလုပ်ခဲ့တဲ့ Mobile World Congress ပွဲမှာ စမတ်ဖုန်းအသစ်တွေကို ပြသပေးခဲ့ပြီး အခုအချိန်မှာ Android Go OS ကို အသုံးပြုထားတဲ့ Alcatel 1X ဖုန်းကို စတင်ရောင်းချနေပြီပဲဖြစ်ပါတယ်။

အခု Alcatel စမတ်ဖုန်းဟာ Quad Core MediaTek CPU ကို အသုံးပြုထားပြီး RAM အနေနဲ့ 1GB ပါဝင်မှာပဲဖြစ်ပါတယ်။ Display အနေနဲ့ 18:9 Ratio Display ကို အသုံးပြုထားတဲ့ 5.3″ HD+ Display ကို အသုံးပြုထားမှာဖြစ်ပြီးတော့ 2,460mAh Battery ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

အခု Alcatel 1X စမတ်ဖုန်းဟာ Android Go စမတ်ဖုန်းတစ်ခုဖြစ်တဲ့အတွက် Android Version 8.0 Oreo နဲ့ ထွက်လာမယ့်အတူ Storage ကိုလည်း 16GB ဒါမှမဟုတ် 32GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ကင်မရာအနေနဲ့တော့ Single Camera ကိုပဲ အသုံးပြုထားမှာဖြစ်ပြီးတော့ 12MP Back Camera နဲ့ 2MP Front Camera ပါဝင်မှာဖြစ်ပါတယ်။

Android Go ဖုန်းဟာ Google ကနေ RAM နည်းပါးတဲ့ Android ဖုန်းတွေမှာ ကောင်းကောင်းအသုံးပြုနိုင်အောင် ပြုလုပ်ထားတဲ့ OS တစ်ခုဖြစ်တဲ့အတွက် အခု Alcatel 1X ဖုန်းကလည်း Specifications အရနိမ့်တယ်ဆိုပေမယ့် စွမ်းဆောင်ရည်အရတော့ နှေးမှာမဟုတ်ပါဘူး။

အကောင်းဆုံးအချက်ကတော့ အခုလိုမျိုး Lastest Android Version ကို အသုံးပြုနိုင်မယ့် Alcatel 1X ဖုန်းကို ဒေါ်လာ ၁၀၀ အောက်နဲ့ ပဲရောင်းချသွားမှာဖြစ်ပါတယ်။