[Zawgyi]

မၾကာခင္ကမွ ေၾကညာခဲ့တဲ့ OnePlus 7T ဟာ Fluid Display ပါတဲ့ ကုမၸဏီရဲ႕ ဒုတိယေျမာက္ ဖုန္း ျဖစ္ပါတယ္။ ေနာက္ထုတ္မယ့္ OnePlus Phone ေတြမွာလည္း အဲဒီ Display ေတြ ေဖာေဖာသီသီ ပါလာေတာ့မွာပါ။ ကုမၸဏီ ပူးတြဲတည္ေထာင္သူ Carl Pei က အနာဂတ္ထုတ္ OnePlus Phone အားလံုးမွာ Fluid Display ပါမယ္လို႔ ေၾကညာလိုက္ပါတယ္။

အဲဒီ Display ရဲ႕ အဓိက စြမ္းရည္က 90Hz Refresh Rate ပါ။ ဒါတင္မကေသးပါဘူး။ ထိေတြ႕မႈကို တုန္႔ျပန္ရာမွာ တျခား Android Phone ေတြထက္ ၃၈ ရာခုိင္ႏႈန္း ပုိျမန္ေအာင္ OnePlus က Software နဲ႔ Hardware ေတြကို အဆင့္ျမွင့္ တည္ေဆာက္ထားမွာပါ။ ဖုန္းကို ထိေတြ႕ သံုးတဲ့အခါမွာ အရမ္းကို ေခ်ာမြတ္ ျမန္ဆန္မွာပါ။   အထူးသျဖင့္ ဂိမ္း ကစားရင္ ဖလန္းဖလန္းထေနမွာပါ။

ကုမၸဏီက ပိုျမင့္တဲ့ Refresh Rate ရေစမယ့္ Hardware ေတြကို ဖန္တီးဖို႔ Qualcomm နဲ႔ ပူးေပါင္း အလုပ္လုပ္ေနပါတယ္။ အဲဒီ စနစ္က စြမ္းရည္ျမွင့္ဖို႔ လိုအပ္တာကို သိနားလည္ၿပီး UI ေတြ ေခ်ာမြတ္စြာ အလုပ္လုပ္ဖို႔ CPU Cores ကို အသိေပးႏိုင္ပါတယ္။ Pei က အဲဒီ Display အေၾကာင္း ေျပာေနတဲ့ ဗီဒီယိုကို ေအာက္မွာ ၾကည့္ပါ။ ( ၁၅:၁၈ မွာ ေျပာတာပါ။ )

OnePlus 7T ရဲ႕ Fluid Display ဟာ HDR10+ Support ပါတဲ့ AMOLED ျဖစ္ၿပီး အျမင့္ဆံုး Brightness က 1,000 nits ျဖစ္ပါတယ္။ 1080p+ Panel ျဖစ္ပါတယ္။ OnePlus 7 Pro မွာေတာ့ QHD+ Panel ထည့္ထားပါတယ္။

Ref : gsmarena

[Unicode]

အနာဂတ်ထုတ် OnePlus Phone အားလုံးမှာ Fluid Display- 90Hz Refresh Rate ပါမည်

မကြာခင်ကမှ ကြေညာခဲ့တဲ့ OnePlus 7T ဟာ Fluid Display ပါတဲ့ ကုမ္ပဏီရဲ့ ဒုတိယမြောက် ဖုန်း ဖြစ်ပါတယ်။ နောက်ထုတ်မယ့် OnePlus Phone တွေမှာလည်း အဲဒီ Display တွေ ဖောဖောသီသီ ပါလာတော့မှာပါ။ ကုမ္ပဏီ ပူးတွဲတည်ထောင်သူ Carl Pei က အနာဂတ်ထုတ် OnePlus Phone အားလုံးမှာ Fluid Display ပါမယ်လို့ ကြေညာလိုက်ပါတယ်။

အဲဒီ Display ရဲ့ အဓိက စွမ်းရည်က 90Hz Refresh Rate ပါ။ ဒါတင်မကသေးပါဘူး။ ထိတွေ့မှုကို တုန့်ပြန်ရာမှာ တခြား Android Phone တွေထက် ၃၈ ရာခိုင်နှုန်း ပိုမြန်အောင် OnePlus က Software နဲ့ Hardware တွေကို အဆင့်မြှင့် တည်ဆောက်ထားမှာပါ။ ဖုန်းကို ထိတွေ့ သုံးတဲ့အခါမှာ အရမ်းကို ချောမွတ် မြန်ဆန်မှာပါ။ အထူးသဖြင့် ဂိမ်း ကစားရင် ဖလန်းဖလန်းထနေမှာပါ။

ကုမ္ပဏီက ပိုမြင့်တဲ့ Refresh Rate ရစေမယ့် Hardware တွေကို ဖန်တီးဖို့ Qualcomm နဲ့ ပူးပေါင်း အလုပ်လုပ်နေပါတယ်။ အဲဒီ စနစ်က စွမ်းရည်မြှင့်ဖို့ လိုအပ်တာကို သိနားလည်ပြီး UI တွေ ချောမွတ်စွာ အလုပ်လုပ်ဖို့ CPU Cores ကို အသိပေးနိုင်ပါတယ်။ Pei က အဲဒီ Display အကြောင်း ပြောနေတဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ပါ။ ( ၁၅:၁၈ မှာ ပြောတာပါ။ )

OnePlus 7T ရဲ့ Fluid Display ဟာ HDR10+ Support ပါတဲ့ AMOLED ဖြစ်ပြီး အမြင့်ဆုံး Brightness က 1,000 nits ဖြစ်ပါတယ်။ 1080p+ Panel ဖြစ်ပါတယ်။ OnePlus 7 Pro မှာတော့ QHD+ Panel ထည့်ထားပါတယ်။

Ref : gsmarena