အသက် ၂၅ နှစ်အရွယ် လစ်ဇီအဲလ်ဖို့ဒ် ဆိုသူ အမျိုးသမီးဟာ စွန့်စားခရီးသွားရတာကို ပါသနာပါသူ ဖြစ်ပါတယ်။ အခုတော့ သူမဟာ လျှပ်စစ်ကားနဲ့  ကမ္ဘာ တစ်ပတ်ပတ်ပြီး ကမ္ဘာ့စံချိန်တင်လိုက်ပါတယ်။

May be an image of 1 person, car and text that says 'Ford'

သူမဟာ အဲဒီ ခရီးစဉ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှာ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှာတော့  အဆုံးသတ်နိုင်ခဲ့ပါတယ်။ Ford Explorer လျှပ်စစ်ကားနဲ့ တိုက်ကြီး ၆ တိုက်၊ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဖြတ်သန်းပြီး ကီလိုမီတာ ၃၀၀၀၀ ကျော် အကွာအဝေး ခရီးကို လျှပ်စစ်စွမ်းအင်တစ်မျိုးတည်းသုံးပြီး မောင်းနှင်ခဲ့တာပါ။

May be an image of 1 person, car, road and text

သူမဟာ အားသွင်းစက် မရှိတဲ့ နိုင်ငံတွေ၊ လမ်းမပေါက်တဲ့ နေရာတွေ၊ တောင်ကြားလမ်းတွေ စတဲ့ စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ပြီး အခုလို ကမ္ဘာ့ စံချိန်တင်နိုင်ခဲ့တာက ချီးကျူးစရာ ဖြစ်ပါတယ်။

လစ်ဇီအဲလ်ဖို့ဒ်ဟာ အသက် ၁၂ နှစ်သမီးအရွယ်ကတည်းက ကမ္ဘာ့ပတ်ဖို့ စိတ်ကူးခဲ့သူ ဖြစ်ပြီး မုန့်ဖိုးတွေကို စုဆောင်းထားခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အသက် ၂၁ နှစ်အရွယ်မှာပဲ ကမ္ဘာပတ်နိုင်တဲ အသက်အငယ်ဆုံး အမျိုးသမီး အဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ လျှပ်စစ်ကားနဲ့ ကမ္ဘာပတ်နိုင်တဲ့ စံချိန်ကိုပါ တင်နိုင်ခဲ့ပါတယ်။

Ref : Ford Media Center