Xiaomi ဟာ ၂၀၂၄ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း Xiaomi 14 Ultra ကို ကြေညာနိုင်ပါတယ်။ ဧပြီလမှာ ကြေညာမယ့် စွမ်းရည်မြင့် Xiaomi Pad 7 Series တက်ဘလက်တွေနဲ့အတူ ချပြနိုင်ပါတယ်။ မကြာခင်က Tipster Digital Chat Station က အဲဒီဖုန်းရဲ့ Battery အရွယ်အစားနဲ့ အားသွင်းနှုန်းတွေကို မျှဝေလိုက်ပါတယ်။

Xiaomi 14 Ultra will have a ridiculous battery capacity - GSMChina

DCS က လျှို့ဝှက်အမည် Venti ခေါ်တဲ့ Device ၁ လုံးမှာ 5,180mAh Battery ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ သူက အဲဒီ Device မှာ 90W Wired Charging နဲ့ 50W Wireless Charging ပါတယ်လို့ ပြောပါတယ်။

DCS က အဲဒီ Device ရဲ့ အမည်ကို မပြောပေမယ့် Xiaomi 14 Ultra ဖြစ်နိုင်ပါတယ်။ နှိုင်းယှဉ်ရရင် Xiaomi 13 Ultra မှာ 5,000mAh Battery နဲ့ 90W Wired , 50W Wireless Charging ထည့်သွင်းထားတာပါ။

Xiaomi 14 Ultra's Specifications Leaked Ahead Of Launch - Smartprix

DCS က မကြာခင်က Xiaomi 14 Ultra မှာ 50MP အနောက်ကင်မရာ ၄ လုံး ပါလာမယ်လို့ ပြောပါတယ်။ Main Sensor က 1-inch Sony LYT-900 ကင်မရာ ဖြစ်ပြီး f/1.6-f/4.0 Variable Aperture ထောက်ပံ့ထားမယ်လို့ သိရပါတယ်။ Native Focal Lengths ဟာ 0.5x,1x,3.2x နဲ့ 5x တို့ ဖြစ်ပါတယ်။

Xiaomi 14 နဲ့ 14 Pro တို့လိုပဲ 14 Ultra မှာ Snapdragon 8 Gen 3 ပါလာမှာဖြစ်ပြီး Android 14 အခြေပြု HyperOS မောင်းနှင်ထားမှာပါ။

Ref : gizmochina