Apple ဟာ ယခုနှစ်အတွက် iPhone 14 Series ဖုန်းတွေမှာ Screen Size အသေးနဲ့ iPhone 14 mini အစား 6.7″ Display နဲ့ iPhone 14 Plus ကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒါကြောင့် Screen Size သေးငယ်တဲ့ Mini ဖုန်းတွေရဲ့ ခေတ်က ကုန်သွားပြီဆိုပြီး ယူဆလို့ရနိုင်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Google ကနေ လက်ရှိမိတ်ဆက်ထားပြီးဖြစ်တဲ့ Pixel 7 နဲ့ Pixel 7 Pro ဖုန်းတွေအပြင် Screen Size ပိုသေးတဲ့ Pixel 7 Mini ကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ Google ကနေ လက်ရှိ Codename Lynx နဲ့ Felix အမည်ရတဲ့ဖုန်း ၂ မျိုးကို စမ်းသပ်ဆောင်ရွက်နေပြီး Lynx ဟာ Pixel 7 Mini ဖုန်းဖြစ်လာမှာဖြစ်ပြီး Felix ကတော့ Pixel Foldable ဖုန်းဖြစ်လာနိုင်ပါတယ်။

အဆိုပါ သတင်းကို Android Researcher တစ်ဦးဖြစ်တဲ့ Kuba Wojciechowski ကနေ ပြောကြားခဲ့တာဖြစ်ပြီး Pixel 7 Mini ဖုန်းဟာ Samsung GN1 Main Camera နဲ့ Sony IMX787 Camera Sensor တွေကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ကတော့ Sony IMX712 Sensor ကို အသုံးပြုသွားမှာဖြစ်ပါတယ်။

Pixel 7 Mini ဟာ Processor ပိုင်းမှာတော့ Google ရဲ့ ကိုယ်ပိုင် Tensor G2 Chipset ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး 120Hz Full HD+ Display ၊ Wireless Charging တွေကို ထောက်ပံ့ပေးထားမှာဖြစ်ပါယ်။ ဒါပေမယ့် အဆိုပါ Pixel 7 Mini ဖုန်းရဲ့ Display Screen Size နဲ့ Design ပုံစံတွေကိုတော့ လက်ရှိအချိန်အထိ သိရှိရခြင်းမရှိသေးပါဘူး။

Ref – Gizmo China